သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Mpox ရောဂါ ကမ္ဘာ့ကျန်းမာရေးအရေးပေါ်အခြေအနေ WHO ကြေညာသတ်မှတ်


ကွန်ဂိုနိုင်ငံအတွင်းက နာကျင်လှတဲ့ မျောက်ကျောက်ရောဂါခံစားနေရသူကလေးတဦး (ဇူလိုင် ၁၉၊ ၂၀၂၄)
ကွန်ဂိုနိုင်ငံအတွင်းက နာကျင်လှတဲ့ မျောက်ကျောက်ရောဂါခံစားနေရသူကလေးတဦး (ဇူလိုင် ၁၉၊ ၂၀၂၄)

အာဖရိကတိုက်မှာ ကူးစက်ပျံ့နှံ့နေတဲ့ မျောက်ကျောက် ခေါ် mpox ရောဂါဖြစ်ပွားမှုကို ကမ္ဘာ့ကျန်းမာရေးဆိုင်ရာအရေးပေါ်အခြေအနေအဖြစ် WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကြေညာလိုက်ပါတယ်။ mpox ရောဂါနဲ့ပတ်သက်လို့ ကမ္ဘာတဝန်း ဘယ်လိုကိုင်တွယ်ဆောင်ရွက်ကြမလဲဆိုတာနဲ့ ဒီလို အရေးပေါ်အခြေအနေသတ်မှတ်ဖို့အတွက် WHO က ဗုဒ္ဓဟူးနေ့မှာ အစည်းအဝေးခေါ်ယူခဲ့ရပါတယ်။

လွန်ခဲ့တဲ့နှစ်နှစ် ၂၀၂၂ ခုနှစ်တုန်းကလည်း ဒီထက်အနည်းငယ်အားပျော့တဲ့ mpox ရောဂါပိုး ဗိုင်းရပ်ကူးစက်မှုကို WHO က ကျန်းမာရေးအရေးပေါ် အခြေအနေ ကြေညာခဲ့ရပြီးတဲ့နောက် အခုတကြိမ် ပိုးအမျိုးအစားဟာ ပိုပြီး စိုးရိမ်စရာကောင်းတဲ့ ဗိုင်ရပ်စ်အပြင်းစားဖြစ်တယ်လို့သိရပါတယ်။ ၂၀၂၄ တနှစ်တည်းမှာတင် ရောဂါပိုးကူးစက်ခံရသူနဲ့ ကူးစက်ခံတယ်လို့သံသယရှိသူ တသောင်းခွဲကျော်လာတဲ့အတွက် အခုလို အရေးပေါ်အခြေအနေ ကြေညာလိုက်ရတာဖြစ်ပါတယ်။

mpox ရောဂါဖြစ်စေတဲ့ အဓိက ပျံ့နှံ့နေတဲ့ ဗိုင်းရပ်စ်ပိုးနှစ်မျိုးကို Clad 1 and Clad 2 လို့ သတ်မှတ်ထားပြီး နှိုင်းယှဉ်ချက်အရ ပိုအားပျော့တဲ့ Clad 2 ကတော့ 2022 ခုနှစ်မှာ ကမ္ဘာ့ကူးစက်ပျံ့နှံ့မှုဖြစ်ခဲ့တာပါ။ အခု ရင်ဆိုင်နေရတာက Clad1 ပိုး ကူးစက်ပျံ့နှံ့မှုတင်မဟုတ်ဘဲ တခြားတိုင်းပြည်ဒေသတွေမှာ ပျံ့နှံ့နေတဲ့ မတူကွဲပြားတဲ့ Clad မျိုးစိတ်တွေပါ အန္တရာယ်ပုံစံအမျိုးမျိုးနဲ့ ရင်ဆိုင်နေရတယ်လို့ WHO အကြီးအကဲ Tedros Ghebreyesus က ပြောပါတယ်။

အခုတွေ့ရတဲ့ mpoz မျောက်ကျောက်ရောဂါ ပိုးအမျိုးအစားကိုတော့ အခုနှစ်ဆန်းပိုင်းမှာ သိပ္ပံပညာရှင်တွေ စတွေ့ခဲ့ပြီး ဒီပိုးကူးစက်ခံရသူ ၁၀ ရာခိုင်နှုန်းအထက် အသက်အန္တရာယ်ဆုံးရှုံးကြရပါတယ်။ mpox ရောဂါလက္ခဏာတွေကို ရင်ဘတ်၊ မျိုးပွားအင်္ဂါ၊ ခြေ၊ လက်တွေပေါ်မှာ တွေ့ရပြီး ဖျားနာတာနဲ့ ကြွက်သားနာကျင်တဲ့ဝေဒနာတွေ ခံစားရလေ့ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG