(Zawgyi / Unicode)
အေမရိကန္ ျပည္ေထာင္စု အတြင္း ေမ်ာက္ ေက်ာက္ ေရာဂါကို လူထု က်န္းမာေရး အေရးေပၚ အေျခအေန အျဖစ္ ေၾကညာေၾကာင္း က်န္းမာေရး ၀န္ႀကီးက ၾကာသပေတးေန႔မွာ ေျပာဆိုုပါတယ္။ ဒီလို ေဆာင္ရြက္လိုက္တာေၾကာင့္ ေရာဂါ တိုက္ဖ်က္ေရး အတြက္ ေနာက္ထပ္ ရန္ပံုေငြနဲ႔ ေဆာင္ရြက္ခ်က္ေတြ ထပ္ၿပီး တိုးလာမယ္လို႔လည္း ခန္႔မွန္းထားၾကပါတယ္။
အေမရိကန္ ျပည္ေထာင္စု တ၀န္းမွာ ဗုဒၶဟူးေန႔ အထိ ေမ်ာက္ေက်ာက္ ေရာဂါ ျဖစ္ပြားသူ ၆,၆၀၀ ထိ ေရာက္ရွိလာၿပီး ေနာက္ အခု ေၾကညာခ်က္ ထြက္ေပၚလာတာပါ။ အမ်ားစု ျဖစ္ပြားသူေတြကေတာ့ အမ်ိဳးသားခ်င္း လိင္ဆက္ဆံသူေတြမွာ ျဖစ္ပါတယ္။ ဒီ ဗိုင္းရပ္ တိုက္ဖ်က္ေရးကို အဆင့္တိုးျမွင့္ ေဆာင္ရြက္သြားဖို႔ ျပင္ဆင္ထားေၾကာင္းနဲ႔ အေမရိကန္ေတြ အေနနဲ႔ ေမ်ာက္ေက်ာက္ ေရာဂါကို အထူးအေလးထားၾကဖို႔လည္း တိုက္တြန္းေၾကာင္း က်န္းမာေရးနဲ႔ လူမႈ ၀န္ထမ္း ဌာန ၀န္ႀကီး Xavier Becerra က သတင္းစာ ရွင္းလင္းပြဲမွာ ေျပာပါတယ္။
အခုလို ေၾကညာလိုက္တာေၾကာင့္လည္း ေမ်ာက္ေက်ာက္ ဆိုင္ရာ အခ်က္အလက္ေတြ ရရွိမႈ ပိုၿပီး တိုးတက္ေစေရး အတြက္ အေထာက္အကူ ျဖစ္ေစမယ္လို႔လည္း အေမရိကန္ ကူးစက္ေရာဂါ ထိန္းခ်ဳပ္ ကာကြယ္ေရး ဌာန ၫႊန္ၾကားေရးမွဴး Rochelle Walensky က ၀န္ႀကီး Bacerra နဲ႔ အတူ လုပ္တဲ႔သတင္းစာ ရွင္းလင္းပြဲအတြင္းမွာ ေျပာပါတယ္။ ကမ ၻာ့က်န္းမာေရး အဖြဲ႔ႀကီး WHO ကလည္း ေမ်ာက္ေက်ာက္ ေရာဂါ အေရး အျမင္႔ဆံုး သတိေပးခ်က္ အျဖစ္နဲ႔ ႏိုင္ငံတကာ လူထု က်န္းမာေရးဆိုင္ရာ အေရးေပၚ အေျခအေန အျဖစ္ သတ္မွတ္ထားၿပီး ျဖစ္ပါတယ္။
(Unicode)
မျောက်ကျောက်ရောဂါ လူထုကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် အမေရိကန်ကြေညာ
အမေရိကန် ပြည်ထောင်စု အတွင်း မျောက် ကျောက် ရောဂါကို လူထု ကျန်းမာရေး အရေးပေါ် အခြေအနေ အဖြစ် ကြေညာကြောင်း ကျန်းမာရေး ဝန်ကြီးက ကြာသပတေးနေ့မှာ ပြောဆိုပါတယ်။ ဒီလို ဆောင်ရွက်လိုက်တာကြောင့် ရောဂါ တိုက်ဖျက်ရေး အတွက် နောက်ထပ် ရန်ပုံငွေနဲ့ ဆောင်ရွက်ချက်တွေ ထပ်ပြီး တိုးလာမယ်လို့လည်း ခန့်မှန်းထားကြပါတယ်။
အမေရိကန် ပြည်ထောင်စု တဝန်းမှာ ဗုဒ္ဓဟူးနေ့ အထိ မျောက်ကျောက် ရောဂါ ဖြစ်ပွားသူ ၆,၆၀၀ ထိ ရောက်ရှိလာပြီး နောက် အခု ကြေညာချက် ထွက်ပေါ်လာတာပါ။ အများစု ဖြစ်ပွားသူတွေကတော့ အမျိုးသားချင်း လိင်ဆက်ဆံသူတွေမှာ ဖြစ်ပါတယ်။ ဒီ ဗိုင်းရပ် တိုက်ဖျက်ရေးကို အဆင့်တိုးမြှင့် ဆောင်ရွက်သွားဖို့ ပြင်ဆင်ထားကြောင်းနဲ့ အမေရိကန်တွေ အနေနဲ့ မျောက်ကျောက် ရောဂါကို အထူးအလေးထားကြဖို့လည်း တိုက်တွန်းကြောင်း ကျန်းမာရေးနဲ့ လူမှု ဝန်ထမ်း ဌာန ဝန်ကြီး Xavier Becerra က သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
အခုလို ကြေညာလိုက်တာကြောင့်လည်း မျောက်ကျောက် ဆိုင်ရာ အချက်အလက်တွေ ရရှိမှု ပိုပြီး တိုးတက်စေရေး အတွက် အထောက်အကူ ဖြစ်စေမယ်လို့လည်း အမေရိကန် ကူးစက်ရောဂါ ထိန်းချုပ် ကာကွယ်ရေး ဌာန ညွှန်ကြားရေးမှူး Rochelle Walensky က ဝန်ကြီး Bacerra နဲ့ အတူ လုပ်တဲ့သတင်းစာ ရှင်းလင်းပွဲအတွင်းမှာ ပြောပါတယ်။ ကမ ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး WHO ကလည်း မျောက်ကျောက် ရောဂါ အရေး အမြင့်ဆုံး သတိပေးချက် အဖြစ်နဲ့ နိုင်ငံတကာ လူထု ကျန်းမာရေးဆိုင်ရာ အရေးပေါ် အခြေအနေ အဖြစ် သတ်မှတ်ထားပြီး ဖြစ်ပါတယ်။