သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာတဝန်း နေရပ်စွန့်ခွာရသူများပျောက်ဆုံးမှု မြန်မာဒုတိယလိုက်


၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာတဝှမ်းမှာ ပျောက်ဆုံးသွားတဲ့ နေရပ်စွန့်ခွာ ရွှေ့ပြောင်းအခြေချသူ များ နိုင်ငံအလိုက် အညွှန်းကိန်း။​(Crd: IOM/မတ်လ ၂၆၊ ၂၀၂၄)
၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာတဝှမ်းမှာ ပျောက်ဆုံးသွားတဲ့ နေရပ်စွန့်ခွာ ရွှေ့ပြောင်းအခြေချသူ များ နိုင်ငံအလိုက် အညွှန်းကိန်း။​(Crd: IOM/မတ်လ ၂၆၊ ၂၀၂၄)

၂၀၁၄ ခုနှစ်နောက်ပိုင်း ဆယ်နှစ်အတွင်း ကမ္ဘာတဝှမ်းမှာ နေရပ်စွန့်ခွာ ရွှေ့ပြောင်းအခြေချသူ ၆၃,၀၀၀ ကျော် ပျောက်ဆုံးခဲ့ပြီး ပျောက်သွားသူအများဆုံး အာဖဂန်နစ္စတန်ပြီးရင် မြန်မာနိုင်ငံက ဒုတိယလိုက်ခဲ့တယ်လို့ ကုလသမဂ္ဂနိုင်ငံရွှေ့ပြောင်းအခြေချဖို့ ကြိုးစားသူများဆိုင်ရာ နိုင်ငံတကာအဖွဲ့ IOM အဖွဲ့ကြီးရဲ့ အစီရင်ခံစာက ဆိုပါတယ်။

ဒီ အစီရင်ခံစာကို မတ်လ ၂၆ ရက်က ထုတ်ပြန်လိုက်တာပါ။ ၂၀၂၃ မှာ ပျောက်ဆုံးခဲ့သူ ၈,၅၄၂ ယောက်နဲ့ စံချိန်တင်ခဲ့ပါတယ်။ ဆယ်နှစ်အတွင်း ပျောက်ဆုံးသွားသူ ၃,၄၇၁ ယောက်နဲ့ အာဖဂန်နစ္စတန်က စာရင်းထိပ်မှာရှိနေခဲ့ပြီး မြန်မာ၊ အီသီယိုပီးယားနဲ့ ဆီးရီးယားတို့က နောက်က ကပ်လျက်ရှိနေပါတယ်။

ပျောက်ဆုံးသွားသူ ၁၀ ယောက် မှာ ၆ ယောက်ဟာ ရေနစ်သေဆုံးသွားခဲ့ကြတာဖြစ်တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။ သေဆုံးသွားသူတွေရဲ့ ၃ ပုံ ၂ ပုံ ဘယ်သူဘယ်ဝါဆိုတာ ဖော်ထုတ်လို့မရခဲ့ပါဘူး။ ဒီလို ရွှေ့ပြောင်းကြသူ လူ ၃ ယောက်တိုင်းမှာ ၁ ယောက်က ပဋိပက္ခဖြစ်နေတဲ့တိုင်းပြည်ကနေ ရွှေ့ပြောင်းဖို့ ကြိုးစားတာတွေ့ရတယ်လို့ IOM အဖွဲ့က ဆိုပါတယ်။ ခုလို သေဆုံးရတဲ့အဖြစ်မျိုးတွေ ထပ်မကြုံရအောင် ဟန့်တားဖို့၊ လူကုန်ကူးမှုတိုက်ဖျက်ဖို့ အစိုးရတွေကြား ကတိကဝတ်ပြုခဲ့ကြပေမဲ့ ဆယ်နှစ်အတွင်း သေဆုံးသူအရေအတွက် အဆ ၁၀၀ လောက် များလာခဲ့တယ်လို့ အစီရင်ခံစာကဆိုပါတယ်။

ကမ္ဘာတဝန်း နေရပ်စွန့်ခွာရသူများပျောက်ဆုံးမှု မြန်မာဒုတိယလိုက်
please wait

No media source currently available

0:00 0:01:00 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG