သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါတီသမ္မတလောင်း အဆိုပြုချက် ဒုသမ္မတ Harris လက်ခံ မိန့်ခွန်းပြောမည်


အမေရိကန် ဒုသမ္မတ ကမ်မလာဟဲရစ်
အမေရိကန် ဒုသမ္မတ ကမ်မလာဟဲရစ်

ဒီမိုကရက်တစ်ပါတီရဲ့ နိုင်ငံလုံးဆိုင်ရာ ညီလာခံ နောက်ဆုံးနေ့ဖြစ်တဲ့ ကြာသပတေးနေ့ညပိုင်းမှာ လက်ရှိ ဒုသမ္မတ ကမ်မလာဟဲရစ်က သမ္မတလောင်းအဖြစ် အဆိုပြုချက်ကို တရားဝင် လက်ခံကြောင်း မိန့်ခွန်းပြောကြားမှာ ဖြစ်ပါတယ်။

အခုလို လက်ခံမိန့်ခွန်းပြောကြားတာကို သန်းနဲ့ချီတဲ့ လူထုက စောင့်စားကြည့်ရှုကြမှာ ဖြစ်တဲ့အတွက် ဒီအခွင့်အရေးကို အသုံးချတဲ့အနေနဲ့ အမေရိကန်နိုင်ငံနဲ့ ပတ်သက်တဲ့ သူ့ရဲ့အမြင်တွေကို ချပြဖို့ရှိသလို ပြိုင်ဘက် ရီပတ်ဘလစ်ကင်ပါတီက သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို ထိုးနှက်ဖို့လည်း ရှိပါတယ်။

ဟဲရစ် ပြောကြားမယ့် မိန့်ခွန်းမှာ အဓိက အကြောင်းအရာ ၃ ခု ပါဝင်မှာဖြစ်ကြောင်း တရားဝင်ပြောခွင့် မရှိတဲ့အတွက် အမည်မဖေါ်လိုတဲ့ ရွေးကောက်ပွဲ မဲဆွယ်အဖွဲ့ တာဝန်ခံတဦးက ပြောပါတယ်။ ဟဲရစ်ဟာ လူလတ်တန်းစား မိသားစုကနေ ကြီးပြင်းလာရတဲ့ သူ့ဘဝကို ပုံဖေါ်ပြီး အစိုးရရှေ့နေ တဦးအနေနဲ့ သူ့လို တခြားမိသားစုတွေကို အကာကွယ်ပေးတာကို တင်ပြဖို့ရှိသလို၊ ပြိုင်ဘက် ထရမ့်ရဲ့ ဆိုးဝါးတဲ့ အတွေးအခေါ်တွေ၊ မျိုးချစ်စိတ် ရှိဖို့ လှုှုံ့ဆော်မှုတွေကို ဆန့်ကျင်ကြောင်း၊ တင်ပြမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

ဒုသမ္မတလောင်း ရွေးချယ်မှု ရွေးကောက်ပွဲ သက်ရောက်နိုင်ခြေ
please wait

No media source currently available

0:00 0:03:55 0:00

တနင်္လာနေ့ ပါတီညီလာခံမှာ ဒုသမ္မတ ဟဲရစ်က သမ္မတဘိုင်ဒန်ကို ကျေးဇူးတင်စကား ပြောခဲ့သလို အင်္ဂါနေ့ ဒီမိုကရက်ပါတီဝင်တွေက သူ့ကို သမ္မတလောင်းအဖြစ် ဝင်ရာက် အရွေးခံဖို့ အတည်ပြု ရွေးချယ်ချိန်မှာလည်း ထပ်မံပြောကြားခဲ့တာပါ။

ကြာသပတေးနေ့ ပါတီညီလာခံ နောက်ဆုံးနေ့ သူမိန့်ခွန်း မပြောခင်မှာ မီရှီဂန်ပြည်နယ် အုပ်ချုပ်ရေးမှုး Gretchen Whitmer ၊ မြောက်ကာရိုလိုင်းနားပြည်နယ် အုပ်ချုပ်ရေးမှုး Roy Cooper ၊ လူထု အခွင့်ရေးဆိုင်ရာ ဦးဆောင်သူ Al Sharpton နဲ့ အမေရိကန်ဆရာများအသင်း ဥက္ကဌ Randi Weingarten တို့ မိန့်ခွန်းပြောကြားဖို့ ရှိပါတယ်။

ဒါ့အပြင် ဒီပွဲမှာ နာမည်ကျော် အဆိုတော် Pink ကလည်း လာရောက် ဖျော်ဖြေမှာ ဖြစ်ပါတယ်။ ဟဲရစ်ဟာ အမေရိကန်နိုင်ငံရဲ့ အဓိကပါတီကြီး ၂ ခုထဲက တခုဖြစ်တဲ့ ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတလောင်းအဖြစ် အမည်စာရင်း တင်သွင်းတာကို ပထဆုံး လက်ခံမယ့် တောင်အာရှနွယ်ဖွား တဦး ဖြစ်သလို ပထမဆုံး လူမည်းအမျိုးသမီးလည်း ဖြစ်ပါတယ်။

ပါတီသမ္မတလောင်း အဆိုပြုချက် ဒုသမ္မတ Harris လက်ခံ မိန့်ခွန်းပြောမည်
please wait

No media source currently available

0:00 0:01:14 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG