သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံရေကြီးမှုကြောင့် သေဆုံးသူ အနည်းဆုံး ၂၂ ဦးအထိ ရှိလာ


ထိုင်းနိုင်ငံမြောက်ပိုင်း Phrae ခရိုင်မှာ ရေကြီးရေလျှံနေသည့်မှတ်တမ်းပုံ (ဩဂုတ် ၂၄၊ ၂၀၂၄)
ထိုင်းနိုင်ငံမြောက်ပိုင်း Phrae ခရိုင်မှာ ရေကြီးရေလျှံနေသည့်မှတ်တမ်းပုံ (ဩဂုတ် ၂၄၊ ၂၀၂၄)

ထိုင်းနိုင်ငံမှာ မုတ်သုံမိုးသည်းထန်စွာရွာတာကြောင့် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အနည်းဆုံး လူ ၂၂ ဦး သေဆုံးခဲ့တယ်လို့ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ တာဝန်ရှိသူတွေက ဒီကနေ့ ဩဂုတ်လ ၂၆ ရက်နေ့မှာ ပြောပါတယ်။ ဒီသီတင်းပတ်အတွင်း ရုတ်တရက် ရေကြီးရေလျှံမှုတွေ ထပ်ပြီး ဖြစ်နိုင်တယ်လို့လည်း သတိပေးထားပါတယ်။

ပြီးခဲ့တဲ့ ၁၀ ရက်အတွင်း မိုးသည်းထန်တာကြောင့် အနည်းဆုံး ၁၉ ဦး ထိခိုက်ဒဏ်ရာရခဲ့သလို ခရိုင် ၁၃ ခုမှာ အိမ်ထောင်စု ၃ သောင်းကျော်လောက် ရေဘေးဒုက္ခနဲ့ ကြုံခဲ့တယ်လို့ ဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးဌာနက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က ထိုင်းနိုင်ငံ နာမည်ကြီး အပန်းဖြေကျွန်း ဖူးခက် ဒေသအတွင်းက လူနေရပ်ကွက်တခုမှာ မြေပြိုခဲ့တာကြောင့် မြန်မာနိုင်ငံသား ၉ ဦး အပါအဝင် လူ ၁၃ ဦး သေဆုံးခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက မနေ့ တနင်္ဂနွေနေ့က ပြောပါတယ်။

နိုင်ငံမြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်း ခရိုင် ၃၁ ခုမှာ ကြာသပတေးနေ့အထိ ရုတ်တရက် ရေကြီးရေလျှံမှုတွေ ကြုံတွေ့ခဲ့တာပါ။ ရာသီဥတု ဖောက်ပြန်မှု အခြေအနေတွေကို အနီးကပ်စောင့်ကြည့်ဖို့နဲ့ အသင့်အနေအထားရှိဖို့ ဒေသအာဏာပိုင်တွေကို သတိပေးထားတယ်လို့လည်း ဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးဌာန ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ဘန်ကောက်မြို့စွန်နဲ့ မြစ်ကမ်းတစ်လျှောက် နေထိုင်ကြတဲ့ ဒေသခံတွေ ကုန်းမြင့်ဒေသကို ပြောင်းရွှေ့ကြဖို့လည်း သက်ဆိုင်ရာအာဏာပိုင်တွေက ကြိုတင် သတိပေးချက် ထုတ်ထားပါတယ်။ ပြည်သူတွေအနေနဲ့လည်း မိုးလေဝသ သတိပေးချက်တွေကို စဉ်ဆက်မပြတ် စောင့်ကြည့်ကြဖို့ မိုးလေဝသဌာနက သတိပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG