သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်မှုထမ်းဥပဒေအရ စုဆောင်းခံရသူ ပထမအသုတ် မကြာခင် စစ်မှုထမ်းရတော့မည်


နေပြည်တော်မှာကျင်းပတဲ့ ၇၈ ကြိမ်မြောက် တပ်မတော်နေ့အခမ်းအနားအတွင်း စစ်မှုထမ်းများကိုတွေ့ရစဉ် (မတ် ၂၇၊ ၂၀၂၃)
နေပြည်တော်မှာကျင်းပတဲ့ ၇၈ ကြိမ်မြောက် တပ်မတော်နေ့အခမ်းအနားအတွင်း စစ်မှုထမ်းများကိုတွေ့ရစဉ် (မတ် ၂၇၊ ၂၀၂၃)

မြန်မာစစ်ကောင်စီလက်ထက် လက်တွေ့ကျင့်သုံးနေတဲ့ စစ်မှုထမ်းဥပဒေအရ စုဆောင်းခဲ့တဲ့ တပ်သားသစ် ၅၀၀၀ လောက်ဟာ ဒီလကုန်မှာ စစ်သင်တန်းပြီးဆုံးတဲ့အခါ စတင်စစ်မှုထမ်းရတော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ပြီးခဲ့တဲ့ ဧပြီလမှာ ပထမသုတ်အဖြစ် သင်တန်းပေးခဲ့တဲ့ သူတွေဟာ လေ့ကျင့်ရေး ပြီးဆုံးတဲ့အခါ သက်ဆိုင်ရာ တပ်တွေကို စေလွှတ်ပြီး တာဝန်ပေးမှာဖြစ်ကြောင်း အမည်မဖော်လိုသူ စစ်ဖက်အသိုင်းအဝိုင်းကို ကိုးကားပြီး AFP သတင်းက ဖော်ပြပါတယ်။ ဒါပေမဲ့လည်း လက်တွေ့ တာဝန်ပေးရာမှာ သက်ဆိုင်ရာ တပ်မှူးတွေက ဆုံးဖြတ်လိမ့်မယ်လို့လည်း ပြောပါတယ်။

အရပ်သားအစိုးရကို အာဏာသိမ်း ဖယ်ရှားပြီး ၃ နှစ်အကြာမှာ အရွယ်ရောက်သူတွေ စစ်မှုထမ်းဖို့ ပြဌာန်းထားတဲ့ ဥပဒေကို လက်တွေ့ကျင့်သုံးမယ့်အကြောင်း စစ်ကောင်စီက ကြေညာခဲ့တာပါ။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံအနှံ့ ပေါက်ပေါက်နေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေမှာ စစ်ကောင်စီတပ်ဖွဲ့တွေ အထိအခိုက် အကျအဆုံး များပြားနေချိန်မှာပဲ စစ်မှုထမ်းဥပဒေကို လက်တွေ့ကျင့်သုံးဖို့ ကြေညာခဲ့တာလည်း ဖြစ်ပါတယ်။ အသက် ၁၈ နှစ်ကနေ ၃၅ ကြား အမျိုးသားတွေနဲ့ အသက် ၁၈ နှစ်ကနေ ၂၇ နှစ်ကြား အမျိုးသမီးတွေ မဖြစ်မနေ စစ်မှုထမ်းရမယ့် စစ်ကောင်စီရဲ့ အစီအစဉ်ကြောင့် လူငယ်လူရွယ် အများအပြားဟာလည်း ပြည်ပနိုင်ငံတွေကို ထွက်ခွာခဲ့ကြတာပါ။

စစ်မှုထမ်း ဥပဒေနဲ့ အကျုံးဝင်တဲ့ လူငယ် ၁၃ သန်းလောက် ရှိနေပေမဲ့ နှစ်စဉ် ၅ သောင်းလောက်သာ လေ့ကျင့်ပေးနိုင်တယ်လို့လည်း စစ်ကောင်စီပြောခွင့်ရက အရင်က ပြောထားဖူးပါတယ်။ စစ်မှုထမ်း ဥပဒေနဲ့ အကျုံးဝင်သူတွေထဲက တတိယအသုတ်အဖြစ် တပ်သားသစ် ၅၀၀၀ ကို လေ့ကျင့်ဖို့ အသင့်ဖြစ်နေပြီလို့လည်း စစ်တပ်နဲ့ နီးစပ်သူ အသိုင်းအဝိုင်းက ပြောပေမဲ့ စစ်ကောင်စီကတော့ တရားဝင် သတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

စစ်မှုထမ်းဥပဒေအရ စုဆောင်းခံရသူ ပထမအသုတ် မကြာခင် စစ်မှုထမ်းရတော့မည်
please wait

No media source currently available

0:00 0:01:31 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG