သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ လက်နက်ကိုင်လှုပ်ရှားမှုရှိနေ (ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး)

ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းတခု
ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းတခု

ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ လက်နက်ကိုင်အဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေကို တွေ့ရတယ်လို့ ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး အာဆာဒူဇာမန်ခန်း (Asaduzzaman Khan) က ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ် တရားဥပဒေစိုးမိုးရေး တာဝန်ရှိသူတွေက မူးယစ်ဆေးဝါး မှောင်ခိုတွေကို စီးနင်းဖမ်းဆီးမှုတွေမှာ မူးယစ်ဆေးဝါးတွေနဲ့ အတူ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိမှုတွေ ရှိတယ်လို့လည်း သူကပြောပါတယ်။

သောကြာနေ့က ကော့ဇ်ဘဇား Cox's Bazar ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို သွားပြီး ဒေသခံတာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီးနောက် သတင်းထောက်တွေကို အာဆာဒူဇာမန်ခန်းက အဲဒီလိုပြောကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းတွေမှာ ဖော်ပြပါတယ်။


ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတွေမှာ ဂိုဏ်းအဖွဲ့တွေက လူသစ်စုဆောင်းတာတွေ ကျယ်ကျယ်ပြန့်ပြန့်လုပ်နေတယ် ဆိုတဲ့ သတင်းတွေ ထွက်လာအပြီးမှာ ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးက လက်နက်ကိုင်အဖွဲ့တွေ လှုပ်ရှားနေတာရှိကြောင်း အခုလို ထုတ်ပြောလာတာ ဖြစ်ပါတယ်။

“ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံကို ပြန်မပို့နိုင်ရင် စခန်းတွေမှာ မငြိမ်မသက်မှုတွေ ဖြစ်ပေါ်လာနိုင်သလို နိုင်ငံတကာ အကြမ်းဖက်သမားတွေရဲ့ အချက်အချာ ဖြစ်လာနိုင်တယ်” လို့လည်း အာဆာဒူဇာမန်ခန်းက သတိပေးပါတယ်။

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတို့နေရပ်ပြန်ရေး ဘာကြောင့်နှောင့်နှေး
please wait

No media source currently available

0:00 0:07:24 0:00

လက်နက်နဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွေမှာ ရိုဟင်ဂျာ ဒုက္ခသည်စခန်းက လူတွေ အများအပြား ပါဝင် ပတ်သက်နေတယ်လို့ ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးက ပြောပြီး “လက်နက်နဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်သူတွေကို ဖော်ထုတ်ဖို့ ကြိုးစားနေပြီး လက်နက်ကိုင်သတ်ဖြတ်မှုတွေမှာ ပါဝင်ပတ်သက်သူတွေကို အရေးယူနိုင်ဖို့ အဓိကလုပ်ဆောင်နေတယ်” လို့ ဆိုပါတယ်။

ကော့ဇ်ဘဇား (Cox's Bazar)က အူခီးယား (Ukhiya) နဲ့ တက္ကနက်ဖ် (Teknaf)မှာ ဒုက္ခသည်စခန်း ၃၃ ခု ရှိပြီး စာရင်းသွင်းထားတဲ့ ရိုဟင်ဂျာဒုက္ခသည် ၁.၂၅ သန်း နေထိုင်နေပြီး လုံခြုံရေးအတွက် လက်နက်ကိုင်ရဲတပ်ရင်းဌာနချုပ် (APBn) တပ်ဖွဲ့ဝင် ၂,၃၀၀ ကျော် ချထားတယ်လို့ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်
This item is part of

Forum

XS
SM
MD
LG