သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ခံသမ္မတထရမ့်နဲ့ သမ္မတဘိုင်ဒင် အိမ်ဖြူတော်မှာ တွေ့ဆုံမည်


အမေရိကန်ပြည်ထောင်စု လက်ရှိသမ္မတ Joe Biden နဲ့ ရွေးကောက်ခံသမ္မတ Donald Trump
အမေရိကန်ပြည်ထောင်စု လက်ရှိသမ္မတ Joe Biden နဲ့ ရွေးကောက်ခံသမ္မတ Donald Trump

အမေရိကန် သမ္မတ Joe Biden ဟာ ရွေးကောက်ခံ သမ္မတ Donald Trump ကို ဒီနေ့ ဗုဒ္ဓဟူးနေ့ မနက်၊ အိမ်ဖြူတော်မှာ တွေ့ဆုံဖို့ ဖိတ်ကြားထားပါတယ်။ သမ္မတ Joe Biden နဲ့ Donald Trump အကြား အရေးကြီးတဲ့ နိုင်ငံခြားဆက်ဆံရေးနဲ့ ပြည်တွင်းရေး ကိစ္စတွေအပြင် ယူကရိန်း စစ်ပွဲ အရေးကိစ္စတွေကို ဆွေးနွေးမယ်လို့ အိမ်ဖြူတော်အရာရှိတွေ ပြောဆိုထားပါတယ်။ ရွေးကောက်ပွဲပြီး သမ္မတတာဝန်လွှဲပြောင်းရေးမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ချောမွေ့အောင် ဆောင်ရွက်သွားမယ်လို့လည်း သမ္မတ Biden ပြောဆိုထားပါတယ်။

အမေရိကန်ပြည်ထောင်စု သမိုင်းမှာ လက်ရှိသမ္မတနဲ့ ရွေးကောက်ပွဲ အနိုင်ရထားတဲ့ ယှဉ်ပြိင်ဖက်တို့ တွေ့ဆုံတာဟာ ၁၉၉၂ ခုနှစ် နောက်ပိုင်း ဒီတကြိမ် ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲအပြီး အဲဒီအချိန် သမ္မတဖြစ်ခဲ့တဲ့ Donald Trump က ရွေးကောက်ခံ သမ္မတဖြစ်ခဲ့တဲ့ Joe Biden ကို အခုလို ဖိတ်ကြားခဲ့ခြင်း မရှိပါဘူး။ ဇန္နဝါရီ သမ္မတ ကျန်းသစ္စာကျိန်ဆိုပွဲ မကျင်းပခင် အိမ်ဖြူတော်က ထွက်ခွာသွားခဲ့ပါတယ်။

Donald Trump ဟာ သမိုင်းမှာ ၁၈၆၉ ခုနှစ်နောက်ပိုင်း နောက်တက်လာမယ့် ရွေးကောက်ခံ သမ္မတ ကျန်းသစ္စာ ကျိန်ဆိုတာကို မစောင့်ဘဲ အိမ်ဖြူတော်က ထွက်ခွာသွားခဲ့တဲ့ ပထဆုံး သမ္မတ ဖြစ်ခဲ့ပါတယ်။ လာမယ့် ဇန္နဝါရီလ သမ္မတအဖြစ် ဒုတိယအကြိမ် တာဝန်မယူခင် အိမ်ဖြူတော်ကို ပြန်ရောက်လာပြီး လက်ရှိသမ္မတ Joe Biden နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

Forum

XS
SM
MD
LG