ဓာတ်ပုံသတင်း "၂၀၂၄ အမေရိကန်ရွေးကောက်ပွဲ"

၁၃
ပင်ဆီလ်ဗေးနီးယားပြည်နယ် ဖီလာဒဲလ်ဖီးယားမြို့နယ်စပ်မှာရှိတဲ့ မဲရေတွက်ရုံမှာ စာတိုက်ကနေ ပေးလာတဲ့ မဲလက်မှတ်တွေကို ရွေးကောက်ပွဲဝန်ထမ်းတွေ နိုဝင်ဘာ ၅ ရွေးကောက်ပွဲနေ့မှာ စစ်ဆေးရေတွက်နေကြတာပါ။

၁၄
မစ္စစ်ဆစ်ပီပြည်နယ် North Jackson မြောက်ဂျက်ဆင်မြို့မှာ မနက်စောစော မဲရုံစတင်ဖွင့်လှစ်ချိန်မတိုင်မီလေးမှာပဲ မဲရုံဝန်ထမ်းများ ကတိသစ္စာဆိုခဲ့ကြပါတယ်။ (နိုဝင်ဘာလ ၅ ရက်၊ ၂၀၂၄)

၁၅
ပင်ဆီလ်ဗေးနီးယားပြည်နယ် စကရန်တန်မြို့က မဲဆန္ဒရှင်တွေကတော့ အထက်တန်းကျောင်းမဲရုံမှာ မဲပေးဖို့ မိုးမလင်းခင်ကတည်းက လာတန်းစီစောင့်ဆိုင်းနေခဲ့ကြပါတယ်။ (နိုဝင်ဘာလ ၅ ရက်၊ ၂၀၂၄)

၁၆
အရီဇိုးနားပြည်နယ် ဖီးနစ်မြို့ မက်ဒီဆင်ဘုရားကျောင်းမဲရုံမှာလည်း မဲဆန္ဒရှင်တွေ မဲပေးဖို့ တန်းစီစောင့်ဆိုင်းနေခဲ့တာပါ။ (နိုဝင်ဘာလ ၅ ရက်၊ ၂၀၂၄)