သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NATO ပူးတွဲစစ်ရေးလေ့ကျင့်မှု အဖွဲ့ဝင်သစ် ဆွီဒင်နဲ့ ဖင်လန် ပါဝင်လာ


ဖင်လန်၊ နော်ဝေနဲ့ ဆွီဒင်က ကာကွယ်ရေးဝန်ကြီးတွေကို ဖင်လန်နိုင်ငံ Kilpisjarvi မြို့မှာ တွေ့ရ။ (March 9, 2024)
ဖင်လန်၊ နော်ဝေနဲ့ ဆွီဒင်က ကာကွယ်ရေးဝန်ကြီးတွေကို ဖင်လန်နိုင်ငံ Kilpisjarvi မြို့မှာ တွေ့ရ။ (March 9, 2024)

NATO မဟာမိတ်အဖွဲ့ရဲ့ အဖွဲ့ဝင်ဖြစ်လာပြီး နာရီပိုင်းအတွင်းမှာပဲ ဆွီဒင်ဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း NATO ရဲ အကြီးဆုံး ပူးတွဲ စစ်ရေးလေ့ကျင့်မှု မှာ သူ့လို နောက်ဆုံးမှ အဖွဲ့ဝင်ဖြစ်လာတဲ့ ဖင်လန်နဲ့ အတူ နော်ဒစ်ဒေသမှာ ပါဝင်လေ့ကျင့်ခဲ့ပါတယ်။

Nordic Response လို့ခေါ်တဲ့ ဒိန်းမတ်၊ နော်ဝေ၊ ဆွီဒင်၊ ဖင်လန်နဲ့ Iceland အပါအဝင် နော်ဒစ်နိုင်ငံများ ရှိရာ ဒေသ အတွက် စစ်ရေးလေ့ကျင့်မှုကို ကြာသပတေးနေ့ကစပြီး ဖင်လန်နဲ့ နော်ဝေး နိုင်ငံတွေမှာ နိုင်ငံပေါင်း ၁၃ နိုင်ငံက စစ်သည်အင်အား ၂ သောင်းကျော်နဲ့ လေ့ကျင့်နေတာ ဖြစ်ပါတယ်။

ဆွီဒသ်က တပ်သား ၄၅၀၀ ပါဝင်လေ့ကျင့်မှာ ဖြစ်ကြောင်း ဆွီဒင်ကာကွယ်ရေးဝန်ကြီး Pal Jonson က တွစ်တာ ခေါ် X မီဒီယာမှာ ရေးပါတယ်။ ရေခဲပြင်ဒေသ အေးတဲ့ရာသီဥတုအောက် ၃ ရက်ကြာ ပြင်းထန်တဲ့ စစ်ရေး လေ့ကျင့်မှုကို ဖင်လန်နဲ့ နော်ဝေး တပ်သားတွေပါ ပူးပေါင်းပါဝင်လေ့ကျင့်တာ ဖြစ်ပြီး ဆွီဒင်- နော်ဝေးနဲ့ ဖင်လန် ၃ နိုင်ငံ ရဲ့ အထူးအင်အားနဲ့ NATO အဖွဲ့မှာ အားဖြည့်ပေးနိုင်ဖို့ အရေးပါကြောင်းလည်း ပြောပါတယ်။

စနေနေ့ ၃ နိုင်ငံ ကာကွယ်ရေး ဝန်ကြီးတွေရဲ့ ပူးတွဲသတင်းစာ ရှင်းလင်းပွဲမှာလည်း နော်ဒစ်နိုင်ငံတွေ ဟာ စိန်ခေါ်မှု ကြီးမားတဲ့ ဝန်းကျင်မျိုးမှာ အတူလက်တွဲ ဆောင်ရွက်နိုင်စွမ်း ရှိတာကို ပြသတယ်လို့လည်း နော်ဝေး ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။ နော်ဒစ်တုန့်ပြန်ရေး စစ်ရေးလေ့ကျင့်မှု ဟာ တပ်သား ၉ သောင်းလောက် ပါဝင်လေ့ကျင့်တဲ့ NATO အဖွဲ့ရဲ့ စစ်ရေးလေ့ကျင့်မှု အစိတ်အပိုင်း တခု ဖြစ်ပါတယ်။ ဒီပူးတွဲ စစ်ရေးလေ့ကျင့်မှုကို ဇန်နဝါရီလ ကတည်းက စတင်ခဲ့တာဖြစ်ပြ့ီး မေလ အထိ ဥရောပ ဒေသတလွှား စစ်ရေးလေ့ကျင့်ဖို့ ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG