သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NATO အတွင်းရေးမှုးချုပ် အရွေးကောက်ခံ သမ္မတထရမ့်နဲ့တွေ့ဆုံ


ဖလော်ရီဒါပြည်နယ် Palm-Beach မှာ အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့် (ဝဲ) နှင့် NATO အတွင်းရေးမှုးချုပ်သစ် မာ့ခ်ရူတာ တို့ လက်ဆွဲနှုတ်ဆက်နေတဲ့ မှတ်တမ်းဓာတ်ပုံ။ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်။ ဓာတ်ပုံ - NATO / Erik Luntang
ဖလော်ရီဒါပြည်နယ် Palm-Beach မှာ အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့် (ဝဲ) နှင့် NATO အတွင်းရေးမှုးချုပ်သစ် မာ့ခ်ရူတာ တို့ လက်ဆွဲနှုတ်ဆက်နေတဲ့ မှတ်တမ်းဓာတ်ပုံ။ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်။ ဓာတ်ပုံ - NATO / Erik Luntang

မြောက်အတ္တလန်တိတ် စစ်ရေး မဟာမိတ် အဖွဲ့ NATO အတွင်းရေးမှုးချုပ်သစ် မာ့ခ်ရူတာ (Mark Rutte) ဟာ သောကြာနေ့က ဖလော်ရီဒါပြည်နယ် Palm Beach မှာ အမေရိကန် အရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တွေ့ဆုံခဲ့တယ်လို့ NATO အဖွဲ့ပြောခွင့်ရ Farah Dakh lallah က စနေနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

သူတို့ ၂ ဦးဟာ NATO အဖွဲ့ ရင်ဆိုင်နေရတဲ့ ကမ္ဘာ့လုံခြုံရေးဆိုင်ရာ ပြဿနာမျိုးစုံကို ဆွေးနွေးခဲ့ကြတယ်လို့ NATO ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ ဒါ့အပြင် NATO အတွင်းရေးမှုးချုပ် ရူတာနဲ့ သူ့အဖွဲ့ဟာ သမ္မတအိမ်ဖြူ အမျိုးသားလုံခြုံရေး အကြံပေး အဖြစ် ထရမ့်ရွေးချယ်ထားတဲ့ အောက်လွှတ်တော်အမတ် Mike Waltz နဲ့ ထရမ့်ရွေးချယ်ထားတဲ့ တခြား အမျိုးသားလုံခြုံရေး အဖွဲ့ဝင်တွေ ကိုလည်း တွေ့ဆုံခဲ့တယ်လို့ NATO ဝက်ဘ်ဆိုက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

နယ်သာလန်ဝန်ကြီးချုပ်ဟောင်း ဖြစ်တဲ့ NATO အတွင်းရေးမှုးချုပ် ရူတာ ဟာ သောကြာနေ့က အမေရိကန် အရွေးကောက်ခံ သမ္မတထရမ့်ကို တွေ့ဆုံဖို့ နယ်သာလန်အစိုးရ လေယာဉ်နဲ့ ဖလော်ရီဒါကို သွားခဲ့တာနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ NATO တာဝန်ရှိသူတွေကို သတင်းမီဒီယာတွေက ပန်ကြားခဲ့ပေမယ့် တုံ့ပြန်ဖြေဆိုတာ မရှိပါဘူး။

ရူတာဟာ ပြီးခဲ့တဲ့လကမှာ NATO အဖွဲ့ရဲ့ အတွင်းရေးမှုးချုပ် တာဝန်ကို စတင်ထမ်းဆောင်ခဲ့တာ ဖြစ်ပြီး သူဟာ ၂၀၁၇ ကနေ ၂၀၂၁ မှာ သမ္မတ တာဝန်ယူခဲ့တဲ့ ထရမ့်နဲ့ ဆက်ဆံရေး ကောင်းခဲ့တဲ့ ဥရောပခေါင်းဆောင်တွေထဲက တယောက်အဖြစ် အများက ရှုမြင်ခံရသူ ဖြစ်ပါတယ်။

NATO အတွင်းရေးမှုးချုပ် အရွေးကောက်ခံ သမ္မတထရမ့်နဲ့တွေ့ဆုံ
please wait

No media source currently available

0:00 0:01:06 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG