သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆွီဒင်နိုင်ငံ NATO အဖွဲ့ဝင်ဖြစ်ရေး ဟန်ဂေရီလွှတ်တော်အတည်ပြုထောက်ခံ


ဆွီဒင်နိုင်ငံ နေတိုးအဖွဲ့ဝင်ဖြစ်လာရေး ဟန်ဂေရီနိုင်ငံမှာ လွှတ်တော်တွင်း အမတ်တွေမဲခွဲဆုံးဖြတ်ခဲ့တဲ့ ရလဒ်ကို တနင်္လာနေ့မှာ တွေ့မြင်ရပုံ။ (ဖေဖော်ဝါရီ ၂၆၊ ၂၀၂၄)
ဆွီဒင်နိုင်ငံ နေတိုးအဖွဲ့ဝင်ဖြစ်လာရေး ဟန်ဂေရီနိုင်ငံမှာ လွှတ်တော်တွင်း အမတ်တွေမဲခွဲဆုံးဖြတ်ခဲ့တဲ့ ရလဒ်ကို တနင်္လာနေ့မှာ တွေ့မြင်ရပုံ။ (ဖေဖော်ဝါရီ ၂၆၊ ၂၀၂၄)

မြောက်အတ္တလန္တိတ်စစ် စာချုပ် NATO အဖွဲ့ဝင်ဖြစ်ရေး ဆွီဒင်နိုင်ငံရဲ့လျှောက်ထားချက်ကို ဟန်ဂေရီလွှတ်တော်က တနင်္လာနေ့မှာ မဲခွဲအတည်ပြုလိုက်ပါတယ်။

ယူကရိန်းကိုကျူးကျော်တိုက်ခိုက်နေတဲ့ ရုရှားနိုင်ငံကိုတိုးချဲ့တုံ့ပြန်လိုကြတဲ့ နေတိုးအဖွဲ့ကတော့ ဆွီဒင်ကိုအဖွဲ့ဝင်အဖြစ်အတည်ပြုနိုင်ရေး နှောင့်နှေးနေတဲ့အပေါ် စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ကြပါတယ်။ ဒါပေမဲ့လည်း အဖွဲ့ဝင်လျှောက်ထားမှု ၁၈ လထဲရောက်လာချိန်မှာ ခုတော့ အတည်ပြုခဲ့ကြပါပြီ။

ဟန်ဂေရီအစိုးရက လတွေနဲ့ချီ ကန့်ကွက်နေတာကို လွှတ်တော်အမတ်တွေက ထောက်ခံမဲ ၁၈၈ မဲ၊ ကန့်ကွက်မဲ ၆ မဲနဲ့မဲခွဲထောက်ခံလိုက်ကြတာဖြစ်ပါတယ်။ ဆွီဒင်ကို နေတိုးအဖွဲ့ဝင်အဖြစ်ထောက်ခံရေး ၂၀၂၂ ခုနှစ်၊ ဂျူလိုင်လကတည်းက ဝန်ကြီးချုပ် Viktor Orban အစိုးရအဖွဲ့က တင်သွင်းထားတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အာဏာရပါတီက လွှတ်တော်မှာ ဆန့်ကျင်ကန့်ကွက်နေတာကြောင့် ရှေ့ဆက်မတိုးနိုင်ဘဲ ကြန့်ကြာနေခဲ့ပါတယ်။

အဖွဲ့ဝင် (၃၁) နိုင်ငံစလုံးရဲ့ ထောက်ခံမှုရမှသာ နေတိုးအဖွဲ့ဝင်ဖြစ်ခွင့်ရှိပါတယ်။ ဆွီဒင်ရဲ့လျှောက်ထားမှုကို တူရကီနိုင်ငံက ပြီးခဲ့တဲ့လမှာထောက်ခံခဲ့ပြီးတဲ့နောက် ဟန်ဂေရီနိုင်ငံက ခုလိုနောက်ဆုံး မဲခွဲထောက်ခံလိုက်ကြတာဖြစ်ပါတယ်။ ဆွီဒင်ဝန်ကြီးချုပ် Ulf Kristersson ကတော့ ဒါဟာ သမိုင်းဝင်နေ့တနေ့ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

ဆွီဒင်နိုင်ငံ NATO အဖွဲ့ဝင်ဖြစ်ရေး ဟန်ဂေရီလွှတ်တော်အတည်ပြုထောက်ခံ
please wait

No media source currently available

0:00 0:01:03 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG