သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုက်ဖွင့် စကားစစ်ထိုးဖို့ ဟဲရစ် တောင်းဆို

Election 2024 Debates
Election 2024 Debates

“ သမ္မတ ရွေးကောက်ပွဲ ဝင်ကြမယ့် သူတွေအနေနဲ့၊ ပွင့်လင်းမြင်သာမှု ရှိရှိ မိုက်ကရိုဖုန်းကို တချိန်လုံးဖွင့်ထားပြီး စကားစစ်ထိုးကြရအောင်လို့” ဒုသမ္မတ ကာမလာဟဲရစ်က သူ့ရဲ့ X လူမှုကွန်ယက်မှာရေးသားပါတယ်။ ဒေါ်နယ်ထရန့်ရဲ့ အကြံပေးအဖွဲ့ကတော့ မိုက်ကရိုဖုန်း တပြိုက်နက်တည်း ဖွင့်ထားတာမျိုးမလုပ်ဖို့ အကြံပေးထားပါတယ်။


လာမယ့် နိုဝင်ဘာလ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် လက်ရှိ ဒုသမ္မတ ကာမလာဟဲရစ် Kamala Harris က သူ့ရဲ့ပြိုင်ဘက် ရီပတ်ဘလစ်ကန် သမ္မတလောင်း ဒေါ်နယ်ထရန့်နဲ့ စကားစစ်ထိုးပွဲ လုပ်တဲ့အခါ မိုက်ကရိုဖုန်းကို တပြိုင်နက်ထဲ တချိန်လုံးဖွင့်ထားပြီး အပြန်အလှန် ပြောဆိုတာမျိုး လုပ်ရအောင်လို့ စနေနေ့က တောင်းဆိုလိုက်ပါတယ်။

သမ္မတလောင်း နှစ်ဦးဖြစ်တဲ့ ကာမလာ ဟဲရစ်နဲ့ ဒေါ်နယ်ထရန့်တို့ လာမယ့် စက်တင်ဘာလ ၁၀ ရက်နေ့မှာ ABC သတင်းဌာနက ပြုလုပ်ပေးမယ့် စကားစစ်ထိုးပွဲကို တက်ရောက်ပြောဆိုဖို့ သဘောတူထားပြီးဖြစ်ပါတယ်။

ဒေါ်နယ်ထရန့်ရဲ့ အကြံပေးအဖွဲ့က ဒေါ်နယ်ထရန့်ကို ကာမလာဟဲရစ်နဲ့ မိုက်ကရိုဖုန်းကို နှစ်ဦးစလုံးတပြိုက်နက်တည်း ဖွင့်ထားပြီး စကားစစ်ထိုးပွဲ မလုပ်ဖို့ အကြံပေးထားပါတယ်။

အခု ဒေါ်နယ်ထရန့်က သူ့လူတွေ အကြံပေးတာကို လက်လျော့ လိုက်လျောပါတော့မယ်။ သူ့ရဲ့ အကြံပေးအဖွဲ့ကတောင် သူ့အပေါ် အယုံအကြည်မရှိရင် ပြည်သူတွေက ဘယ်လိုယုံနိုင် မလဲလို့ ကာမလာဟဲရစ်က X လူမှုကွန်ယက်မှာ ထိုးနှက် ရေးသားထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လထဲ CNN က ပြုလုပ်တဲ့ သမ္မတလောင်း ဒေါ်နယ်ထရန့်နဲ့ သမ္မတ ဂျိုးဘိုင်ဒင်တို့ စကားစစ်ထိုးတုန်းက တလှည့်စီဘဲ ပြောခွင့်ပေးပြီး၊ တဦးပြောနေစဉ်အနှောက်အယှက် မဖြစ်စေဖို့ အခြားတဦးရဲ့ မိုက်ကို ပိတ်ထားပါတယ်။ ဒေါ်ထရန့်က သူ့မိုက်ကို ပိတ်ထားတာ မကြိုက်ဘဲ တချိန်လုံး ဖွင့်ထားစေချင်တယ်လို့ ပြောခဲ့ဖူးပါတယ်။

“ သမ္မတ ရွေးကောက်ပွဲ ဝင်ကြမယ့် သူတွေအနေနဲ့၊ ပွင့်လင်းမြင်သာမှု ရှိရှိ မိုက်ကရိုဖုန်းကို တချိန်လုံးဖွင့်ထားပြီး စကားစစ်ထိုးကြရအောင်လို့” ဒုသမ္မတ ကာမလာဟဲရစ်က သူ့ရဲ့ X လူမှုကွန်ယက်မှာရေးသားပါတယ်။

အခု စကားစစ်ထိုးပွဲ လက်ခံကျင်းပပေးမယ့် ABC သတင်းဌာနကို မိုက်ဖွင့် ထားမလား၊ တလှည့်စီ လုပ်မှာလား ဆိုတာကို သိနိုင်ဖို့ Reuter သတင်းဌာနက ဆက်သွယ်ခဲ့ပေမယ့် လောလောဆယ်မှာ ပြန်လည် ဖြေကြားခြင်း မရှိသေးပါဘူး။ သမ္မလောင်း ထရန့်ဘက်က တုံ့ပြန်ချက်လည်း ထွက်ပေါ် မလာသေးပါဘူး။

မိုက်ဖွင့် စကားစစ်ထိုးဖို့ ဟဲရစ် တောင်းဆို
please wait

No media source currently available

0:00 0:01:14 0:00
တိုက်ရိုက် လင့်ခ်

This item is part of

Forum

XS
SM
MD
LG