ထိုင်းမြန်နယ်စပ် တာ့ခရိုင်မဲဆောက် ထဲက ထုံထောင်းရပ်ကွက်နဲ့ မယ်ပ စတဲ့နေရာတွေက ရပ်ကွက်တွေ မှာ မြန်မာနိုင်ငံသားတွေအပါအဝင် ၄ ဦးဟာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကူးစက်ခံရပြီးဆေးရုံတက်နေရတဲ့အတွက် မြန်မာတွေအလာများတဲ့စျေးတွေကိုသန့်ရှင်းရေးလုပ်ဖို့နဲ့ ရောဂါကူးစက်မှုတွေဆက်မဖြစ်အောင်ကာကွယ်တားဆီးဖို့မဲဆောက်မြို့နယ် အုပ်ချုပ်ရေးမူးက ဒီဇင်ဘာလ၂၆ရက်နေ့မှာ သတိပေးပြောကြားခဲ့ပါတယ် ။ဒီသတင်းကိုဗွီအိုအေသတင်းထောက်မအေးအေးမာကသတင်းပေးပို့ထားပါတယ် ။
ထိုင်းမြန်မာနယ်စပ် ကရင်ပြည်နယ် မြ၀တီခရိုင် ရွှေကုက္ကိုလ်မြို့သစ်မှာ ပြင်းထန်းဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားခဲ့ပြီး လူသေဆုံးတာတွေ ရာနဲ့ချီကူးစက်တာတွေဖြစ်ခဲ့ပြီးနောက် တာ့ခရိုင်မဲဆောက်၊ မယ်ပ၊ ထုံထောင်းစတဲ့ နေရာတွေမှာပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်သူ မြန်မာ၂ဦးအပါအဝင် လူ ၄ ဦးကူးစက်ခံထားရတယ်လို့ ထိုင်းအာဏာပိုင်တွေက သတင်းထုတ်ပြန်ခဲ့ပါတယ် ။
ကူးစက်ပျံ့နှံ့နေတဲ့ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ တားဆီးကာကွယ်ရေး အတွက် မြန်မာနိုင်ငံသားတွေ အများဆုံးလာရောက်တဲ့ စျေး လေးခုကို သန့်ရှင်းရေးလုပ်ဖို့အတွက် တာ့ခရိုင် တာဝန်ရှိသူများက ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ရောဂါကာကွယ်ခြင်းဆိုင်ရာ အသိပညာများ ဖြန့်ဝေခြင်းတွေကိုလည်း အာဏာပိုင်တွေက လုပ်ဆောင်မယ့်အကြောင်းကိုလည်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနကလည်းသတင်းထုတ်ပြန်ခဲ့ပါတယ် ။
ကူးစက်ခံရပြီးဆေရုံတက်ကုသမှုခံယူနေရတဲ့မြန်မာတွေဟာ မယ်ပနဲ့ ထုံးထောင်းစတဲ့နေရာတွေဖြစ်တယ်လို့လူနာတွေနဲ့နီးစပ်နဲ့မြန်မာနိုင်ငံသားတဦးကလည်းပြောပါတယ်။
"မဲဆောက်က မယ်ပ ကျေးရွာဘက်နဲ့ထုံထောင်းဘက်မှာ ရပ်ကွက်တွေမှာမြန်မာနိုင်ငံသားတွေကခေါင်းရွက်ဗျက်ထိုးစျေးသယ်တွေဆီမှာဝယ်စားကြတာများတယ် အခုက ယင်နားစာတွေအသုတ်တွေ ခေါက်ဆွဲတွေစားကြတယ် အခုက ဝမ်းရောဂါတွေဖြစ်နေပြီ ဒီဘက်(ထိုင်းဘက်)ကလည်းတောလမ်းတွေပိတ်နေပြီ။ ဖြစ်တာကလည်း ဟိုဘက်(မြ၀တီ)ရွှေကုက္ကိုလ်ဘက်မှာစဖြစ်တာ အဲဒီကနေလာကြတာလည်းရှိတယ် တချို့က အဲဒီဘက်မှာအလုပ်သွားလုပ်ကြတယ်"
ရောဂါကာကွယ်ခြင်းဆိုင်ရာ အသိပညာများ ဖြန့်ဝေခြင်းတွေနဲ့အတူ ပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာနမှ စစ်ဆေးရေးမှူးနဲ့ အာဏာပိုင် အဖွဲ့ လည်း လာရောက်စစ်ဆေးခဲ့ပါတယ်။ မဲဆောက်မြို့နယ် Phacharoen ဈေးမှာတော့ ပြင်းထန်ဝမ်းပျက်ဝမ်းလျောရောဂါဖြစ်ပွားနိုင်တဲ့အတွက် အခြေအနေ စောင့်ကြည့်ဖို့နဲ့ ပြည်သူတွေ ကာကွယ်တားဆီးတာတွေကိုအပြည့်အ၀ပူးပေါင်းဆောင်ရွက်လိုက်နာဖို့ကိုလည်း မဲဆောက် အုပ်ချုပ်ရေးမူး ပရာစစ် ပုန်ကော့ Prasit Puangkrokကထိုင်းဘာသာနဲ့အခုလိုပြောသွားပါတယ်။
"ထိုင်းဘက်ကတော့ ဒီ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါပိုး ဆက်လက်မပြန့်ပွားအောင်ဆေးပညာရှင်တွေ မြို့အာဏာပိုင်တွေအတူတကွပူးပေါင်း လုပ်ဆောင်နေကြပါတယ်။ အရေးကြီးတာကတော့ ကာကွယ်ရေးအတွက် ပြည်သူတွေကိုယ်တိုင် အပြည့်အဝ လိုက်နာ လုပ်ဆောင်ဖို့လိုပါတယ် လို့" ပြောသွားခဲ့ပါတယ်။
မဲဆောက်မြို့နယ် အာဏာပိုင်တွေ ထုတ်ပြန်ထားရာမှာတော့ မဲဆောက်၊ မယ်ပ၊ ထုံထောင်းနဲ့တခြား ရပ်ကွက်၂ခုမှာတော့ မြန်မာနှစ်ဦး ထိုင်းနှစ်ဦး စတဲ့အတည်ပြုလူနာ၄ဦးတွေ့ရှိထားပြီး အားလုံးကို မဲဆောက် ဆေးရုံကြီးမှာ ကုသပေးနေတယ်လို့ဆိုပါတယ်။
ကူးစက်ခံရသူတွေဟာ မသန့်ရှင်းတဲ့ အစားအသောက်တွေ ဝယ်ယူစားသောက် မိရာကနေ ကူးစက်ခံရတာလို့လည်း ကျန်းမာရေး အဖွဲ့ဆေးမှတ်တမ်းမှာဖော်ပြခဲ့ပါတယ်။ လတ်တလောမှာတော့မြန်မာတွေအလာများတဲ့စျေးတွေကို ပိုးသတ်ဆေးဖျန်းတာတွေစတင်လုပ်ဆောင်နေပြီဖြစ်ပါတယ်ရှင်။
Forum