သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အာဖဂန္ ၄၀၀ နီးပါး တင္ေဆာင္လာတဲ့ တူရကီသေဘၤာ ဂရိပိုင္းကၽြန္း ဆိုက္ကပ္


ဂရိႏုိင္ငံ ဒုကၡသည္စခန္းတြင္း ေတြ႔ရတဲ့ အာဖဂန္က ေရႊ႕ေျပာင္း ဒုကၡသည္သားအမိ။ (ဇြန္ ၁၁၊ ၂၀၂၁)

(Zawgyi / Unicode)

တူရကီအလံလႊင့္ထားၿပီး အာဖဂန္ ေရႊ႕ေျပာင္းအေျခခ်သူ ၄၀၀ နီးပါးကို တင္ေဆာင္ထားတဲ့ ကုန္သေဘၤာတစင္းဟာ ဂရိပိုင္ကၽြန္းတကၽြန္းမွာ တနဂၤေႏြေန႔ အေစာပိုင္းက လာေရာက္ဆိုက္ကပ္ပါတယ္။ ဒီသေဘၤာဟာ Aegean ပင္လယ္ထဲ သေဘၤာစက္ရပ္ၿပီး ၂ ရက္ၾကာ ေမ်ာေနခဲ့တာပါ။

ႏွစ္ေပါင္းမ်ားစြာအတြင္း လူအမ်ားဆုံး အုပ္စုလိုက္ ေရႊ႕ေျပာင္းမႈတရပ္ျဖစ္ၿပီး လူ ၆ ဦးေတာ့ ဖမ္းဆီးထိန္းသိမ္းထားတယ္လို႔ ေရႊ႕ေျပာင္းအေျခခ်မႈဆိုင္ရာ ဝန္ႀကီးဌာနက ဆိုပါတယ္။

တျခားလူေတြကိုေတာ့ ကၽြန္းရဲ႕ လက္ခံေရးဌာနကို ပို႔ထားၿပီး အဲဒီမွာ ယာယီအားျဖင့္ အသြားအလာ ကန္႔သတ္ထားၿပီး စိစစ္ေရး လုပ္ေဆာင္သြားမယ္လို႔ ဝန္ႀကီးဌာနက ဆိုပါတယ္။

တူရကီကိုေရာက္ေနတဲ့ ႏုိင္ငံခိုလႈံရာရွာသူေတြအတြက္ ဥေရာပကို သြားရာလမ္းေၾကာင္းေပၚမွာ ဂရိႏိုင္ငံ တည္ရွိေနတာလည္း ျဖစ္ပါတယ္။ ဥေရာပသမဂၢ EU နဲ႔ တူရကီတို႔ ေရႊ႕ေျပာင္းဝင္ေရာက္မႈဆိုင္ရာ သေဘာတူညီခဲ့တာမို႔ ၂၀၁၆ ေနာက္ပိုင္း ဝင္ေရာက္လာသူ အေရအတြက္ က်ဆင္းသြားပါတယ္။

သို႔ေပမယ့္လည္း ၿပီးခဲ့တဲ့ ၾသဂုတ္လမွာ တာလီဘန္ေတြ အာဖဂန္မွာ အာဏာရလာၿပီးေနာက္ပိုင္း EU ႏုိင္ငံ ေတာ္ေတာ္မ်ားမ်ားက အရင္က သန္းခ်ီတဲ့ ဆီးရီးယားဒုကၡသည္ေတြ ဂရိကိုျဖတ္ၿပီး ဥေရာပထဲ ဝင္ေရာက္လာသလိုမ်ိဳး ျဖစ္မွာကို စိုးရိမ္ေနၾကပါတယ္။

-----------------

(Unicode)

အာဖဂန် ၄၀၀ နီးပါး တင်ဆောင်လာတဲ့ တူရကီသင်္ဘော ဂရိပိုင်းကျွန်း ဆိုက်ကပ်

တူရကီအလံလွှင့်ထားပြီး အာဖဂန် ရွှေ့ပြောင်းအခြေချသူ ၄၀၀ နီးပါးကို တင်ဆောင်ထားတဲ့ ကုန်သင်္ဘောတစင်းဟာ ဂရိပိုင်ကျွန်းတကျွန်းမှာ တနင်္ဂနွေနေ့ အစောပိုင်းက လာရောက်ဆိုက်ကပ်ပါတယ်။ ဒီသင်္ဘောဟာ Aegean ပင်လယ်ထဲ သင်္ဘောစက်ရပ်ပြီး ၂ ရက်ကြာ မျောနေခဲ့တာပါ။

နှစ်ပေါင်းများစွာအတွင်း လူအများဆုံး အုပ်စုလိုက် ရွှေ့ပြောင်းမှုတရပ်ဖြစ်ပြီး လူ ၆ ဦးတော့ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ရွှေ့ပြောင်းအခြေချမှုဆိုင်ရာ ဝန်ကြီးဌာနက ဆိုပါတယ်။

တခြားလူတွေကိုတော့ ကျွန်းရဲ့ လက်ခံရေးဌာနကို ပို့ထားပြီး အဲဒီမှာ ယာယီအားဖြင့် အသွားအလာ ကန့်သတ်ထားပြီး စိစစ်ရေး လုပ်ဆောင်သွားမယ်လို့ ဝန်ကြီးဌာနက ဆိုပါတယ်။

တူရကီကိုရောက်နေတဲ့ နိုင်ငံခိုလှုံရာရှာသူတွေအတွက် ဥရောပကို သွားရာလမ်းကြောင်းပေါ်မှာ ဂရိနိုင်ငံ တည်ရှိနေတာလည်း ဖြစ်ပါတယ်။ ဥရောပသမဂ္ဂ EU နဲ့ တူရကီတို့ ရွှေ့ပြောင်းဝင်ရောက်မှုဆိုင်ရာ သဘောတူညီခဲ့တာမို့ ၂၀၁၆ နောက်ပိုင်း ဝင်ရောက်လာသူ အရေအတွက် ကျဆင်းသွားပါတယ်။

သို့ပေမယ့်လည်း ပြီးခဲ့တဲ့ သြဂုတ်လမှာ တာလီဘန်တွေ အာဖဂန်မှာ အာဏာရလာပြီးနောက်ပိုင်း EU နိုင်ငံ တော်တော်များများက အရင်က သန်းချီတဲ့ ဆီးရီးယားဒုက္ခသည်တွေ ဂရိကိုဖြတ်ပြီး ဥရောပထဲ ဝင်ရောက်လာသလိုမျိုး ဖြစ်မှာကို စိုးရိမ်နေကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG