သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူမျိုးရေးမခွဲခြားဖို့ ဗြိတိန်မှာ ထောင်ချီဆန္ဒပြ တောင်းဆို


လန်ဒန်မြို့တော်က "လက်ယာစွန်း ဆန့်ကျင်ရေး" ဆန္ဒပြပွဲအတွင်း လူမျိုးရေးခွဲခြားမှုဆန့်ကျင်ရေး စာတမ်းတွေ ကိုင်ဆောင် လှုံ့ဆော်ခဲ့ကြတဲ့ မြင်ကွင်း။ ဩဂုတ်လ ၁၀ ရက်၊ ၂၀၂၄ ခုနှစ်။ ဓာတ်ပုံ - AFP
လန်ဒန်မြို့တော်က "လက်ယာစွန်း ဆန့်ကျင်ရေး" ဆန္ဒပြပွဲအတွင်း လူမျိုးရေးခွဲခြားမှုဆန့်ကျင်ရေး စာတမ်းတွေ ကိုင်ဆောင် လှုံ့ဆော်ခဲ့ကြတဲ့ မြင်ကွင်း။ ဩဂုတ်လ ၁၀ ရက်၊ ၂၀၂၄ ခုနှစ်။ ဓာတ်ပုံ - AFP

ဗြိတိန်နိုင်ငံ တလွှားမှာ စနေနေ့က လူမျိုးရေးခွဲခြားမှု မရှိစေဖို့ ထောင်နဲ့ချီပြီး တောင်းဆိုဆန္ဒပြ ခဲ့ကြပါတယ်။ Southport မှာ မိန်းကလေးငယ် ၃ ဦး ဓားထိုး အသတ်ဖြတ်ခံရတဲ့နောက် လက်ယာစွန်းရောက်သူတွေက မွတ်ဆလင်တွေနဲ့ ပြောင်းရွှေ့ အခြေချသူတွေကို ပစ်မှတ်ထား တိုက်ခိုက်တဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပွားလာတာကို ဆန့်ကျင်ဆန္ဒပြကြတာ ဖြစ်ပါတယ်။

လန်ဒန်၊ Glasgow ၊ Belfast ၊ မန်ချက်စတာ အပါအဝင် မြို့ရွာ အတော်များများမှာ လူတွေ စုဝေးဆန္ဒပြကြတာပါ။

ဗုဒ္ဓဟူးနေ့ကလည်း လက်ယာစွန်းဝါဒီတွေရဲ့ ပစ်မှတ်ထားတိုက်ခိုက်မှုတွေကြောင့် Belfast အပါအဝင် နေရာ တဒါဇင်ကျော် လောက်မှာ အကြမ်းဖက်မှုတွေနဲ့ မငြိမ်မသက် ဖြစ်ခဲ့ပါတယ်။

ဇူလိုင်လ ၂၉ ရက် ကဖြစ်ပွားတဲ့ ဓားထိုးသတ်ဖြတ်မှု နောက်ပိုင်း ဒါဟာ ရွှေ့ပြောင်းအခြေချ လာတဲ့ မွတ်ဆလင်ရဲ့ လုပ်ရပ် အဖြစ် လူမှုမီဒီယာမှာ မှားယွင်းပုံဖေါ်မှုတွေကြောင့် အခုလို အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ရတာပါ။

ဆူပူသူတွေက မွတ်ဆလင် ဗလီဝတ်ကျောင်းတွေ၊ ပြောင်းရွှေ့အခြေချသူတွေနဲ့ ဆက်နွယ်နေတဲ့ ဟော်တယ်တွေ အပြင် လုံခြုံရေး ရဲတွေ၊ ရဲကားတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ဆူပူမှုနဲ့ ဆက်နွယ်ပြီးအဖမ်းဆီး ခံရသူက ၇၀၀ ကျော်ရှိ နေပြီဖြစ်ပါတယ်။

အိုင်ယာလန်မြောက်ပိုင်း မှာတော့ ပြီးခဲ့တဲ့ သီတင်းပတ်ကုန် ကစပြီး ခုချိန်အထိ ဆူပူလှုပ်ရှားမှုတွေ ရှိနေဆဲပါ။ စနေနေ့ မနက်အစောပိုင်းမှာပဲ Belfast အရှေ့ဘက် Newtownards မှာရှိတဲ့ ဗလီဝတ်ကျောင်း တခုမှာ မီးလောင်ဗုံးနဲ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့သလို မြောက်အိုင်ယာလန် ရဲဌာန အဆောက်အအုံနဲ့ နံရံတွေမှာ မကျေနပ်တဲ့ စာတွေကို graffiti နဲ့ ရေးထိုးခဲ့ကြပါတယ်။ စနေနေ့က Belfast မှာ ခွဲခြားဆက်ဆံမှု မလုပ်ဖို့ ဒေသခံ ၅ ထောင်လောက် စုဝေး ဆန္ဒပြခဲ့တာဖြစ်ပါတယ်။ လန်ဒန်မှာ တော့ ပါလီမန် အဆောက်အအုံရှိရာကို ရာနဲ့ချီ ချီတက် ဆန္ဒပြခဲ့ကြတာပါ။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG