သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကမာၻတလႊား ေရႊ႕ေျပာင္းေနထိုင္သူေတြ အကာအကြယ္ေပးဖို႔ ကုလတိုက္တြန္း


(Zawgyi / Unicode)

ကမ ၻာတလႊားက ေနရပ္စြန္႔ခြာ ေရႊ႕ေျပာင္းၾကတဲ႔ သန္းရာခ်ီရွိတဲ႔ ေရႊ႕ေျပာင္း အေျခခ်သူမ်ား အတြက္ အထိမ္းအမွတ္ အျဖစ္နဲ႔ ဒီဇင္ဘာလ ၁၈ ရက္ေန႔ကို ႏိုင္ငံတကာ ေရႊ႕ေျပာင္းအေျခခ်သူမ်ားေန႔ အျဖစ္ ကုလသမဂၢက သတ္မွတ္ထားတာပါ။ အကာအကြယ္ေပးဖို႔ အလိုအပ္ဆံုးသူေတြကို ကမ ၻာႀကီးက ကာကြယ္ေပးဖို႔ ပ်က္ကြက္ေနတယ္လို႔ IOM ႏိုင္ငံတကာ ေရႊ႕ေျပာင္း အေျခခ်သူမ်ား အဖြဲ႔ ၫႊန္ၾကားေရးမွဴးခ်ဳပ္ Antonio Vitorino က ေျပာဆိုလိုက္ပါတယ္။

ပိုၿပီး ေကာင္းမြန္ သာယာတဲ႔ အနာဂတ္ကို ရွာေဖြ ႏိုင္ေရး အေျခခံ အက်ဆံုး အေၾကာင္းျပခ်က္နဲ႔ အႏၲရာယ္ၾကားက စြန္႔စားၿပီး ကမ ၻာတလႊားမွာ ေျပာင္းေရႊ႕ အေျခခ်ေနၾကေၾကာင္း၊ ဒီႏွစ္ ႏိုင္ငံတကာ ေရႊ႕ေျပာင္း အေျခခ်သူမ်ားေန႔မွာေတာ့ ရည္မွန္းခ်က္ မေအာင္ျမင္ခင္ ေသဆံုးခဲ႔ရတဲ႔ ဒါမွမဟုတ္လည္း ေပ်ာက္ဆံုးသြားခဲ႔ၾကသူေတြကို ဂုဏ္ျပဳလိုပါတယ္လို႔ ေျပာဆိုခဲ႔ပါတယ္။ လူေတြဟာ ေနရပ္ စြန္႔ခြာဖို႔ ဆႏၵမရွိၾကေပမဲ့၊ ႏိုင္ငံတကာ ေရႊ႕ေျပာင္းအေျခခ်သူ သန္း ၂၈၀ ထဲက အမ်ားစုဟာဆိုရင္ ပဋိပကၡေတြ၊ ဖိႏွိပ္ခ်ဳပ္ခ်ယ္မႈေတြ၊ ခြ်တ္ျခံဳက် ဆင္းရဲမြဲေတမႈေတြနဲ႔ ရာသီဥတု ေျပာင္းလဲ ေဖာက္ျပန္မႈ တိုးလာတာေတြေၾကာင့္ မျဖစ္မေန ေရႊ႕ေျပာင္းၾကရတယ္လို႔လည္း ကုလသမဂၢက ေျပာပါတယ္။

တနဂၤေႏြေန႔မွာ က်ေရာက္တဲ႔ ႏိုင္ငံတကာ ေရႊ႕ေျပာင္းအေျခခ်သူမ်ားေန႔ဟာဆိုရင္ အာဖဂန္နစၥတန္၊ အေရွ႕အလယ္ပိုင္းနဲ႔ အာဖရိက က ဒုကၡသည္ေတြနဲ႔ စီးပြားေရး အရ ေရႊ႕ေျပာင္း အေျခခ်သူေတြကို ၀င္ခြင့္ မေပးတဲ႔ ဥေရာပ ႏိုင္ငံေတြ ပိုၿပီး တိုးမ်ားလာခ်ိန္၊ ေနာက္ အေမရိကန္ ျပည္ေထာင္စု အတြင္းကို ၀င္ေရာက္ႏိုင္ေရး ႀကိဳးပမ္းၾကတဲ႔ အေမရိကတိုက္ အလယ္ပိုင္းေဒသေတြက ေရႊ႕ေျပာင္းအေျခခ်သူေတြ အေရအတြက္ တိုးလာေနခ်ိန္နဲ႔လည္း တိုက္ဆိုင္ေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ကမ္ဘာတလွှား ရွှေ့ပြောင်းနေထိုင်သူတွေ အကာအကွယ်ပေးဖို့ ကုလတိုက်တွန်း

ကမ ္ဘာတလွှားက နေရပ်စွန့်ခွာ ရွှေ့ပြောင်းကြတဲ့ သန်းရာချီရှိတဲ့ ရွှေ့ပြောင်း အခြေချသူများ အတွက် အထိမ်းအမှတ် အဖြစ်နဲ့ ဒီဇင်ဘာလ ၁၈ ရက်နေ့ကို နိုင်ငံတကာ ရွှေ့ပြောင်းအခြေချသူများနေ့ အဖြစ် ကုလသမဂ္ဂက သတ်မှတ်ထားတာပါ။ အကာအကွယ်ပေးဖို့ အလိုအပ်ဆုံးသူတွေကို ကမ ္ဘာကြီးက ကာကွယ်ပေးဖို့ ပျက်ကွက်နေတယ်လို့ IOM နိုင်ငံတကာ ရွှေ့ပြောင်း အခြေချသူများ အဖွဲ့ ညွှန်ကြားရေးမှူးချုပ် Antonio Vitorino က ပြောဆိုလိုက်ပါတယ်။

ပိုပြီး ကောင်းမွန် သာယာတဲ့ အနာဂတ်ကို ရှာဖွေ နိုင်ရေး အခြေခံ အကျဆုံး အကြောင်းပြချက်နဲ့ အန္တရာယ်ကြားက စွန့်စားပြီး ကမ ္ဘာတလွှားမှာ ပြောင်းရွှေ့ အခြေချနေကြကြောင်း၊ ဒီနှစ် နိုင်ငံတကာ ရွှေ့ပြောင်း အခြေချသူများနေ့မှာတော့ ရည်မှန်းချက် မအောင်မြင်ခင် သေဆုံးခဲ့ရတဲ့ ဒါမှမဟုတ်လည်း ပျောက်ဆုံးသွားခဲ့ကြသူတွေကို ဂုဏ်ပြုလိုပါတယ်လို့ ပြောဆိုခဲ့ပါတယ်။ လူတွေဟာ နေရပ် စွန့်ခွာဖို့ ဆန္ဒမရှိကြပေမဲ့၊ နိုင်ငံတကာ ရွှေ့ပြောင်းအခြေချသူ သန်း ၂၈၀ ထဲက အများစုဟာဆိုရင် ပဋိပက္ခတွေ၊ ဖိနှိပ်ချုပ်ချယ်မှုတွေ၊ ချွတ်ခြုံကျ ဆင်းရဲမွဲတေမှုတွေနဲ့ ရာသီဥတု ပြောင်းလဲ ဖောက်ပြန်မှု တိုးလာတာတွေကြောင့် မဖြစ်မနေ ရွှေ့ပြောင်းကြရတယ်လို့လည်း ကုလသမဂ္ဂက ပြောပါတယ်။

တနင်္ဂနွေနေ့မှာ ကျရောက်တဲ့ နိုင်ငံတကာ ရွှေ့ပြောင်းအခြေချသူများနေ့ဟာဆိုရင် အာဖဂန်နစ္စတန်၊ အရှေ့အလယ်ပိုင်းနဲ့ အာဖရိက က ဒုက္ခသည်တွေနဲ့ စီးပွားရေး အရ ရွှေ့ပြောင်း အခြေချသူတွေကို ဝင်ခွင့် မပေးတဲ့ ဥရောပ နိုင်ငံတွေ ပိုပြီး တိုးများလာချိန်၊ နောက် အမေရိကန် ပြည်ထောင်စု အတွင်းကို ဝင်ရောက်နိုင်ရေး ကြိုးပမ်းကြတဲ့ အမေရိကတိုက် အလယ်ပိုင်းဒေသတွေက ရွှေ့ပြောင်းအခြေချသူတွေ အရေအတွက် တိုးလာနေချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG