သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာလုပ်သား ၉ ဦးသေဆုံးတဲ့ ဖူးခက်မြေပြိုမှု သတင်းပေးပို့ချက် 


ထိုင်းနိုင်ငံ၊ ဖူးခက်မြို့မှာ မိုးသည်းပြီး လူသေဆုံးတဲ့အထိမြေပြိုကျခဲ့တဲ့မြင်ကွင်း။
ထိုင်းနိုင်ငံ၊ ဖူးခက်မြို့မှာ မိုးသည်းပြီး လူသေဆုံးတဲ့အထိမြေပြိုကျခဲ့တဲ့မြင်ကွင်း။

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့မှာ ဩဂုတ်လ ၂၂ ရက်နဲ့ ၂၃ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းပြီး ဩဂုတ်လ ၂၃ရက်မနက်အစောပိုင်းက မြေပြိုကျခဲ့တာကြောင့် မြန်မာရွှေ့ပြောင်း အလုပ်သမား ၉ ဦး အပါအဝင် သေဆုံးသူ ၁၃ ဦးထိရှိတယ်လို့ ဖူးခက်အုပ်ချူပ်ရေးမှူးက သတင်းထောက်တွေကိုပြောပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်းရှိ ဖူးခက်မြို့မှာ ဩဂုတ်လ ၂၃ ရက်မနက်အစောပိုင်းက မြေပြိုကျခဲ့တာကြောင့် မြန်မာ ရွှေ့ပြောင်းအလုပ်သမား ၉ ဦးအပါအဝင် သေဆုံး ၁၃ ဦးထိရှိတယ်လို့ ဖူးခက် အုပ်ချူပ်ရေးမှူးက ပြောပါတယ်။ “ဖူးခက်အုပ်ချူပ်ရေးမှူး နိုင်ဆိုပွန် ဆူ၀မ်နာရာ က အခုလိုပြောပါတယ်။ အခုအချိန်မှာ မိုးဆက်ပြီးရွာရင် မြေပြို ဆင်းလာနိုင်တာကြောင့် နေရာမှာနေထိုင်နေတဲ့သူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားပြီး လူတွေကိုလည်း မြေပြိုတဲ့နေရာကို မဝင်ရဘူးဆိုပြီး ကန့်သတ်နယ်မြေသတ်မှတ်ထားပါတယ်။ သဘာ၀ဘေးသင့်ပြည်သူတွေကိုတော့ မြေပြိုတဲ့နေရာကနေ ဘေးရန်ကင်းရှင်းတဲ့ အဝေးဆုံးနေရာကို ရွှေ့ပြောင်းပေးထားပါတယ်။” လို့ ထိုင်းဘာသာနဲ့ပြောသွားပါတယ်။

ဖူးခက်အုပ်ချူပ်ရေးမှူး Mr. Sopon Suwannara နိုင် ဆိုပွန် ဆူ၀မ်နာရာ က ‌ ကရွန်မြို့နယ်အတွင်း မြေပြိုရာမှာ ၁၃ ဦး သေဆုံးခဲ့ပြီးဒဏ်ရာရသူ ၁၉ ဦးရှိကြောင်းကိုလည်း သတင်းထုတ်ပြန်ခဲ့ပါတယ်၊

ကယ်ဆယ်ရှာဖွေရေးလုပ်ငန်းတွေ ပြီးဆုံးသွားပြီဖြစ်ကြောင်း သေဆုံးသူ ၁၃ ဦးမှာ မြန်မာ ၉ ဦး ပါ၀င်ပြီး ထိုင်းနှစ်ဦးနဲ့ ရုရှားနိုင်ငံသား နှစ်ဦးပါဝင်တယ်လို့ဆိုပါတယ်။ အခု မြေပြိုမှုကြောင့် ကျေးရွာ (၉) ရွာက အိမ်ခြေ ၂၀၀ ကျော် ထိခိုက်ပျက်စီးခဲ့တယ်လို့လည်း ဖူးခက်‌မြို့တော်ဝန်က ထုတ်ပြန်ခဲ့ပါတယ်။

ပျောက်ဆုံးသွားတဲ့သူတွေ အားလုံး ရှာဖွေတွေ့ရှိသွားပြီဖြစ်လို့ ရှာဖွေရေးလုပ်ငန်းတွေကိုရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း၊ ဒဏ်ရာရတဲ့သူတွေကို အရေးပေါ်လူနာတွေအဖြစ် ဆေးရုံတွေကိုပို့ဆောင် ကုသပေးနေပါတယ်။ သေဆုံးတဲ့နိုင်ငံခြားသားတွေနဲ့ပတ်သက်လို့ သက်ဆိုင်ရာ သံရုံးတွေကို

ဆက်သွယ်အကြောင်းကြားပြီး မိသားစုတွေသိရှိဖို့ ဆက်လက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

မြေပြိုကျမှုအတွင်း လူနေအိမ် အလုံး ၅၀ ကျော်၊ အိမ်ထောင်စု ၂၅၀ ကျော် ထိခိုက်စေခဲ့တယ်လို့ ထိုင်းသတင်း တွေမှာ ဖော်ပြကြပါတယ်။ ထိုင်းအာဏာပိုင်တွေကတော့ သေဆုံးသူတွေနဲ့ ထိခိုက်သူတွေရဲ့ မိသားစုတွေကို နစ်နာကြေးငွေပေးသွားမှာဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေကို ကိုးကားပြီး ထိုင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG