သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ် အရေးအခင်းကာလ လူ့အခွင့်အရေးချိုးဖောက်မှု ကုလသွားရောက်စုံစမ်းမည်


ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဆန္ဒပြပွဲ
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဆန္ဒပြပွဲ

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ပြီးခဲ့တဲ့လက ကျောင်းသားတွေ ဦးဆောင်တဲ့ လူထုဆန္ဒပြမှုတွေအတွင်း ဖြစ်ပွါးခဲ့တဲ့ လူ့အခွင့်ရေး ချိုးဖေါက်မှုတွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးပေးဖို့ ကြားဖြတ်အစိုးရရဲ့ ပန်ကြားမှုကြောင့် အချက်လက်စုံစမ်းရေး အဖွဲ့တဖွဲ့ကို စေလွှတ်မှာဖြစ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်ရေးရုံးက သောကြာနေ့မှာ ပြောပါတယ်။

အစိုးရအလုပ်အကိုင်အတွက် ခွဲတန်းချစံနစ်နဲ့ လုပ်ဆောင်တာကို မကြေနပ်တဲ့ ဆန္ဒပြပွဲတွေကနေ လူသေဆုံးရတဲ့ အထိ အကြမ်းဖက်မှုတွေ ဖြစ်ပွါးခဲ့တာပါ။ ဒါဟာ ၁၉၇၁ ဘင်္ဂလားဒေ့ရှ်နိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းချိန်ကစပြီး အသေအပျောက် အများဆုံး လူထုအုံကြွမှု ဖြစ်ပါတယ်။

လူပေါင်း တထောင်ကျော် သေဆုံးရသလို သြဂုတ်လ ၅ ရက်နေ့မှာတော့ ဝန်ကြီးချုပ် ရှိတ်ဟာစီနာလည်း နှုတ်ထွက်ပြီး အိန္ဒိယနိုင်ငံကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ သူထွက်ပြေးသွားပြီး ရက်အနည်းငယ်လောက် အကြမ်းဖက်မှုတွေ ဆက်လက် ဖြစ်ပွါးနေခဲ့တာပါ။

လုံခြုံရေးတပ်သားတွေက ဆန္ဒပြမှုတွေကို ခြေမှုန်းနေချိန်မှာပဲ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် Muhammad Yunus ဦးဆောင်တဲ့ ကြားဖြတ်အစိုးရ တက်လာပြီး အကြမ်းဖက်မှုတွေ ငြိမ်သက်သွားအောင် ကြိုးစားခဲ့တာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်ရေးဆိုင်ရာရုံး ပြောခွင့်ရ Ravina Shamdasani က အခုစေလွှတ်မယ့် အချက်လက် ရှာဖွေရေး အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်မှာ ဖြစ်ပွါးတဲ့ အကြမ်းဖက်မှုတွေနဲ့ ဆန္ဒပြမှုတွေအတွင်း လူ့အခွင့်ရေးချိုးဖေါက်မှု ဆိုင်ရာ အစီရင်ခံစာတွေကို ဆန်းစစ်ဖို့၊ ဖြစ်ပွါးရတဲ့ အကြောင်းရင်းတွေကို စိစစ်ဖို့ အပြင် တရားမျှတမှုနဲ့ ရေရည် ပြုပြင်ပြောင်းလဲရေး အရှည်တည့်တံ့ဖို့ အတွက် လုပ်ဆောင်သင့်တာတွေကိုပါ အကြံပြုချက်တွေ ထုတ်ပြန်ပေးသွားမှာ ဖြစ်ပြီး လာမယ့် သီတင်းပတ်တွေအတွင်း ဒီအဖွဲ့ကို စေလွှတ်ပေးမှာ ဖြစ်ကြောင်း ကြေညာချက် တစောင် ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG