သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီ ငြိမ်းချမ်းရေး ဆွေးနွေးမယ့် အစီအစဉ်အပေါ် သုံးသပ်ချက်


၇၉ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနား (မတ် ၂၇၊ ၂၀၂၄)
၇၉ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနား (မတ် ၂၇၊ ၂၀၂၄)

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအနှံ့ လက်နက်ကိုင် ပဋိပက္ခတွေ ကြီးထွားလာနေချိန်မှာပဲ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးဖို့ စစ်ကောင်စီအကြီးအကဲက ပြောလိုက်ပါတယ်။ ဒါပေမဲ့လည်း လတ်တလော တရားဝင် ကမ်းလှမ်းမှုမျိုးတော့ မရှိသေးဘူးလို့လည်း NCA အပစ်ရပ် လက်မှတ်ထိုးထားတဲ့ ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ ALP ကပြောပါတယ်။ငြိမ်းချမ်းရေး ဆွေးနွေးမယ့် အလားအလာအပေါ် သဘောထားအမြင်တွေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို မခင်လေး တင်ပြထားပါတယ်။

ငြိမ်းချမ်းရေးစာချုပ် လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားအဖွဲ့တွေ၊ နိုင်ငံရေးပါတီတချို့နဲ့ တွေ့ဆုံ ဆွေးနွေးမယ်လို့ ပြီးခဲ့တဲ့ ဇွန် ၇ ရက်နေ့ က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေးမှာ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က ပြောဆိုခဲ့တာဖြစ်ပါတယ်။ ဘယ်နေ့ဘယ်သူတွေနဲ့ ဘယ်လိုဆွေးနွေးမလဲဆိုတာကိုတော့ ပြောဆိုခဲ့တာမရှိပါဘူး။ ငြိမ်းချမ်းရေးအတွက်ဆိုကာ အာဏာသိမ်းပြီးနောက်ပိုင်းမှာ NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့ တွေနဲ့ နေပြည်တော်မှာတွေ့ဆုံမှုတွေ လုပ်ခဲ့ပေမယ့် အကျိုးရလဒ်ထွက်ပေါ်ခဲ့တာမရှိပါဘူး။ လတ်တလောမှာတော့ ပြည်တွင်းမှာ တဖြေးဖြေးစစ်ဘောင်ပိုကျယ်လာသလို ရခိုင်၊ ကချင်ဘက်မှာ စစ်ရေးတင်းမာလာနေတာပါ။

နေရာအနှံ စစ်ဘောင်ကျယ်လာချိန်မှာ ငြိမ်းချမ်းရေးစာချုပ် လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား အဖွဲ့ တွေ၊ နိုင်ငံရေးပါတီတချို့နဲ့ တွေ့ဆုံကာငြိမ်းချမ်း ရေးအတွက် ဆွေးနွေးဖို့ပြင်ဆင်နေတယ်လို့ စစ်ခေါင်း ဆောင်ပြောဆိုနေပေမယ့် လက်တွေ့မှာတော့ NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့ တွေကို ဆွေးနွေး ဖို့ဖိတ်ကြားထားတာမရှိသေးဘူးလို့ NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေထဲက ရခိုင်ပြည်လွတ် မြောက် ရေး ပါတီ ALP ဥက္ကဋ္ဌ စောမြရာဇာလင်းကပြောပါတယ်။

"ဖိတ်စာတော့မရောက်သေးဘူး။ ကျမတို့ကပြည်သူကိုလည်းသစ္စာမဖောက်ဘူး။ ပြည်ကိုလည်းသစ္စာမ ဖောက်ဘူး။ NCA အပေါ်မှာလည်းသစ္စာမဖောက်ဘူး။ ဒါကြောင့်လည်းဒီစာချုပ်ကိုကိုယ်ကိုတိုင်က လက်မှတ်ရေးထိုးထားတာဖြစ်တယ်။ ကိုယ်ကိုတိုင်ကစောင့်သိရမယ့်ကိစ္စတွေအကုန်စောင့်သိတယ်။ ရ ခိုင်ပြည်နယ်ကိုလည်းတည်တည်ငြိမ်ငြိမ်နဲ့အေးချမ်းသွားမယ့်အခြေအနေတခုကို ရောက်စေချင်တဲ့ဆန္ဒ ကကိုယ့်မှာအပြည့်ရှိတယ်။ ကျမတို့တွေ့ဆုံဆွေးနွေးတဲ့အခါမှာလည်းဘဲ ကျမတို့ဆွေးနွေးမှုဟာအပေါ် ယံကျောမဖြစ်သင့်တော့ဘူးဆိုတာအမြဲအကြံပေးတယ်။ နောက်လဲဒီအကြံကိုပေးမှာပါ။ လေးနက်မှုရှိရ မယ် ဆွေးနွေးမှုကိုဒီထပ်အဆင့်မြင့်ဖို့လိုတယ်။ ကျမတို့ဆွေးနွေးတာက ဘာသာရပ်ကိုလာဆွေးနွေး လိုက်ခဏနဲ့ပြန်သွားလိုက် မဖြစ်သင့်တော့ဘူးလို့ဘဲကျမမြင်တယ်။"

စစ်ကောင်စီခေါင်းဆောင်ကတော့ ရှေ့လုပ်ငန်းစဉ် တတိယအချက်ဖြစ်တဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA)နှင့်ပတ် သက်လို့ စာချုပ်ပါသဘော တူညီချက်များအတိုင်း ဆောင်ရွက်လျက်ရှိသလို သဘောတူစာချုပ်လက်မှတ်ရေး ထိုးထားတဲ့ တချို့တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တွေနဲ့ ယာယီအပစ် အခတ်ရပ်စဲရန်သဘောတူညီထားတဲ့ လက်နက်ကိုင်အဖွဲ့တွေဘက်က သဘောတူညီ ချက်များအပေါ် ချိုးဖောက်လာမှုတွေရှိတယ်လို့ စွပ်စွဲပြောဆိုထားပါတယ်။ စစ်ကောင်စီ က အခြေအနေတွေအပေါ်ထိန်းထိန်း သိမ်းသိမ်း ဆောင်ရွက်လျက်ရှိပြီး ခုခံကာကွယ်တာကလွဲရင် တိုင်းရင်းသားတပ်စခန်းတွေကို တိုက်ခိုက်တာတွေ မလုပ်ခဲ့ဘူးလို့ ပြောဆိုထားပါတယ်။

စစ်ပွဲတွေကျယ်ပြန့်လာချိန်မှာ ငြိမ်းချမ်း ရေးစာချုပ် လက်မှတ်ထိုးထားတဲ့ တိုင်းရင်း သားအဖွဲ့တွေ၊ နိုင်ငံရေးပါတီတချို့နဲ့ တွေ့ဆုံကာငြိမ်းချမ်း ရေးအတွက် ဆွေးနွေးဖို့ ပြင်ဆင်နေတဲ့ စစ် ခေါင်းဆောင်လုပ်ဆောင်ချက်က ဟန်ပြသက်သက်သာဖြစ်ပြီး ဆွေးနွေးမှုတွေကလည်း ထိရောက်တဲ့ ပြောင်းလဲမှုတွေဖြစ်လာမှာမဟုတ်ဘူးလို့ မြန်မာ့နိုင်ငံရေးငြိမ်းချမ်းရေးလေ့လာသုံးသပ်သူတဦးက အခု လိုမှတ်ချက်ပေးပါတယ်။

"ငြိမ်းချမ်းရေးဆွေးနွေးတယ် နိုင်ငံရေးဆွေးနွေးတယ်ဆိုတာတွေက ကြားကောင်းအောင်ဝါဒဖြန့်လို့ရ အောင် အသက်ဆက်လို့ရအောင် NCA တို့ တိုင်းရင်းသားလက်နက်ကိုင်တို့နဲ့ဆွေးနွေးတယ်တို့ လမ်း ကြောင်းတွေဖော်ထားတာကို ဆက်ထိန်းထားတာပေါ့။ ဒါတွေကအကျိူးရှိရင်ရှိမယ်။ တချိန်မှာအသုံး တည့်ရင်တည့်မယ် တည့်ချင်မှလည်းတည့်မယ် ဒါကအလားအလာအရထူးထူးခြားခြားဖြစ်လာနိုင်စရာ မရှိသေးဘူး။ ဆိူတော့နိုင်ငံတကာကလည်းမှန်းတော့မှန်းတယ်ပေါ့။ စစ်တပ်အားနည်းလာချိန်မှာ ဆွေး နွေးမှုအခွင့်ကောင်းဆိုပေမယ့် တကယ်တကယ် ကျတော့သိပ်အကြပ်အတည်းဘယ်လိုမှ မခံနိုင်တဲ့ အကြပ်အတည်းမျိုးတွေ့မှဘဲ ဒီဆွေးနွေးတဲ့လမ်းကြောင်းကအလုပ်ဖြစ်မယ်။ နို့မို့ကတော့တိုက်နေ ခိုက်နေတဲ့လမ်းကြောင်းကိုဆက်သွားနေဦးမှာဘဲ။ ဆိုတော့အချိန်တခုလိုတုန်းဘဲလို့ပြောလို့ရမှာပါ။"

တချို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ယာယီအပစ်အခတ် ရပ်စဲဖို့ သဘောတူညီထားတဲ့ လက်နက်ကိုင်အဖွဲ့တွေဘက်က သဘောတူညီချက်တွေကို ချိုးဖောက်လာ မှုတွေရှိတယ်လို့ စစ်ကောင်စီဘက်က စွပ်စွဲပြောဆိုထားတာပါ။ ဒါအပြင် နိုင်ငံကိုပျက်စီးအောင် အဖျက်သမားစိတ်ဓါတ်ရှိတဲ့ နိုင်ငံသားတွေက “အရိပ် နေနေ၊ အခက်ချိုးချိုး” လုပ်နေကြလို့ နိုင်ငံအခုလိုဖြစ်နေတာဖြစ်တယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စွပ်စွဲထားပါတယ်။

NCA စာချုပ်ကို ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိန် အရပ်သားတပိုင်းအစိုးရလက်ထက် ၂၀၁၅ ခုနှစ်မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ရှစ်ဖွဲ့ဖြစ်တဲ့ကရင်အမျိုးသားအစည်းအရုံး KNU၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/ KNLA-PC)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA၊ ချင်းအမျိုးသားတပ်ဦး CNF၊ ပအိုဝ်းအမျိုးသားလွတ် မြောက်ရေးအဖွဲ့ချုပ် PNLO၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP နဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS ပါဝင်ပြီး စတင် လက်မှတ်ရေးထိုးခဲ့ကြတာပါ။ NLD အစိုးရလက်ထက် ၂၀၁၈ ခုနှစ်မှာတော့ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)၊ မွန်ပြည်သစ်ပါတီ (NMSP) တို့ပါ လက်မှတ်ရေးထိုးခဲ့တာကြောင့် NCA စာချုပ်မှာ လက်မှတ်ထိုးထား တဲ့အဖွဲ့ ဆယ်ဖွဲ့ ရှိလာပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း KNU ၊ ချင်းအမျိုးသား တပ်ဦး CNF နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF အဖွဲ့တွေက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးတာမျိုး မရှိတော့ပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG