သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေးငယ်တွေ အသတ်ခံရမှု နောက်ပိုင်း UK က မြို့တွေမှာ မငြိမ်မသက်ဖြစ်


၂၀၂၄ ခုနှစ် ဩဂုတ်လ ၃ ရက်နေ့ Liverpool မြို့က Liver အဆောက်အအုံ အပြင်ဘက် ဆန္ဒပြပွဲအတွင်း လုံခြုံရေး ယူထားတဲ့ အဓိကရုဏ်းနှိမ်နင်းရေး ရဲအရာရှိတွေကို တွေ့မြင်ရစဥ်။ ဓာတ်ပုံ - AFP
၂၀၂၄ ခုနှစ် ဩဂုတ်လ ၃ ရက်နေ့ Liverpool မြို့က Liver အဆောက်အအုံ အပြင်ဘက် ဆန္ဒပြပွဲအတွင်း လုံခြုံရေး ယူထားတဲ့ အဓိကရုဏ်းနှိမ်နင်းရေး ရဲအရာရှိတွေကို တွေ့မြင်ရစဥ်။ ဓာတ်ပုံ - AFP

အင်္ဂလန် အနောက်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ သီတင်းပတ် အစောပိုင်းတုန်းက မိန်းကလေးငယ် ၃ ဦး သတ်ဖြတ်ခံရမှုနောက်ပိုင်း မငြိမ်မသက် ဖြစ်နေတာ လေးရက်မြောက် ဖြစ်တဲ့ စနေနေ့မှာ ဗြိတိန်က လမ်းမတွေထက် အကြမ်းဖက်မှုတွေ ပြန်ပေါ်ပေါက်လာပြီး ရဲတပ်ဖွဲ့ဝင် အတော်များများ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့က Southport မြို့မှာရှိတဲ့ ကလေးငယ်တွေရဲ့ အကသင်တန်းကျောင်း ဓားနဲ့ တိုက်ခိုက်ခံရမှုမှာ သံသယ ရှိထားသူက အစွန်းရောက် မွတ်ဆလင် ရွှေ့ပြောင်း တဦးဖြစ်တယ်ဆိုတဲ့ သတင်းမှားတွေ လူမှုကွန်ရက်မှာ အလျင်အမြန် ပျံ့နှံ့ခဲ့ပြီးနောက် မြို့ အတော်များများမှာ ရွှေ့ပြောင်းအခြေချမှုကို ဆန့်ကျင်တဲ့ ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေ ပါဝင်တဲ့ ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်နေတာပါ။

လေဘာအစိုးသစ်အပေါ် ဗြိတိန်ရောက်မြန်မာတချို့အမြင်
please wait

No media source currently available

0:00 0:08:36 0:00

တိုက်ခိုက်မှုမှာ သံသယ ရှိသူက Wales နယ် Cardiff မှာ မွေးဖွားခဲ့သူ အသက် ၁၇ နှစ် အရွယ် Axel Rudakubana ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောဆိုခဲ့ပေမဲ့လည်း ရွှေ့ပြောင်း ဝင်ရောက်မှု ဆန့်ကျင်ရေးနဲ့ မွတ်ဆလင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဆက်လက် ဖြစ်ပေါ်နေတာပါ။

Liverpool မြို့လယ်က မငြိမ်မသက်မှုကို ကိုင်တွယ်ခဲ့ရပြီး ရဲတပ်ဖွဲ့ဝင် တချို့ ဒဏ်ရာရခဲ့ကြောင်း Liverpool ရဲတပ်ဖွဲ့က စနေနေ့မှာ ပြောပါတယ်။

Forum

XS
SM
MD
LG