သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သဘာဝပတ်ဝန်းကျင် ထိခိုက်စေတဲ့ ငါးမျိုးစိတ် ကီလို ၁ သန်းကျော် ထိုင်းနိုင်ငံမှာဖမ်းဆီး


ပါးဟက်မဲ တလားပီးယား (Blackchin Tilapia)
ပါးဟက်မဲ တလားပီးယား (Blackchin Tilapia)

ထိုင်းနိုင်ငံမှာ သဘာ၀၀န်းကျင်နဲ့ ဂေဟဗေဒစနစ်ကို ခြိမ်းခြောက်နေတဲ့ ပါးဟက်မဲ တလားပီးယား (Blackchin Tilapia) ငါးအမျိုးအစား ကီလိုဂရမ် ၁.၃ သန်း ကို ဖမ်းဆီးနိုင်ခဲ့ကြောင်းအာဏာပိုင်တွေက ပြောပါတယ်။ ထိုင်းနိုင်ငံဟာ ဒေသခံ ငါးအမျိုးအစားတွေကို အနှောက်အယှက်ပေးမယ့် ကျူးကျော် ပြန့်ပွားနေတဲ့ ငါးအမျိုးအစားတွေကို ဖမ်းဆီး သုတ်သင်နိုင်ဖို့ ကြိုးစားနေတာပါ။

တကြိမ်မှာ အကောင်ရေ ၅၀၀ လောက်အထိ ပေါက်နိုင်တဲ့ အဲဒီ တလားပီးယား ငါးအမျိုးအစားတွေကို ထိုင်းနိုင်ငံအတွင်းက ခရိုင် ၁၉ ခုမှာ တွေ့ရှိခဲ့ရတယ်လို့လည်း ပြောပါတယ်။ ဒီငါးတွေဟာ ချောင်းတွေ၊ ရေကန်တွေထဲမှာ ငါးအသေးတွေ၊ ပုဇွန်တွေနဲ့ ခရုတွေကို စားလေ့ရှိတာကြောင့် ဒေသရဲ့ ဂေဟစနစ်ကို ထိခိုက်လာနေတာပါ။

ဒီ ငါးတွေကြောင့် ဂေဟစံနစ် ပျက်ဆီးတာအပြင် ထိုင်းနိုင်ငံအတွက် အရေးပါလှတဲ့ ငါးမွေးမြူရေးလုပ်ငန်းပါ ထိခိုက် ပျက်ဆီးမှာကို အာဏာပိုင်တွေက စိုးရိမ်နေပါတယ်။
အခုနှစ် ဖေဖော်ဝါရီလနဲ့ ဩဂုတ်လ ၂၈ ရက်အကြား ပါးဟက်မဲ တလားပီးယား ငါးအမျိုးအစား ကီလိုဂရမ် ၁.၃ သန်း ဖမ်းဆီး ရမိခဲ့ကြောင်း ဒီငါးတွေ ကျူးကျော် ပြန့်ပွားနေမှုကို ဖမ်းဆီး သုတ်သင်ရေးဆိုင်ရာ ထိုင်းလွှတ်တော်ကော်မီတီ ဒုတိယဥက္ကဋ္ဌ Nattacha Boonchaiinsawat က ပြောပါတယ်။

ဒီငါးတွေဟာ အရင် တွေ့ကြုံဖူးတဲ့ အခြေအနေနဲ့မတူဘဲ မြောင်းငယ်လေးတွေထဲမှာပါ တွေ့လာရတယ်လို့ ဒေသခံတွေနဲ့ စကားပြောကြည့်တဲ့အခါ သိခဲ့ရကြောင်း Nattacha က AFP သတင်းဌာနကို ပြောပါတယ်။

ဒီ တလားပီးယား ငါးအမျိုးအစားတွေရဲ့ နှောက်ယှက် အန္တရာယ်ပြုမှုကြောင့် ထိုင်းနိုင်ငံရဲ့ စီးပွားရေးကို ဒေါ်လာ ၂၉၃ သန်းနဲ့ ညီမျှတဲ့ ဘတ်ငွေ ၁၀ ဘီလီယံလောက် အနည်းဆုံး ထိခိုက်စေမယ်လို့လည်း Nattacha က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG