သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဏာစွန့်ရေး နားချဖို့ ဦးသိန်းစိန်ကို တရုတ်တိုက်တွန်း


ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး(၅)ရပ် ချမှတ်ခြင်း နှစ် ၇၀ ပြည့်အခမ်းအနားပြင်ပ၌ သမ္မတ(ငြိမ်း) ဦးသိန်းစိန်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi တို့တွေ့ဆုံ။
ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး(၅)ရပ် ချမှတ်ခြင်း နှစ် ၇၀ ပြည့်အခမ်းအနားပြင်ပ၌ သမ္မတ(ငြိမ်း) ဦးသိန်းစိန်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi တို့တွေ့ဆုံ။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အာဏာစွန့်လွှတ်ဖို့ နားချပေးရေး သမ္မတဟောင်း ဦးသိန်းစိန်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က ပြီးခဲ့တဲ့ ဇွန်လကကုန် တိုက်တွန်းခဲ့တဲ့အကြောင်း စင်္ကာပူ အခြေစိုက် Channel News သတင်းမှာ ဖေါ်ပြပါတယ်။

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး လမ်းဖွင့်ပေးတဲ့အနေနဲ့ ကြားဖြတ်အစိုးရ အဖွဲအစည်းတခုဖွဲ့စည်းပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အာဏာစွန့်လွှတ်ဖို့ နားချပေးရေး သမ္မတဟောင်း ဦးသိန်းစိန်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က ပြီးခဲ့တဲ့ ဇွန်လကကုန် တိုက်တွန်းခဲ့တဲ့အကြောင်း စင်္ကာပူ အခြေစိုက် Channel News Asia သတင်းမှာ ဖေါ်ပြပါတယ်။

အများပြည်သူမြင်ကွင်းမှာ တွေ့ရနည်းတဲ့ အရင် စစ်အစိုးရခေတ် ဝန်ကြီးချုပ်ဟောင်းလည်းဖြစ်၊ ၂၀၁၀ ခုနှစ် အရပ်သားတပိုင်း အစိုးရခေတ်မှာ သမ္မတလုပ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်ဟာ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး(၅)ရပ် ချမှတ်ခဲ့တဲ့ နှစ်(၇၀) ပြည့် အထိမ်းအမှတ်အခမ်းအနား တက်ရောက်ဖို့ ဇွန်လကုန်က တရုတ်နိုင်ငံကို သွားရောက်ခဲ့ပါတယ်။

ခရီးစဉ်အတွင်း အခမ်းအနားအစီအစဉ် ပြင်ပမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi နဲ့ တွေ့ဆုံတဲ့အကြောင်း၊ နှစ်နိုင်ငံ ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေကို ရင်းရင်းနှီးနှီး ဆွေးနွေးကြတဲ့အကြောင်း တရားဝင် သတင်းတွေမှာ ဖေါ်ပြပါတယ်။

ပြီးခဲ့တဲ့ဇွန်လကုန်မှာပြီးဆုံးခဲ့တဲ့ စစ်ဗိုလ်ချုပ်နဲ့ သမ္မတအငြိမ်းစားဦးသိန်းစိန်ရဲ့ တရုတ်ပြည်ခရီးစဉ်။ (စစ်ကောင်စီသတင်းပြန်ကြားရေး)
ပြီးခဲ့တဲ့ဇွန်လကုန်မှာပြီးဆုံးခဲ့တဲ့ စစ်ဗိုလ်ချုပ်နဲ့ သမ္မတအငြိမ်းစားဦးသိန်းစိန်ရဲ့ တရုတ်ပြည်ခရီးစဉ်။ (စစ်ကောင်စီသတင်းပြန်ကြားရေး)

ဦးသိန်းစိန် တရုတ်နိုင်ငံ သွားရောက်တဲ့အချိန်ဟာ ဇန္နဝါရီလ တရုတ်နိုင်ငံက ကြားဝင်စေ့စပ်ပေးတဲ့ အပစ်အခတ်ရပ်စဲရေး ပျက်ပျယ်ပြီး နယ်စပ်နဲ့နီးစပ်တဲ့ နေရာတွေမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ထိုးစစ်ကို မြန်မာ စစ်တပ်က အပြင်းအထန် ခုခံနေရတဲ့၊ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ အချိန်ဖြစ်ပါတယ်။

ဉီးသိန်းစိန်ရဲ့ ခရီးစဉ်နဲ့ ပတ်သက်လို့ ဝေဖန်သုံးသပ်ချက်တွေလည်း အမျိုးမျိုး ထွက်ပေါ်ခဲ့ပါတယ်။ ဇူလိုင်လဆန်းမှာတော့ မြန်မာစစ်ကောင်စီ ဒုခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း တရုတ်ဦးဆောင်ဖွဲ့စည်းထားတဲ့ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ရဲ့ အစိမ်းရောင်ဖွံဖြိုးတိုးတက်ရေးဖိုရမ်ကို တက်ရောက်ဖို့ တရုတ်နိုင်ငံကို သွားရောက်ပါတယ်။

တရုတ်နိုင်ငံဟာ မြန်မာစစ်တပ်ကို ထောက်ခံအားပေးတဲ့ မူကို ပြောင်းလဲမှာ မဟုတ်ဘဲ၊ ဗဟိုချုပ်ကိုင်တဲ့ အစိုးရတရပ် အာဏာစွဲကိုင်ဖို့ကို လိုလားတဲ့အကြောင်း၊ ဒါပေမဲ့လည်း လက်ရှိအခြေအနေကနေ ပြုပြင်ပြောင်းလဲရေးကို တွန်းအားပေးနေတဲ့အကြောင်း Channel News Asia မှာ ဆောင်းပါးရှင် Leong Wai Kit က တရုတ်နိုင်ငံနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေကို ကိုးကားပြီး ရေးသားထားပါတယ်။

Forum

XS
SM
MD
LG