သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှား၊ မြန်မာ ရေတပ် ပူးတွဲစစ်ရေးလေ့ကျင့်မှု စတင်

စစ်ကောင်စီသတင်းမှန်ပြန်ကြားရေးမှ ထုတ်ပြန်ထားသည့် ရုရှား−မြန်မာ ရေတပ် ပူးတွဲစစ်ရေးလေ့ကျင့်ရေးအခမ်းအနားဓါတ်ပုံများ (နိုဝင်ဘာ ၇ ၂၀၂၃)
စစ်ကောင်စီသတင်းမှန်ပြန်ကြားရေးမှ ထုတ်ပြန်ထားသည့် ရုရှား−မြန်မာ ရေတပ် ပူးတွဲစစ်ရေးလေ့ကျင့်ရေးအခမ်းအနားဓါတ်ပုံများ (နိုဝင်ဘာ ၇ ၂၀၂၃)
မြန်မာနဲ့ ရုရှား အင်္ဂါနေ့မှာ စတင်တဲ့ ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မှုတွေမတိုင်ခင် ရေတပ်ဗိုလ်ချုပ်ကြီး Nikolai Yevmenov က မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တဲ့ အကြောင်း Global New Light of Myanmar သတင်းမှာဖော်ပြပါတယ်။ ရုရှားရဲ့ ပစိဖိတ်ရေယာဉ်အုပ်စုနဲ့ မြန်မာရေတပ်တို့ ပါဝင်တဲ့ မြန်မာ-ရုရှား ပထမဆုံးအကြိမ်ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေကို နိုဝင်ဘာ ၉ ရက်အထိ ကပ္ပလီပင်လယ်ပြင်မှာ ပြုလုပ်မှာပါ။ ဝေဟင်နဲ့ ရေပြင် အန္တရာယ် ကာကွယ်ရေးနဲ့ ရေကြောင်းလုံခြုံရေးအစီအမံတွေကို ပုံဖော်တဲ့ စစ်ရေးလေ့ကျင့်မှုတွေအတွက် နှစ်နိုင်ငံ သင်္ဘောနဲ့ လေယာဉ်တွေပါဝင်တယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။
စစ်ကောင်စီသတင်းမှန်ပြန်ကြားရေးမှ ထုတ်ပြန်ထားသည့် ရုရှား−မြန်မာ ရေတပ် ပူးတွဲစစ်ရေးလေ့ကျင့်ရေးအခမ်းအနားဓါတ်ပုံများ (နိုဝင်ဘာ ၇ ၂၀၂၃)
စစ်ကောင်စီသတင်းမှန်ပြန်ကြားရေးမှ ထုတ်ပြန်ထားသည့် ရုရှား−မြန်မာ ရေတပ် ပူးတွဲစစ်ရေးလေ့ကျင့်ရေးအခမ်းအနားဓါတ်ပုံများ (နိုဝင်ဘာ ၇ ၂၀၂၃)
စစ်ရေးလေ့ကျင့်မှုတွေ မလုပ်ခင် ရုရှားရေတပ်ဦးစီးချုပ် ရေတပ်ဗိုလ်ချုပ်ကြီး Nikolai Yevmenov က မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပြီး ရုရှားဖျက်သင်္ဘော Admiral Tributs ရဲ့ စွမ်းဆောင်ရည်တွေကို ရှင်းလင်းပြောကြားခဲ့တယ်လို့ Global New Light of Myanmar သတင်းစာက ဖော်ပြပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းကလည်း ရုရှားနိုင်ငံ အရှေ့ဖျားမှာ ကျင်းပတဲ့ အကြမ်းဖက်မှုတန်ပြန် တိုက်ဖျက်ရေး စစ်ရေးလေ့ကျင့်မှုမှာ မြန်မာနိုင်ငံနဲ့ ရုရှားက ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ ရုရှားနဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိတဲ့ မြန်မာနိုင်ငံက ၂၀၂၁ ဖေဖော်ဝါရီလ အာဏာသိမ်းပြီးကတည်းက ရုရှားနိုင်ငံက စစ်လက်နက်ပစ္စည်း အမေရိကန်ဒေါ်လာ ၄၀၆ သန်းဖိုး တင်သွင်းခဲ့တယ်လို့လည်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က မေလတုန်းက ပြောကြားခဲ့ပါတယ်။
ရုရှား၊ မြန်မာ ရေတပ် ပူးတွဲစစ်ရေးလေ့ကျင့်မှု စတင်
please wait

No media source currently available

0:00 0:01:13 0:00
တိုက်ရိုက် လင့်ခ်
This item is part of
XS
SM
MD
LG