သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကာလ အထူးအစိုးရအဖွဲ့ အစ္စရေးဝန်ကြီးချုပ် ဖျက်သိမ်း


ယခင်မှတ်တမ်းရုပ်ပုံ | အစ္စရေးနိုင်ငံ Ramat Gan မြို့ သတင်းစာရှင်းလင်းပွဲတခုအတွင်းတွေ့ရတဲ့ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu (ဇွန် ၈၊ ၂၀၂၄)
ယခင်မှတ်တမ်းရုပ်ပုံ | အစ္စရေးနိုင်ငံ Ramat Gan မြို့ သတင်းစာရှင်းလင်းပွဲတခုအတွင်းတွေ့ရတဲ့ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu (ဇွန် ၈၊ ၂၀၂၄)

အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က စစ်ကာလ အထူးအစိုးရအဖွဲ့ကို ဒီကနေ့ ဇွန်လ ၁၇ ရက်နေ့မှာ ဖျက်သိမ်းလိုက်ကြောင်း အစ္စရေးအစိုးရ တာဝန်ရှိသူ တယောက်က အတည်ပြု ပြောဆိုပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ အထူးအစိုးရအဖွဲ့ထဲက ဗိုလ်ချုပ်ကြီးဟောင်း Benny Gantz နုတ်ထွက်သွားပြီးတဲ့နောက် အခုလို ဖျက်သိမ်းလိမ့်မယ်ဆိုတာ အများက မျှော်လင့်ထားပြီး ဖြစ်ပါတယ်။
ဗိုလ်ချုပ်ကြီးဟောင်း Gantz ဟာ ဂါဇာစစ်ပွဲစတင်တဲ့ အောက်တိုဘာလအတွင်းမှာ ဝန်ကြီးချုပ် Netanyahu အစိုးရအဖွဲ့မှာ ပါဝင်ခဲ့ပြီး စစ်ကာလ အစိုးအဖွဲ့ ဖွဲ့စည်းဖို့ ဖိအားပေး ပြောဆိုခဲ့သူပါ။ အခု သူမပါတော့တဲ့အတွက် ဝန်ကြီးချုပ်ကလည်း ဒီအဖွဲ့ကို ဖျက်သိမ်းလိုက်တာ ဖြစ်ပါတယ်။
မနေ့ တနင်္ဂနွေနေ့တုန်းကတော့ ဂါဇာမှာရှိတဲ့ ပါလက်စတိုင်းတွေအတွက် စာနာမှုဆိုင်ရာ အကူအညီတွေ ပို့ပေးနိုင်ရေးအတွက် ရည်ရွယ်ပြီး ဂါဇာတောင်ပိုင်းက ၁၂ ကီလိုမီတာရှည်တဲ့ လမ်းတလျှောက် နည်းဗျုဟာအရ တိုက်ခိုက်မှုတွေ နေ့စဉ် တနေ့ကို ၁၁ နာရီ ယာယီ ရပ်ဆိုင်းပေးမယ်လို့ အစ္စရေးစစ်တပ်က ကြေညာခဲ့ပါတယ်။ ကြိုကြားပစ်ခတ်မှုတွေ ရှိနေပေမယ့် ယာယီပစ်ခတ်မှုတွေ ရပ်ဆိုင်းထားတဲ့ အစီအစဉ်ဟာ ဒီကနေ့ တနင်္လာနေ့အထိ ဆက်လက် တည်ရှိနေဆဲလို့ ဆိုပါတယ်။ အစ္စရေးနဲ့ ဟာမတ်စ်အကြား ရေရှည်တည်တန့်တဲ့ အပစ်အခတ်ရပ်စဲရေးအတွက် ဆွေးနွေးမှုတွေကတော့ အခုချိန်ထိ တိုးတက်မှု တစုံတရာ မရသေးပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG