သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Mpox မျိုးကွဲသစ် ကူးစက်သံသယရှိသူတဦး ထိုင်းနိုင်ငံမှာတွေ့ရှိ


အန္တရာယ်မားကြီးတဲ့ mpox မျောက်ကျောက်ရောဂါ မျိုးကွဲသစ် အကူးစက်ခံရသူလို့ သံသယရှိသူ တဦးကို ထိုင်းနိုင်ငံမှာ ပထမဆုံးတွေ့ရှိရကြောင်းနဲ့ သူဟာ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ အာဖရိက ကနေ ထိုင်းနိုင်ငံကို လာရောက်ခဲ့တဲ့ ဥရောပ ခရီးသွားတဦးဖြစ်ကြောင်း ထိုင်းကျန်းမာရေးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

အသက် ၆၆ နှစ်ရှိပြီဖြစ်တဲ့ သူဟာ ထိုင်းနိုင်ငံကို သြဂုတ်လ ၁၄ ရက်နေ့က ရောက်လာတာ ဖြစ်ပြီး နောက်တနေ့မှာ ဆေးရုံတက် ကုသမှု ခံယူခဲ့ရကြောင်းနဲ့ သူ့မှာ မျောက်ကျောက်ရောဂါ လက္ခဏာတွေ တွေ့ရတဲ့အတွက် သီးခြားခွဲထားရကြောင်း ကြာသပတေးနေ့မှာ ထိုင်းကူးစက်ရောဂါ ထိန်းချုပ်ရေးဌာနက သူ့ဝက်ဘ်ဆိုက်မှာ ကြေညာချက် တင်ထားပါတယ်။

သူ့ရောဂါ လက္ခဏာတွေက သိပ်မပြင်းထန်ဘူးလို့လည်း ပြောပါတယ်။ သူ့မှာရှိတဲ့ မျောက်ကျောက်ရောဂါ ဗိုင်းရပ်စ်ပိုးဟာ မျိုးကွဲအဟောင်းဖြစ်တဲ့ Clade 2 ထက် ပိုပြီး အန္တရာယ်ကြီးတဲ့ Clade 1b မျိုးကွဲ အသစ်ဖြစ်တာကို စမ်းသပ်တွေ့ရှိရကြောင်းလည်း ပြောပါတယ်။

နောက်ထပ် စစ်ဆေးတွေ့ရှိချက် အသစ်တွေကို သောကြာနေ့မှာ ထုတ်ပြန်ပေးဖို့ရှိကြောင်းလည်း ထိုင်းကူးစက်ရောဂါ ထိန်းချုပ်ရေးဌာန DCC အကြီးအကဲ ထုံချိုင်း ကီရာတီဟတာ ယာကွန်က ဘန်ကောက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ ကွန်ဂိုမှာ ဒီရောဂါ စတင်ဖြစ်ပွါးခဲ့တဲ့ နောက် WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး က မျောက်ကျောက်ရေးဂါ ပိုး မျိုးကွဲအသစ်အတွက် ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေ ကြေညာခဲ့တာပါ။

ထိုင်းနိုင်ငံမှာတော့ ဒီပိုးအကူးစက်ခံရတယ်လို့ သံသယရှိသူ ထိုင်းနိုင်ငံကို မလာခင် ထိတွေ့ဆက်ဆံခဲ့သူ ၄၃ ယောက်ကို စောင့်ကြည့် လေ့လာနေတယ်လို့လည်း သတင်းထုတ်ပြန်ခဲ့တာပါ။ အခုတွေ့ရတဲ့ ပိုးမျိုးကွဲသစ်ဟာ ကူးစက်မှု လျင်မြန်တယ်လို့လည်း ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG