သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည်သူတွေနဲ့ရပ်တည်ကြောင်း ယူကေအစိုးရ သတင်းစကားပါး


ယူကေနိုင်ငံ အင်ဒို-ပစိဖိတ်ရေးရာ ဝန်ကြီး Anne-Marie Trevelyan
ယူကေနိုင်ငံ အင်ဒို-ပစိဖိတ်ရေးရာ ဝန်ကြီး Anne-Marie Trevelyan

မြန်မာနိုင်ငံအတွင်း စစ်တပ်ကြောင့် အသက်ဆုံးရှုံးရတဲ့ ပြည်သူတွေ၊ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူတွေ၊ ဖိနှိပ်မှုတွေ ဆက်လက် ရင်ဆိုင်နေရသူတွေ ကို ဒီနေ့ ကျရောက်တဲ့ မြန်မာစစ်တပ်ရဲ့ တပ်မတော်နေ့မှာ ယူကေ အစိုးရက အောက်မေ့သတိရတဲ့အကြောင်း ယူကေနိုင်ငံ အင်ဒို-ပစိဖိတ်ရေးရာ ဝန်ကြီး Anne-Marie Trevelyan (အန်မယ်ရီ ထရယ်ဗဲလီယန်) ကပြောကြားလိုက်ပါတယ်။ နေပြည်တော်မှာ စစ်ရေးပြအခမ်းအနားတွေလုပ်နေချိန် နိုင်ငံအနှံ့ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ပြည်သူအများ ဒုက္ခခံစားနေကြရတယ်လို့ ဝန်ကြီး Trevelyan က ဗွီဒီယိုရုပ်သံနဲ့ သတင်းစကား ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုများကြောင့် ယခုလ တလအတွင်းမှာပင် ကလေးသူငယ် (၃) ဦး အပါအဝင် ပြည်သူအနည်းဆုံး အယောက် (၂၀) အသက်ဆုံးရှုံးခဲ့ရပါတယ်။ တပ်မတော်နေ့ အထိမ်းအမှတ်အနေနဲ့ မြန်မာစစ်တပ်က နေပြည်တော်လမ်းမတွေပေါ်မှာ စစ်ရေးပြအခမ်းအနားတွေကျင်းပနေပေမဲ့ မြန်မာပြည်သူပြည်သားများကတော့ နိုင်ငံတဝန်းဆက်လက်ဖြစ်ပေါ်လျက်ရှိတဲ့ တိုက်ပွဲများကြောင့် အတိဒုက္ခများစွာ ခံစားနေရဆဲဖြစ်ပါတယ်။

ပြည်သူပေါင်း ၁၈ သန်းကျော်ဟာ လူသားချင်းစာနာထောက်ထားမှုအကူအညီများလိုအပ်လျက်ရှိပြီး လူ ၃ ဦးအနက် ၁ ဦးမှာ ပဋိပက္ခများကြောင့် မိမိတို့အိုးအိမ်များကို စွန့်ခွာထွက်ပြေးဖို့ ဖိအားပေးခံနေရပါတယ်။ ဒါကြောင့် စစ်တပ်ရဲ့ လုပ်ရပ်တွေကြောင့် ဒုက္ခရောက်နေသူတွေကို ယူကေအစိုးရအနေနဲ့ အောက်မေ့သတိရကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

စစ်မှုမထမ်းမနေရ ဥပဒေကြောင့် မြန်မာပြည်သူတွေ ပိုပြီး စိုးရိမ်သောကရောက်နေကြတာကိုလည်း ယူကေ အင်ဒို ပစိတ်ဖိတ်ရေးရာ ဝန်ကြီးက သူ့ရဲ့ သတင်းစကားထဲမှာ ထည့်ပြောသွားပါတယ်။

မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေကို ကမ္ဘာက ပိုပြီး သိရှိနားလည်အောင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီလို နိုင်ငံတကာ မျက်နှာစာတွေကတဆင့် ယူကေအစိုးရက အသိပေးနေတဲ့အကြောင်းလည်း ဝန်ကြီး Anne-Marie Trevelyan (အန်မယ်ရီ ထရယ်ဗဲလီယန်) က ပြောဆိုသွားပါတယ်။ မြန်မာစစ်တပ်ရဲ့ ပြည်သူတွေအပေါ် ကျုးလွန်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအတွက် တာဝန်ခံမှု ရှိစေဖို့ ယူကေအစိုးရအနေနဲ့ လဆက်လက် ကြိုးပမ်း အားထုတ် ကူညီသွားမယ့်အကြောင်း ဗွီဒိယို မိန့်ခွန်းမှာ ပြောကြားထားပါတယ်။

မြန်မာပြည်သူတွေနဲ့ရပ်တည်ကြောင်း ယူကေအစိုးရ သတင်းစကားပါး
please wait

No media source currently available

0:00 0:01:38 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG