သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နဲ့ ရုရှား ပူးတွဲစစ်ရေးလေ့ကျင့်


တရုတ်−ရုရှား ပူးတွဲစစ်ရေးလေ့ကျင့်မှု။
တရုတ်−ရုရှား ပူးတွဲစစ်ရေးလေ့ကျင့်မှု။

တရုတ်နိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းတလျှောက် ရုရှားနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်ခဲ့တယ်လို့ တရုတ်အစိုးရက သောကြာနေ့မှာ ပြောပါတယ်။ ဒါဟာ အမေရိကန်ဦးဆောင်တဲ့ အနောက် ကာကွယ်ရေးမဟာမိတ်နိုင်ငံတွေ ဝါရှင်တန်ဒီမှာတွေ့ဆုံခဲ့ပြီး၊ တရုတ်ရဲ့ ရုရှားနဲ့ခိုင်မာတဲ့ ဆက်ဆံမှုကနေ ခြိမ်းခြောက်မှုတွေ တိုးလာနေတယ်လို့ ဂျပန်က သတိပေးလိုက်တဲ့နောက်မှာ အခုလို စစ်ရေး လေ့ကျင့်လာတာ ဖြစ်ပါတယ်။

တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက တရုတ်-ရုရှား ၂ နိုင်ငံဟာ ၂၀၂၄ - ပင်လယ်ပြင် ပူးတွဲစစ်ရေး လေ့ကျင့်မှု (Joint Sea – 2024) လို့ခေါ်တဲ့ စစ်ရေးလေ့ကျင့်မှုကို စတင်ပြုလုပ်နေကြောင်းနဲ့ ဒီလေ့ကျင့်မှုဟာ ဇူလိုင်လဆန်းကနေ လလယ်လောက်အထိ ကြာမြင့်မှာဖြစ်ကြောင်း ပြောပါတယ်။

တရုတ်တောင်ပိုင်း ဂွမ်ဒေါင်းပြည်နယ်က ရှန်ကျိန်းမြို့ တဝိုက်မှာရှိတဲ့ ရေပြင်မှာရော ဝေဟင်မှာပါ ပူးတွဲ စစ်ရေးလေ့ကျင့်မှာဖြစ်ပြီး ရေကြောင်းလုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေကို ပူးတွဲဖြေရှင်းပြီး ကမ္ဘာတလွှားနဲ့ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး ရလာအောင် လုပ်ဆောင်မှာဖြစ်ကြောင်းလည်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ကမ္ဘောဒီးယား၊ တရုတ် ရွှေနဂါး ပူးတွဲစစ်ရေးလေ့ကျင့်မှု
please wait

No media source currently available

0:00 0:01:31 0:00


ဒါ့အပြင် ဒီပူးတွဲ စစ်ရေးလေ့ကျင့်မှုဟာ တရုတ်-ရုရှားကြား နောင်မှာ ပြည့်စုံတဲ့မဟာဗျူဟာကျ မိတ်ဘက်အဖြစ် ပူးပေါင်းဆောင်ရွက်မှုတွေ ပိုပြီး နက်ရှိုင်းလာစေဖို့ ဖြစ်ကြောင်းလည်း ပြောပါတယ်။ ဒါဟာ ၂ နိုင်ငံကြား နှစ်စဉ်ပြုလုပ်မယ့် ပူးတွဲစစ်ရေးလေ့ကျင့်မှု ဖြစ်ကြောင်းလည်း ပြောပါတယ်။

ရုရှားကျူးကျော်မှု ခံနေရတဲ့ ယူကရိန်းအတွက် ထောက်ခံပံ့ပိုးမှာဖြစ်ကြောင်း ဝါရှင်တန်ဒီစီမှာ ကျင်းပတဲ့ NATO မဟာမိတ် နိုင်ငံတွေရဲ့ ၃ ရက်ကြာ အစည်းဝေးကနေ ကတိပြုလိုက်တဲ့နောက်မှာ အခုလို တရုတ်ဘက်က ကြေညာတာ ဖြစ်ပါတယ်။

တရုတ်နဲ့ ရုရှားတို့ကြား ဆက်ဆံရေးကို အကန့်သတ် မထားတဲ့ မိတ်ဆွေအဖြစ် မကြာခင်နှစ်တွေအတွင်း တိုးမြှင့်လာတဲ့နောက်မှာ သူတို့ ၂ နိုင်ငံစလုံးနဲ့ NATO အဖွဲ့ကြား ရန်လိုတဲ့ဆက်ဆံရေး မြင်လာရတာပါ။ NATO ခေါင်းဆောင်တွေက တရုတ်ဟာ ယူကရိန်းကို ကျူးကျော်တဲ့ ရုရှားအတွက် အကူညီပေးဖို့ ဆုံးဖြတ်ထားသူ ဖြစ်လာနေကြောင်း ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့တာအတွက် ဒါဟာ ရန်စတဲ့ လုပ်ရပ်အဖြစ် တရုတ်က သတိပေးခဲ့တာပါ။

တရုတ်နဲ့ ရုရှားတို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ ဂျပန်ပိုင်နက်နားမှာ ဖြစ်နေတဲ့အတွက် နိုင်ငံ့လုံခြုံရေးအရ အထူးစိုးရိမ်စရာဖြစ်ကြောင်း ဂျပန်အစိုးရက သောကြာနေ့မှာ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG