သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

 မဲဆောက်ကနေ မြဝတီဘက် တရားမဝင် ဆက်သွယ်နေတဲ့ အင်တာနက်လိုင်းတွေ ထိုင်း ဖြတ်တောက်


ထိုင်းရဲချုပ် နထဖုန်း ပိုစွန်ထုန်း က ဒီဇင်ဘာလ၂ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ။
Credit to Tak Immigration.
ထိုင်းရဲချုပ် နထဖုန်း ပိုစွန်ထုန်း က ဒီဇင်ဘာလ၂ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ။ Credit to Tak Immigration.

ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံ နယ်စပ်မြို့ မဲဆောက်ကနေ မြန်မာနိုင်ငံ မြဝတီမြို့ဘက်က အွန်လိုင်းလိမ်လည်ဂိုဏ်းတွေကို ပေးထားတဲ့ တရားမဝင် အင်တာနက် ကေဘယ်လိုင်း ကြိုး ၁၆ ကြိုးကို ထိုင်းအမျိုးသားအသံလွှင့်နှင့် ဆက်သွယ်ရေးကော်မရှင် အဖွဲ့နဲ့ မဲဆောက် ရဲတပ်ဖွဲ့ဝင်တွေက ဒီဇင်ဘာလ ၂ရက်နေ့က ဖြတ်တောက်ပစ်ခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက သတင်းထုတ်ပြန်လိုက်ပါတယ်။ Pol. Gen. Natthorn Phueasunthon ထိုင်းရဲချုပ် နထဖုန်း ပိုစွန်ထုန်း က ဒီဇင်ဘာလ၂ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အတည်ပြုသွားခဲ့တာပါ။ ဒီသတင်းကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက်မအေးအေးမာက သတင်းပေးပို့ထားပါတယ် ။

ထိုင်း မြန်မာ နယ်စပ် မဲဆောက်ကနေ မြဝတီမြို့ဘက်က အွန်လိုင်းလိမ်လည်ဂိုဏ်းတွေကို ပေးထားတဲ့ တရားမဝင် အင်တာနက် ကေဘယ်လိုင်း ကြိုး ၁၆ ကြိုးကို ဖြတ်တောက်ပစ်ခဲ့ကြောင်း Pol. Gen. Natthorn Phueasunthon ရဲချုပ် နထဖုန်း ပိုစွန်ထုန်း က ဒီဇင်ဘာလ၂ရက်နေ့က သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။ ဒီအင်တာနက်လိုင်းတွေဟာ အရည်သွေးမြင့်ပြီး တမြို့လုံးကို အင်တာနက်ပေးနိုင်တဲ့ ကေဘယ်လိုင်းတွေဖြစ်ဲပြီး ဒီလိုင်းတွေကို အွန်းလိုင်လိမ်လည်ဂိုဏ်းတွေက အသုံးပြုနေတာကို စစ်ဆေးတွေ့ရတယ်လို့ ထိုင်းဘာသာနဲ့ ပြောသွားပါတယ်။

ထိုင်းရဲချုပ် ပြောဆိုသွားတာကတော့ အခုရှာဖွေဖြတ်တောက်နိင်ခဲ့တဲ့ အင်တာနက် ကြိုးလိုင်းဟာ အကြီးဆုံးနဲ့ ရှည်လျားဆုံး ဆက်သွယ်ထားတဲ့ ကြိုးလိုင်းတွေဖြစ်ပါ တယ် အင်တာနက် လိုင်းက အားကောင်းပြီး မြို့တမြို့ကို ပေးနိင်တဲ့ အရည်သွေးမြင့်တဲ့ လိုင်းတွေဖြစ်တယ် အခုလိုင်းတွေကို တဘက် နိင်ငံကို ဆက်သွယ်ပေးခဲ့တဲ့ အင်တာနက်လိုင်း ကေဘယ်လိုင်းလုပ်နေတဲ့ ကုမ္ပဏီတွေကိုလည်းစစ်ဆေးဖော်ထုတ်အရေးယူသွားမှာဖြစ်ပါတယ်လို့ထိုင်းဘာသာနဲ့ပြောသွားပါတယ်

အဲဒီကြိုးတွေထဲမှာ 216-core ကေဘယ်ကြိုးနှစ်ချောင်း၊ 96-core ကေဘယ်နှစ်ချောင်းနဲ့ 24-core အင်တာနက်ကေဘယ် ၁၄ ချောင်းပါဝင်တယ်လို့ ဆိုပါတယ်။ အထူးစက်ကိရိယာတွေကို သုံးပြီးစစ်ဆေးကြည့်ရာ အွန်လိုင်းလိမ်ဂိုဏ်းတွေက မြန်မာနိုင်ငံဘက်ခြမ်း ကီလိုမီတာများစွာအထိ ရောက်အောင် တရားမဝင်အင်တာနက်ကြိုးတွေ ချိတ်ဆက်ထားတာပါ ။ ဒီအင်တာနက်လိုင်းတွေဟာ မြန်မာနယ်စပ်ကနေ လာအိုဝ်နယ်စပ်ထိ အသုံးပြုလို့ရတာဖြစ်ပြီး ရွေပြောင်းနေတဲ့လိမ်လည်ဂိုဏ်းက ဧရိယာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလို့ရတာဖြစ်ပါတယ်။

ဒီအင်တာနက်လိုင်းတွေကို ထိုင်း မြန်မာ လာအိုဆုံရာ မဲခေါင်မြစ်နားမှာကော ထိုင်းမြန်မာနယ်စပ် မဲဆောက်မြဝတီ နေရာတွေမှာပါ ရှာဖွေ ဖမ်းဆီးမိတာဖြစ်ပါတယ်။ ဖြတ်တောက်လိုက်တယ်ဆိုတာက အဲဒီဒေသမှာရှိတဲ့ Call Center အွန်လိုင်းလိမ်လည်ဂိုဏ်းတွေကို အင်တာနက် သုံးလို့မရအောင် တားဆီးလိုက်တဲ့သဘောဖြစ်တယ်လို့လည်း ရဲချုပ် Pol Gen Nathathorn က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG