သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗုဒ္ဓနေ့အတွက် ကန် သမ္မတနဲ့ သမ္မတကတော် နှုတ်ခွန်းဆက်

အမေရိကန်သမ္မတ Joe Biden နဲ့ သမ္မတကတော် Jay Biden
အမေရိကန်သမ္မတ Joe Biden နဲ့ သမ္မတကတော် Jay Biden

ကမ္ဘာတဝန်း ဗုဒ္ဓနေ့ဆင်နွဲကြတဲ့ ဗုဒ္ဓဘာသာဝင်တွေကို အမေရိကန်သမ္မတ Joe Biden နဲ့ သမ္မတကတော်တို့က နွေးထွေးစွာ နှုတ်ခွန်းဆက်ပါတယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်ပါတယ်။ အမေရိကန်ပြည်ထောင်စုအတွက် အများကြီးအကျိုးပြုကြတဲ့ ဗုဒ္ဓဘာသာဝင် အမေရိကန်တွေကို အသိအမှတ်ပြုတယ်လို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ ဗုဒ္ဓနေ့မှာ ဗုဒ္ဓမြတ်စွာဘုရား ဟောကြားတော်မူခဲ့တဲ့ အဆုံးအမတွေကို ပြန်လည်ဆင်ခြင်သုံးသပ်ကြဖို့အချိန်ဖြစ်တယ်လို့လည်း သမ္မတ Biden ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အိန္ဒိယနိုင်ငံမှာတော့ ဒီနေ့ကျရောက်တဲ့ ဗုဒ္ဓနေ့ အခမ်းအနားတွေကို ဗုဒ္ဓဘာသာဝင်တွေ အထွတ်အမြတ်ထားရာ ဗာရာဏသီ နဲ့ ဂါယာမြို့တွေမှာ ကျင်းပခဲ့ကြပါတယ်။ ဘီဟားပြည်နယ်၊ ဗုဒ္ဓဂါယာမှာတော့ ဗုဒ္ဓဘာသာဘုန်းကြီးတွေဟာ ဘုရားပွင့်ရာနေရာကို စီတန်းလမ်းလျှောက် သွားရောက်ခဲ့ကြပါတယ်။ ဗုဒ္ဓနေ့အခမ်းအနားမှာ မြန်မာ ၊ သီရိလင်္ကာ၊ ထိုင်း ဗီယက်နမ်၊ ကမ္ဘောဒီးယား နိုင်ငံတွေအပါအဝင် တခြား ဗုဒ္ဓဘာသာဝင်နိုင်ငံအတော်များများက သံဃာတော်တွေလည်း ပါဝင်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာတော့ မေလ ၂၂ ရက် မနေ့ ဗုဒ္ဓဟူးနေ့ဟာ ကဆုန်လပြည့်နေ့၊ ဗုဒ္ဓနေ့ဖြစ်ပါတယ်။ မြန်မာနဲ့ အိန္ဒိယအပါအဝင် အာရှတိုက်ထဲက ဗုဒ္ဓဘာသာဝင်နိုင်ငံတွေမှာ ဂေါတမမြတ်စွာဘုရားပွင့်တဲ့နေ့ကို အသီးသီး ကျင်းပကြတာမှာ နိုင်ငံတခုနဲ့တခု ကျင်းပတဲ့ရက်အနည်းငယ် ကွာခြားပါတယ်။

This item is part of

Forum

XS
SM
MD
LG