သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

WHO ၇၅ နှစ်ပြည့်တဲ့ ၂၀၂၃ ကမ္ဘာ့ကျန်းမာရေးနေ့


World Health Organization (WHO)
World Health Organization (WHO)

=== [[ ZAWGYI ]] ===

WHO ၇၅ နှစ်ပြည့်တဲ့ ၂၀၂၃ ကမ္ဘာ့ကျန်းမာရေးနေ့

ဧပြီလ ၇ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ကျန်းမာရေးနေ့မှာ ကမ္ဘာ့နိုင်ငံတွေအကြား ကပ်ရောဂါ ကာကွယ်တိုက်ဖျက်ရေးမှာ ကြီးမားတဲ့ ကွာဟချက်တွေ ရှိနေဆဲ ဆိုတာကို COVID-19 ကူးစက်ရောဂါက ရက်စက်ကြမ်းကြုတ်စွာနဲ့ပဲ ထုတ်ဖော်ပြသခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ညွန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus တက်ဒရို့စ် အာဒါနွမ် ဂေဘရီယေးဆက်စ်က ပြောလိုက်ပါတယ်။

" ကမ္ဘာတဝန်းမှာ COVID-19 ကြောင့် လူပေါင်း ၇၆၂ သန်းကျော် ဖျားနာခဲ့ရပြီး လူ ၆.၈ သန်းကျော် သေဆုံးခဲ့ရတာပါ။ ရာစုနှစ်အတွင်း အကြီးမားဆုံး ကပ်ဘေးကြီးဖြစ်ခဲ့တဲ့ COVID-19 တိုက်ဖျက်ရေးကို လွန်ခဲ့တဲ့ ၃ နှစ်လုံး WHO က ဆောင်ရွက်ခဲ့ပြီး ကမ္ဘာကြီးဟာ အခုအချိန်မှာ WHO ကို အရင်ကထက် ပိုလိုအပ်နေပါတယ်” လို့လည်း WHO အကြီးအကဲက ပြောပါတယ်။

ဒီနှစ် ကမ္ဘာ့ကျန်းမာရေးနေ့ဟာ - လူသားသမိုင်းမှာ အဆိုးရွားဆုံးနဲ့ အဖျက်ဆီး အခံရဆုံးစစ်ပွဲအဖြစ် သတ်မှတ်ခဲ့ကြတဲ့ ဒုတိယကမ္ဘာစစ်ကြီးအပြီးမှာ ပိုမိုကြံ့ခိုင်သန်စွမ်းတဲ့ ကမ္ဘာကြီးကို ဖန်တီးဖို့ တည်ထောင်ခဲ့တဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ ၇၅ နှစ်မြောက် နှစ်ပတ်လည်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

WHO အနေနဲ့ ရည်မှန်းချက်တွေ ဆောင်ရွက်နိုင်ခဲ့ပြီး ကျား-မ လိင်နှစ်မျိုးစလုံးအတွက် ကမ္ဘာ့ ပျမ်းမျှသက်တမ်းဟာ ၄၆ နှစ်ကနေ ၇၃ နှစ်အထိ တိုးလာပြီး အဆင်းရဲဆုံး နိုင်ငံတွေမှာ အကြီးမားဆုံး အကျိုးအမြတ်တွေ ရခဲ့တယ်လို့လည်း တက်ဒရို့စ်က မှတ်ချက်ပြုပါတယ်။ ဒါ့အပြင် “ကျောက်ရောဂါကို အမြစ်ပြတ် ချေမှုန်းနိုင်ခဲ့ပြီး ပိုလီယိုရောဂါကိုလည်း အလုံးစုံ ပပျောက်နိုင်ဖို့ လက်တကမ်းပဲ လိုတော့တယ်” လို့လည်း သူက ဆိုပါတယ်။

ဒါပေမဲ့ တပြိုင်နက်တည်းမှာပဲ အီဘိုလာ၊ မာဘတ်၊ ဆားစ် နဲ့ COVID-19 အပါအဝင် ရောဂါအသစ်တွေနဲ့ သေစေတတ်တဲ့ အခြား ရောဂါပိုးတွေ ပေါ်ပေါက်လာတာနဲ့အတူ စိန်ခေါ်မှုတွေက ဆက်လက် ကျန်ရှိနေပါသေးတယ်။

WHO ၇၅ နှစ်ပြည့်တဲ့ ၂၀၂၃ ကမ္ဘာ့ကျန်းမာရေးနေ့
please wait

No media source currently available

0:00 0:01:18 0:00
တိုက်ရိုက် လင့်ခ်

=== {{ UNICODE }} ===

WHO ၇၅ နှဈပွည့ျတဲ့ ၂၀၂၃ ကမ်ဘာ့ကနြျးမာရေးနေ့






XS
SM
MD
LG