သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပစိဖိတ်ဒေသ တရုတ်ဩဇာလွှမ်းမိုးမှု ဩစတြေးလျထိန်းညှိဖို့ကြိုးပမ်း


ဩစတြေးလျ ဝန်ကြီးချုပ် Anthony Albanese (ယာ) နဲ့ ပါပူဝါနယူးဂီနီ ဝန်ကြီးချုပ်သစ် James Marape တို့ကို သတင်းစာရှင်းလင်းပွဲတခုမှာအတူတွေ့ရစဉ် (ဒီဇင်ဘာ ၁၂၊ ၂၀၂၄)
ဩစတြေးလျ ဝန်ကြီးချုပ် Anthony Albanese (ယာ) နဲ့ ပါပူဝါနယူးဂီနီ ဝန်ကြီးချုပ်သစ် James Marape တို့ကို သတင်းစာရှင်းလင်းပွဲတခုမှာအတူတွေ့ရစဉ် (ဒီဇင်ဘာ ၁၂၊ ၂၀၂၄)

Nauru ၊ ပါပူဝါနယူးဂီနီ တို့နဲ့ သြစတြေးလျကြား ဒေါ်လာ သန်းချီတန်ဖိုးရှိ သဘောတူညီချက် ၂ ခု ပြီးခဲ့တဲ့ သီတင်းပတ်တွေ အတွင်း လက်မှတ်ရေးထိုးခဲ့ကြပြီး ဒါဟာဆိုရင် ပစိဖိတ် ဒေသမှာ တရုတ်ရဲ့ သြဇာလွှမ်းမိုးမှု တိုးလာတာကို သြစတြေးလျဘက်က ထိန်းညှိမှုမှာ အထောက်အကူ ဖြစ်မယ်လို့ သုံးသပ်သူတွေက ပြောကြပါတယ်။

ဒီသဘောတူညီချက်တွေဟာဆိုရင် Nauru ကျွန်း ဖွံ့ဖြိုးတိုးတက်ရေး အကူအညီပေးရေး၊ နောက် ပါပူဝါနယူးဂီနီမှာ Rugby ဘောလုံး အသင်း ဖွဲ့စည်းမှုမှာ လာမယ့် ၁၀ နှစ် အတွင်း ဒေါ်လာ သန်းရာချီ ပေးဖို့ ကတိကဝတ်တွေ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီ ကျွန်းနိုင်ငံ ၂ ခု နဲ့ တရုတ်ကြား လုံခြုံရေး သဘောတူညီချက် ရေးထိုးမယ့် အရေးကိုလည်း သြစတြေးလျ ဘက်က တားဆီးနိုင်မယ့် အခွင့်အလမ်း တချို့ ရရှိသွားစေတာ ဖြစ်ပါတယ်။

ဩစတြေးလျဝန်ကြီးချုပ်နဲ့ Nauru သမ္မတတို့ကို အတူတွေ့ရစဉ် (ဒီဇင်ဘာ ၉၊ ၂၀၂၄)
ဩစတြေးလျဝန်ကြီးချုပ်နဲ့ Nauru သမ္မတတို့ကို အတူတွေ့ရစဉ် (ဒီဇင်ဘာ ၉၊ ၂၀၂၄)

ဒီဘက် နှစ်ပိုင်းတွေ အတွင်း တရုတ်ဘက်ကလည်း ပစိဖိတ်ကျွန်း နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကို တက်တက်ကြွကြွ လုပ်လာတာကြောင့် သြစတြေးလျ၊ အမေရိကန်နဲ့ ဒေသတွင်းက တခြားသော မဟာမိတ်နိုင်ငံတွေ အတွက် စိုးရိမ်စရာ ဖြစ်လာတာပါ။ Nauru နိုင်ငံနဲ့ သြစတြေးလျ နိုင်ငံကြား ဒီဇင်ဘာလ ၉ ရက်နေ့က လက်မှတ်ရေးထိုးခဲ့တဲ့ သဘောတူညီချက် အရ လာမယ့် ၅ နှစ် အတွင်း Nauru မှာ ဘဏ်လုပ်ငန်း၊ တယ်လီဖုန်း ဆက်သွယ်ရေးနဲ့ လုံခြုံရေးတို့လို အရေးကြီးတဲ့ ကဏ္ဍတွေ ဖွံ့ဖြိုးတိုးတက်ရေး အတွက် သြစတြေးလျက ဒေါ်လာ ၈၉ သန်း ပေးအပ်မှာ ဖြစ်ပါတယ်။

အပြန်အလှန် အားဖြင့် Nauru နဲ့ တခြားသော နိုင်ငံတွေကြား လုံခြုံရေးနဲ့ အရေးပါတဲ့ အခြေခံ အဆောက်အအုံ ကဏ္ဍတွေမှာ ညှိနှိုင်းဆောင်ရွက်မှုတွေကို သြစတြေးလျဘက်က ကန့်ကွက် ပယ်ဖျက်ခွင့် ရရှိမှာ ဖြစ်ပါတယ်။

ပစိဖိတ်ဒေသ တရုတ်ဩဇာလွှမ်းမိုးမှု ဩစတြေးလျထိန်းညှိဖို့ကြိုးပမ်း
please wait

No media source currently available

0:00 0:00:58 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG