= =[[ Zawgyi ]]= =
ပိုလန္-ဘယ္လား႐ုစ္ နယ္စပ္ ေရႊ႕ေျပာင္းဝင္ေရာက္သူ ျပႆနာ လံုျခံဳေရးေကာင္စီေဆြးေႏြး
ပုိလန္နဲ့ ဘယ္လာရုစ္ ႏွစ္ႏုိင္ငံနယ္စပ္မွာ ျပႆနာျဖစ္ေနတဲ့ ေရႊ့ေျပာင္း ၀င္ေရာက္သူမ်ားအေရးနဲ့ ပတ္သက္ၿပီး ကုလသမဂၢလုံၿခံဳေရးေကာင္စီ အေရးအေပၚအစည္းအေ၀းတရပ္ကုိ ၾကာသာပေတးေန့ က်င္းပမွာျဖစ္ေၾကာင္း သံတမန္တခ်ိဳ့ကေျပာပါတယ္။
ဘယ္လာရုစ္ ႏုိင္ငံကေန ဥေရာပသမဂၢႏုိင္ငံေတြကုိ ၀င္ေရာက္ဖုိ့ က်ိဳးစားေနတဲ့ ေရႊ့ေျပာင္း၀င္ေရာက္ လာသူေတြဟာ ပုိလန္ႏုိင္ငံ နယ္စပ္ကုိျဖတ္ေက်ာ္ခြင့္ မရတဲ့အတြက္ သစ္ေတာထဲမွာ ပိတ္မိေနပါတယ္။
ပုိလန္ကေတာ့ ဘယ္လာရုစ္ႏိုင္ငံကုိ အစုိးရကုိယ္တုိင္က က်ဴးလြန္တဲ့ အၾကမ္းဖက္၀ါဒီ State of Terrorism လုိ့ စြပ္စဲြေျပာဆုိထားပါတယ္။
Kurds ကာ့ဒ္လူမ်ိဳးစု၀င္ေတြ အမ်ားစုပါ၀င္တဲ့ အေရွ့အလယ္ပုိင္းကေန ေရႊ႕ေျပာင္း၀င္ေရာက္သူ ၂၀၀၀ ခန့္ဟာ ဒုကၡေရာက္ေနတဲ့အတြက္ စုိးရိမ္ပူပန္မွု တုိးလာေနၿပီး၊ ကုလသမဂၢကေတာ့ ဒီအေျခအေနဟာ သည္းခံႏုိင္စရာ မရွိေၾကာင္းနဲ့ ဒီကိစၥကုိ ေျဖရွင္းေဆာင္ရြက္ဖုိ့ လုိတယ္လုိ့ ေျပာဆုိထားပါတယ္။
ဘယ္လာရုစ္ႏုိင္ငံအေပၚ ပိတ္ဆုိ့အေရးယူတာကုိ လက္တုန့္ျပန္တဲ့အေနနဲ့ ဘယ္လာရုစ္ႏိုင္ငံကုိ အုပ္စုိးေနတဲ့ Alexander Lukashenko က ဒီအေရွ့အလယ္ပုိင္းက ေရႊ့ေျပာင္း ၀င္ေရာက္လာသူေတြကုိ သူ့ ႏုိင္ငံထဲ ဝင္ေရာက္လာဖုိ့ ေသြးေဆာင္ခဲ့ၿပီး၊ အဲဒီကေနတဆင့္ ပုိလန္ႏုိင္ငံထဲကုိ ၀င္ေရာက္ေစခဲ့တာ ျဖစ္တယ္လုိ့ အေနာက္တုိင္းႏုိင္ငံေတြက စြပ္စဲြေျပာဆုိထားပါတယ္။
ဒီလုိအေျခအေနကို ႏုိင္ငံေရးအတြက္ အသုံးမခ်သင့္ေၾကာင္းနဲ့ ဒါက ႏုိင္ငံေတြအၾကား တင္းမာမွုေတြကုိ ျဖစ္လာေစတယ္လုိ့ ကုလသမဂၢေျပာေရးဆုိခြင့္ရွိသူ Stephane Dujarric က ဗုဒၶဟူးေန့မွာ ေျပာဆုိခဲ့ပါတယ္။
= = {{ Unicode }} = =
ပိုလန်-ဘယ်လားရုစ် နယ်စပ် ရွှေ့ပြောင်းဝင်ရောက်သူ ပြဿနာ လုံခြုံရေးကောင်စီဆွေးနွေး
ပိုလန်နဲ့ ဘယ်လာရုစ် နှစ်နိုင်ငံနယ်စပ်မှာ ပြဿနာဖြစ်နေတဲ့ ရွှေ့ပြောင်း ဝင်ရောက်သူများအရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီ အရေးအပေါ်အစည်းအဝေးတရပ်ကို ကြာသာပတေးနေ့ ကျင်းပမှာဖြစ်ကြောင်း သံတမန်တချို့ကပြောပါတယ်။
ဘယ်လာရုစ် နိုင်ငံကနေ ဥရောပသမဂ္ဂနိုင်ငံတွေကို ဝင်ရောက်ဖို့ ကျိုးစားနေတဲ့ ရွှေ့ပြောင်းဝင်ရောက် လာသူတွေဟာ ပိုလန်နိုင်ငံ နယ်စပ်ကိုဖြတ်ကျော်ခွင့် မရတဲ့အတွက် သစ်တောထဲမှာ ပိတ်မိနေပါတယ်။
ပိုလန်ကတော့ ဘယ်လာရုစ်နိုင်ငံကို အစိုးရကိုယ်တိုင်က ကျူးလွန်တဲ့ အကြမ်းဖက်ဝါဒီ State of Terrorism လို့ စွပ်စွဲပြောဆိုထားပါတယ်။
Kurds ကာ့ဒ်လူမျိုးစုဝင်တွေ အများစုပါဝင်တဲ့ အရှေ့အလယ်ပိုင်းကနေ ရွှေ့ပြောင်းဝင်ရောက်သူ ၂၀၀၀ ခန့်ဟာ ဒုက္ခရောက်နေတဲ့အတွက် စိုးရိမ်ပူပန်မှု တိုးလာနေပြီး၊ ကုလသမဂ္ဂကတော့ ဒီအခြေအနေဟာ သည်းခံနိုင်စရာ မရှိကြောင်းနဲ့ ဒီကိစ္စကို ဖြေရှင်းဆောင်ရွက်ဖို့ လိုတယ်လို့ ပြောဆိုထားပါတယ်။
ဘယ်လာရုစ်နိုင်ငံအပေါ် ပိတ်ဆို့အရေးယူတာကို လက်တုန့်ပြန်တဲ့အနေနဲ့ ဘယ်လာရုစ်နိုင်ငံကို အုပ်စိုးနေတဲ့ Alexander Lukashenko က ဒီအရှေ့အလယ်ပိုင်းက ရွှေ့ပြောင်း ဝင်ရောက်လာသူတွေကို သူ့ နိုင်ငံထဲ ဝင်ရောက်လာဖို့ သွေးဆောင်ခဲ့ပြီး၊ အဲဒီကနေတဆင့် ပိုလန်နိုင်ငံထဲကို ဝင်ရောက်စေခဲ့တာ ဖြစ်တယ်လို့ အနောက်တိုင်းနိုင်ငံတွေက စွပ်စွဲပြောဆိုထားပါတယ်။
ဒီလိုအခြေအနေကို နိုင်ငံရေးအတွက် အသုံးမချသင့်ကြောင်းနဲ့ ဒါက နိုင်ငံတွေအကြား တင်းမာမှုတွေကို ဖြစ်လာစေတယ်လို့ ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူ Stephane Dujarric က ဗုဒ္ဓဟူးနေ့မှာ ပြောဆိုခဲ့ပါတယ်။