Impact Award ဆု ချီးမြှင့်ခံရသူ ဒေါက်တာနီလာသွင်
လူမှုအသိုင်းအဝိုင်းအတွင်းမှာ ကောင်းမွန်တဲ့ တိုးတက် ပြောင်းလဲမှုတွေ ဖြစ်လာအောင် စွမ်းဆောင်နိုင်သူတွေကို ဂုဏ်ပြုတဲ့ နယူးယောက်အခြေစိုက် Schneps Media အဖွဲ့ကြီးရဲ့ Impact Award ဆုကို မြန်မာတဦးဖြစ်တဲ့ ဒေါက်တာ နီလာသွင် ဒီနှစ် ၂၀၂၄ ခုနှစ်အတွက် ချီးမြှင့်ခံခဲ့ရပါတယ်။ နယူးယောက်မြို့ Maimonides (မိုင်မော်နဒီစ်) ဆေးရုံရဲ့ LGBTQIA+ စိတ်ကျန်းမာရေး ဌာန ညွှန်ကြားရေးမှူးလည်းဖြစ်၊ စိတ်ရောဂါ အထူးကု တယောက်လည်း ဖြစ်တဲ့ ဒေါက်တာ နီလာသွင်ဟာ LGBTQIA+ လိင်တူစုံမက်သူ လူမှုအသိုင်းအဝိုင်းတွေ လိုအပ်တဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ကူညီ စောင့်ရှောက်မှုတွေကို လုပ်ဆောင်ပေးနေတဲ့အပြင် မြန်မာနိုင်ငံမှာ စစ်ဘေး၊ သဘာဝဘေးနဲ့ ရောဂါဘေးတွေကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက် ခံစားရသူတွေ အတွက်လည်း ကျန်းမာရေး အသိပညာပေး ကူညီစောင့်ရှောက်တာတွေကို တဘက်တလမ်းက ဆောင်ရွက်နေသူ ဖြစ်ပါတယ်။ Impact Award ချီးမြှင့်ခံရတာနဲ့ ပတ်သက်လို့ ဒေါက်တာ နီလာသွင်ကို မခင်ဖြူထွေးက ဒီတပတ် အမျိုးသမီးကဏ္ဍမှာ မေးမြန်းထားပါတယ်။
ဗွီဒီယို ကြည့်ရှုရန်
-
၂၈ ဖေဖော်ဝါရီ၊ ၂၀၂၅မျက်မမြင်အရေး ရှေ့တန်းက ဆောင်ရွက်နေသူ
-
၂၂ ဖေဖော်ဝါရီ၊ ၂၀၂၅ပညာသင်ဆုရပ်သွားလို့ အခက်ကြုံရတဲ့ မျက်မမြင်အရေးလှုပ်ရှားသူ
-
၁၅ ဖေဖော်ဝါရီ၊ ၂၀၂၅အမေရိကန် သမ္မတကတော် Melania Trump
-
၀၈ ဖေဖော်ဝါရီ၊ ၂၀၂၅DISP ပညာသင်ဆု ပြန်ရဖို့ အမျိုးသမီးကျောင်းသူတွေ မျှော်လင့်
Forum