သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယ်သာလန်ဝန်ကြီးချုပ် Rutte နေတိုးအကြီးအကဲသစ်ဖြစ်ဖို့ နီးစပ်လာ

နေတိုးအကြီးအကဲသစ်ဖြစ်လာနိုင်ဖွယ်ရှိသူ နယ်သာလန်ဝန်ကီးချုပ် Mark Rutte ( အောက်တိုဘာ ၂၆၊ ၂၀၂၃)
နေတိုးအကြီးအကဲသစ်ဖြစ်လာနိုင်ဖွယ်ရှိသူ နယ်သာလန်ဝန်ကီးချုပ် Mark Rutte ( အောက်တိုဘာ ၂၆၊ ၂၀၂၃)

အမေရိကန်နဲ့ ဗြိတိန်တို့ရဲ့ထောက်ခံမှုကို ကြာသပတေးနေ့မှာရလိုက်တဲ့ နယ်သာလန်ဝန်ကြီးချုပ် Mark Rutte ရူတာဟာ NATO မဟာမိတ်အဖွဲ့ရဲ့အတွင်းရေးမှူးချုပ်အသစ်ဖြစ်ဖို့ ပိုနီးစပ်လာပြီ ဖြစ်ပါတယ်။

NATO မဟာမိတ်အဖွဲ့ရဲ့အတွင်းရေးမှူးချုပ်အသစ်အဖြစ် ဝန်ကြီးချုပ်ရူတာကိုခန့်အပ်ဖို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ခိုင်ခိုင်မာမာထောက်ခံကြောင်း အမေရိကန်တာဝန်ရှိသူတဦးက ပြောပါတယ်။ အမေရိကန်နိုင်ငံမှာ နိုဝင်ဘာလ သမ္မတရွေးကောက်ပွဲအတွက် လှုပ်ရှားနေသလို ရုရှားရဲ့ကျူးကျော်စစ်ကို ခုခံတွန်းလှန်နေတဲ့ယူကရိန်းကို ဆက်လက်ကူညီရေးတွေအတွက်ပါ အရေးပါတဲ့ကာလဖြစ်တဲ့အောက်တိုဘာလမှာ NATO အဖွဲ့မှာ အတွင်းရေးမှူးချုပ်အသစ်က တာဝန် စတင်ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။

သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကတော့ ကာကွယ်ရေးအသုံးစရိတ် အပြည့်မပေးချင်တဲ့ NATO အဖွဲ့ဝင်နိုင်ငံတွေအပေါ် ရုရှားက သူကြိုက်သလိုလုပ်နိုင်တယ်လို့ ဒီလဆန်းမှာပဲ ဝေဖန်ပြောကြားခဲ့သလို NATO မဟာမိတ်တွေကို အပြည့်အဝထောက်ခံတဲ့ လက်ရှိသမ္မတဂျိုးဘိုင်ဒန်ကို ဆန့်ကျင်ဖို့ ရှိနေတာပါ။ ဝန်ကြီးချုပ်ရူတာကတော့ ဥရောပနိုင်ငံတွေဟာ သမ္မတဟောင်း ထရမ့်ကို အာရုံစိုက်နေတာတွေရပ်ဆိုင်းပြီး ယူကရိန်းကိုကူညီဖို့ပဲလုပ်သင့်တယ်လို့ တုံ့ပြန်ပါတယ်။ လက်ရှိလူတွေနဲ့ပဲ ဆက်လက်လုပ်ဆောင်ရမှာဖြစ်ကြောင်း မြူးနစ် လုံခြုံရေးညီလာခံမှာ ပြောကြားခဲ့တာပါ။

ဂျူလိုင်လမှာ အသက် ၅၇ နှစ် ပြည့်တော့မယ့် ဝန်ကြီးရူတာက ပြီးခဲ့တဲ့နှစ်ထဲ သူ့အစိုးရအဖွဲ့ ပြိုကွဲခဲ့တဲ့နောက်မှာ နိုင်ငံရေးလောက ကနေ သူထွက်ခွါတော့မယ်လို့ မမျှော်လင့်ဘဲ ကြေညာခဲ့တာ ဖြစ်ပါတယ်။ သူဟာ နယ်သာလန်နိုင်ငံအကြီးအကဲအဖြစ် ကာလကြာရှည်တာဝန်ယူခဲ့သူ ဖြစ်သလို ဥရောပမှာလည်း သက်တမ်းအရှည်ဆုံး အစိုးရခေါင်းဆောင်တဦး ဖြစ်ပါတယ်။ လက်ရှိ NATO အတွင်းရေးမှူးချုပ် Jens Stoltenberg နေရာမှာ ဆက်ခံဖို့အတွက် သူဟာ အဖွဲ့ဝင် ၃၁ နိုင်ငံ စလုံးရဲ့ ထောက်ခံမှုရဖို့လိုအပ်ပြီး အခုချိန်အထိတော့ အဖွဲ့ဝင် ၂၀ ရဲ့ ထောက်ခံမှုကို ရနေပြီဖြစ်ပါတယ်။

နယ်သာလန်ဝန်ကြီးချုပ် Rutte နေတိုးအကြီးအကဲသစ်ဖြစ်ဖို့ နီးစပ်လာ
please wait

No media source currently available

0:00 0:01:09 0:00
တိုက်ရိုက် လင့်ခ်

Forum

​
XS
SM
MD
LG