သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆွီဒင်နိုင်ငံ NATO ရဲ့ ၃၂နိုင်ငံမြောက်အဖွဲ့ဝင်ဖြစ်လာ


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken (ယာ)နဲ့ ဆွီဒင်ဝန်ကြီးချုပ် Ulf Kristersson (ဝဲ) တို့ ဝါရှင်တန်မှာ တွေဆုံစဥ်၊ မတ် ၇၊ ၂၀၂၄
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken (ယာ)နဲ့ ဆွီဒင်ဝန်ကြီးချုပ် Ulf Kristersson (ဝဲ) တို့ ဝါရှင်တန်မှာ တွေဆုံစဥ်၊ မတ် ၇၊ ၂၀၂၄

ဒုတိယကမ္ဘာစစ်ကြီး ပြီးကတည်းက ကြားနေနိုင်ငံ အဖြစ်ရပ်တည်လာခဲ့တဲ့ ဆွီဒင်နိုင်ငံဟာ NATO မဟာမိတ်အဖွဲ့ထဲ ဝင်ရောက်လိုက်ပြီ ဖြစ်ပြီး ကြာသပတေးနေ့မှာတော့ NATO အဖွဲ့ရဲ့ ၃၂ နိုင်ငံမြောက် အဖွဲ့ဝင် ဖြစ်လာပါပြီ။

ယူကရိန်းကို ရုရှားဝင်ရောက် ကျူးကျော်မှု ၃ နှစ်ထဲဝင်လာတာကို အဓိက ဆန့်ကျင်တဲ့ အနောက်မဟာမိတ်နိုင်ငံတွေရဲ့ NATO အဖွဲ့ထဲဝင်ရောက်တဲ့ တရားဝင်အခမ်းအနားကျင်းပရာ ဝါရှင်တန်ဒီစီ နိုင်ငံခြားရေးဌာနကို ဆွီဒင်ဝန်ကြီးချုပ် Ulf Kristersson တက်ရောက်ခဲ့တာပါ။

အခမ်းအနားအပြီးမှာ ဆွီဒင်ဝန်ကြီးချုပ် ဟာ သမ္မတအိမ်ဖြူကို သွားရောက်ဖို့ရှိသလို ညဘက်အမေရိကန် လွှတ်တော်မှာ သမ္မတဂျိုးဘိုင်ဒန်ရဲ့ နိုင်ငံတော် အခြေပြမိန့်ခွန်းပြောကြားပွဲကိုလည်း ဧည့်သည်တော် အဖြစ်တက်ရောက်မှာ ဖြစ်ပါတယ်။

၂၀၂၂ မှာ ယူကရိန်းကို ရုရှားသမ္မတ Vladimir Putin ကျူးကျော်တိုက်ခိုက်စဉ် သမ္မတဘိုင်ဒန်က ရုရှားသမ္မတဟာ ဥရောပကို အားနည်းအောင်နဲ့ NATO အဖွဲ့ ပြိုကွဲအောင်လုပ်နိုင်မယ်လို့ထင်နေပေမယ့် အဲဒီ ၂၀၂၂ မေလထဲမှာပဲ စစ်ရေးစွမ်းဆောင်မှုမြင့်မားတဲ့ မဟာမိတ် ၂ နိုင်ငံဖြစ်တဲ့ ဆွီဒင်နဲ့ ဖင်လန်က NATO အဖွဲ့ထဲဝင်ဖို့ သမိုင်းဝင်ဆုံးဖြတ်ချက်ချခဲ့တယ်လို့ ပြောခဲ့တာပါ။

အခုလည်း ဒီ ၂ နိုင်ငံစလုံး အဖွဲ့ဝင်ဖြစ်နေပြီဖြစ်ပြီး အခုဆွီဒင်ပါ ပါဝင်လာတာကြောင့် နိုင်ငံပေါင်း ၃၂ နိုင်ငံရဲ့ စုပေါင်းအားနဲ့ NATO အဖွဲ့ ကြီး မကြုံစဖူး ပိုခိုင်မာတောင့်တင်း လာသလို ပိုမိုစည်းလုံးလာတယ်လို့ သမ္မတဘိုင်ဒန်က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG