သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥရောပသမဂ္ဂနဲ့ ကုန်သွယ်ရေးစစ် ဖြစ်နိုင်ခြေ တရုတ်သတိပေး


သတင်းထောက်များရဲ့ မေးမြန်းချက်ကို ဖြေကြားနေတဲ့ ဂျာမနီ စီးပွားရေးဝန်ကြီး Robert Habeck (June 21, 2024)
သတင်းထောက်များရဲ့ မေးမြန်းချက်ကို ဖြေကြားနေတဲ့ ဂျာမနီ စီးပွားရေးဝန်ကြီး Robert Habeck (June 21, 2024)

အခွန်ကောက်ခံမှုနဲ့ ပတ်သက်ပြီးဆွေးနွေးဖို့ ဂျာမနီ စီးပွားရေးဝန်ကြီး Robert Habeck တရုတ်နိုင်ငံ ဘေဂျင်းကို ရောက်လာချိန်မှာပဲ တရုတ်အစိုးရက သူတို့ရဲ့ လျှပ်စစ်ကားတင်ပို့မှုအတွက် အီးယူ ဥရောပသမဂ္ဂရဲ့ အခွန်တိုးမြှင့်ကောက်ခံမှုကနေ ကုန်သွယ်ရေးစစ်ပွဲ ဖြစ်လာနိုင်ခြေရှိနေတယ်လို့ သတိပေးလိုက်ပါတယ်။

ဒါဟာ တရုတ်လုပ် လျှပ်စစ်ကားတွေအတွက် အထူးထောက်ပံ့မှု ပေးထားတာကို ကာမိစေဖို့ အီးယူက အခွန်တိုးမြှင့် ကောက်ခံရေး အဆိုပြုခဲ့ချိန်ကစပြီး အခု အီးယူ အဆင့်မြင့်အရာရှိကြီးတဦးရဲ့ ပထမဆုံးအကြိမ်အဖြစ် တရုတ်နိုင်ငံ ၃ ရက် ခရီးစဉ် လာရောက်ခဲ့တာ ဖြစ်ပါတယ်။ ဒီကိစ္စအတွက် တရုတ်က တန်ပြန် အရေးယူလုပ်ဆောင်မှုတွေနဲ့ အတူ တရုတ်ခေါင်းဆောင်တွေဘက်က ဝေဖန်မှုတွေလည်း ထွက်ပေါ်လာနေတာပါ။

ဥရောပမှာ ဈေးကွက်ဖြန့်မယ့် တရုတ်လျှပ်စစ်ကား
please wait

No media source currently available

0:00 0:07:32 0:00

ဒီသီတင်းပတ်ထဲမှာတင် တရုတ်ကားလုပ်ငန်းရှင်တွေက ဥရောပလုပ် ဓါတ်ဆီသုံးကား တင်ပို့မှုတွေအတွက် အခွန် တိုးကောက်ခံဖို့ တရုတ်အစိုးရကို တိုက်တွန်းလာသလို တရုတ်အစိုးရကလည်း ဥရောပကော်မရှင်ရဲ့ အခုလို လုပ်ဆောင်မှုကို တုန့်ပြန်တဲ့အနေနဲ့ အီးယူရဲ့ ထွက်ကုန် တင်ပို့မှုကို ပိတ်ပင်လိုက်တာပါ။ အီးယူဘက်မှာ တာဝန် လုံးဝရှိကြောင်း တရုတ်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနပြောခွင့်ရက ကြေညာချက်ထုတ်ပြန် ပြောဆိုပါတယ်။

ဥရောပရဲ့ စီးပွားရေးအင်အား အကြီးမားဆုံး ဂျာမနီနိုင်ငံအနေနဲ့ တရုတ်ရဲ့လက်တုန့်ပြန်မှုဟာ ဂျာမနီစီးပွါးရေးကို ထိခိုက်မယ့် အန္တရာယ်ရှိနေတာဖြစ်ပြီး အခု ဝန်ကြီး Habeck ရဲ့ တရုတ်ခရီးစဉ်ကနေ အီးယူဘက်က ဘာကြောင့် အခုလို အခွန်တိုးမြှင့်ရတယ်ဆိုတာကို ရှင်းပြခွင့် ရနိုင်တယ်လို့ အများက ရှုမြင်ကြပါတယ်။

အခုလို အီးယူရဲ့ အခွန်တိုးမြှင့်မှုကို ဂျာမနီ ဦးဆောင်တဲ့ ကားလုပ်ငန်းရှင်တွေက ပြင်းပြင်းထန်ထန် ကန့်ကွက်နေကြတာဖြစ်ပြီး ဂျာမနီရဲ့ ပြောကြားမှုက သက်ရောက်မှု ကြီးမားနိုင်သလို တရုတ်ဘက်က ညှိနှိုင်းမှုတွေ လုပ်လာမယ်လို့ တွက်ထားတဲ့ ဂျာမနီက ဆွေးနွေးဖို့ တိုက်တွန်းနေတာ ဖြစ်ပါတယ်။ တရုတ်သတင်းမီဒီယာတွေမှာတော့ ဂျာမနီဝန်ကြီးရဲ့ ခရီးစဉ်ကနေ တင်းမာမှုတွေ လျော့ပါးဖို့ အခွင့်အလမ်း ရှိလာနိုင်တယ်လို့ ဖေါ်ပြပါတယ်။

ဥရောပသမဂ္ဂနဲ့ ကုန်သွယ်ရေးစစ် ဖြစ်နိုင်ခြေ တရုတ်သတိပေး
please wait

No media source currently available

0:00 0:00:29 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG