သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းခံရတဲ့ မြန်မာရေလုပ်သားများအရေးတောင်းဆိုဖို့ အလုပ်သမားရေးလှုပ်ရှားသူတွေလိုလား


ထိုင်းရေတပ်နဲ့ ကယ်ဆယ်ရေးအဖွဲ့များ မြန်မာရေတပ်ရဲ့ ပစ်ခတ်ခြင်းခံရတဲ့ ထိုင်းငါးဖမ်းစက်လှေကို ကူညီကယ်ဆယ် (Photo: Thai Navy)
ထိုင်းရေတပ်နဲ့ ကယ်ဆယ်ရေးအဖွဲ့များ မြန်မာရေတပ်ရဲ့ ပစ်ခတ်ခြင်းခံရတဲ့ ထိုင်းငါးဖမ်းစက်လှေကို ကူညီကယ်ဆယ် (Photo: Thai Navy)

မြန်မာရေတပ်က ထိုင်းငါးဖမ်းစက်လှေတွေကို ပစ်ခတ်ပြီး၊ ရေလုပ်သားတွေ ဖမ်းဆီးသွားတဲ့ ကိစ္စအတွက် မြန်မာသံအမတ်ကြီးကို ထိုင်းနိုင်ငံက ဒီဇင်ဘာလ၂ရက်နေ့မှာ ဆင့်ခေါ်ပြီး ထိုင်းနိုင်ငံသား ၄ဦးကိုပြန်လွှတ်ပေးဖို့တောင်းဆိုတာတွေရှိပေမယ့် မြန်မာရေလုပ်သား ၂၇ ဦးကိစ္စကိုတော့ တောင်းဆိုတာမတွေ့ရဘူးလို့အလုပ်သမားရေးလှုပ်ရှားသူတွေကဆိုပါတယ်။ ဒီသတင်းကိုဗွီအိုအေသတင်းထောက်မအေးအေးမာကသတင်းပေးပို့ထားပါတယ် ။

နိုဝင်ဘာလ ၃၀ ရက်နေ့က ထိုင်းငါးဖမ်းစက်လှေတွေကိုမြန်မာစစ်တပ်ကဘက်က ပစ်ခတ်မှုအတွင်း ထိုင်းငါးဖမ်းစက်လှေတွေနဲ့ လှေလုပ်သား ၃၁ ဦးဖမ်းဆီးခံထားရပါတယ်။ ပစ်ခတ်ခံရမှုတွေဖြစ်ပြီးနောက် တနင်္ဂနွေနေ့မှာပဲ ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra နဲ့ ထိုင်းတာဝန်ရှိသူတွေဟာ ထိုင်းနိုင်ငံသား ၄ ဦး ပြန်လွှတ်ပေးရေးကို ဖိအားပေးတောင်းဆိုနေပါတယ် ။ဒီဇင်ဘာလ ၂ ရက်နေ့မှာတော့ ထိုင်းနိုင်ငံက မြန်မာသံအမတ်ကြီးကိုဆင့်ခေါ်ပြီး ထိုင်းနိုင်ငံသားတွေ ပြန်လွှတ်ပေးရေးတောင်းဆိုခဲ့ပါတယ်။ဒီထဲမှာ လှေလုပ်သမား မြန်မာတွေကိစ္စကိုတော့ တောင်းဆိုတာ မကြားရတဲ့အတွက် လုပ်ငန်းခွင်မှာ ဖြစ်တဲ့အတွက် မြန်မာလှေလုပ်သားတွေအရေးကို ထိုင်းနိုင်ငံသားတွေလိုပဲတောင်းဆိုသင့်တယ်လို့ မြန်မာအလုပ်သမားရေးလှုပ်ရှားသူဦးမင်းဦးကပြောပါတယ်။

"ကာကွယ်ရေးရယ် ဝန်ကြီးချုပ်ရယ် ရနောင်းကော့သောင်း နယ်ခြားကော်မတီက တောင်းတယ် ပဲနင်းနဲ့သူတို့ပြောတဲ့ငါးဆရာပေါ့လေ ညွန်ကြားတဲ့အတိုင်းသူတို့မောင်းတဲ့အတိုင်းသူတို့ကလိုက်သွားရတာလေ သူတို့က (လှေသမား)တွေက ငါးတင်ငါးချ ငါးဝိုင်းတဲ့အလုပ်ကိုပဲလုပ်တာ သူတို့တို့က ဘယ်လတ္တီကျူ့တို့လောင်ဂျီကျူ့တို့ဆိုတာလည်းသူတို့လည်းသိတာမဟုတ်ဘူး ၊ သူတို့မောင်းသွားမယ် ငါးရှိတယ် ပိုက်၀ိုင်းဆိုရင်လုပ်ရတာပဲ သူတို့နဲ့လည်းဘာမှ မဆိုင်ဘူး၊ ဒီလိုပြသနာဖြစ်တိုင်း ရေလုပ်သားတွေက ဒုက္ခရောက်တယ် ၊ သူတို့ကိုပဲဖမ်းတာပဲ ရေပိုင်နက်ထဲမှာဖြစ်ရင် သူတို့ကို ဖမ်းဆီးထောင်ချပေါ့ မိသားစု တွေကဒုက္ခရောက်တာပေါ့ ၊ ဖမ်းချင်ရင်ဖမ်း မဖမ်းရင်တောင်စစ်ထဲသွင်း စစ်မှုထမ်းခိုင်းတာတွေလာမှာပဲ ကျိန်းသေဖြစ်မယ့်ဟာပဲ ဒီဘက် (ထိုင်းဘက်)ကလည်း လုပ်ငန်းခွင်မှာဖြစ်တယ်လို့ပြောလို့ရတယ် သက်ဆိုင်ရာ ကလည်း သူတို့နိုင်ငံသား(ထိုင်း)တွေကိုတောင်းဆိုသလို လှေလုပ်သားတွေ( မြန်မာတွေကို)လည်း ပြန်လွှတ်ပေးဖို့ ဒီအလုပ်သမားတွေနဲ့မဆိုင်ဘူးဆိုတာမျိုးဒီလိုမျိုး တောင်းဆိုသင့်တယ်လေ"

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့အာရှရေးရာ ညွှန်ကြားရေးမှူးချုပ် Piyapak Sricharoen နဲ့တွေ့ဆုံခဲ့တဲ့ မြန်မာသံအမတ်ကြီး ဦးချစ်ဆွေ ကတော့ ဖြစ်ရပ်အတွက် ဝမ်းနည်းကြောင်းနဲ့ သက်ဆိုင်ရာ အမြင့်ဆုံးတာဝန်ရှိသူတွေကို တင်ပြပေးမယ့်အကြောင်း ပြောကြားခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဒီဇင်ဘာလ၂ရက်နေ့မှာပြောဆိုခဲ့ပါတယ်။ ထိုင်းဘက်ကတော့ အခုဖြစ်ရပ်ကို ကန့်ကွက်တာတွေလုပ်ပြီးနယ်ခြားကော်မတီအစည်းအဝေးမှာ လှေတွေပြန်လွှတ်ပေးဖို့နဲ့ ထိုင်းနိုင်ငံသားတွေ ပြန်လွှတ်ပေးဖို့တောင်းဆိုနေတယ်လို့ ဦးမင်းဦးကပြောပါတယ်။

မြန်မာနိုင်ငံရေပိုင်နက်တွင်ဝင်ရောက် ငါးဖမ်းခဲ့တဲံထိုင်းငါးဖမ်းစက်လှေအား မြန်မာ့ တပ်မတော်(ရေ)က ဖမ်းဆီးစစ်ဆေးခဲ့မှုနှင့်ပတ်သက်ပြီးနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ သတင်းမီဒီယာတွေကို အခုလိုပြောသွားပါတယ်။

"သူတို့နဲ့အတူလက်နက်ခဲယမ်းမဟုတ်တဲ့ အကြမ်းဖက်အဖွဲ့နဲ့ ဆက်နွယ်နေတဲ့ ပစ္စည်းများတွေ့ရှိရတဲ့အတွက်စစ်ဆေးနေပါတယ်။ ဖမ်းမိတဲ့ မြန်မာ ၂၇ ဦး နဲ့ထိုင်း အမျိုးသား ၄ ဦး တို့ကောင်းမွန်စွာရှိနေတယ်လို့ပြောကြားလိုပါတယ်"

မြန်မာစစ်ကောင်စီကတော့ မြန်မာရေပိုင်နက်ထဲ ဝင်ရောက်တာ ထောက်လှမ်းတွေ့ရှိတာကြောင့်ရေတပ်က သွားရောက်စစ်ဆေး တားဆီးရာမှာ မလိုက်နာတာကြောင့် သတိပေးပစ်ခတ်ရတာလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက တနင်္လာနေ့မှာပဲ သတင်းမီဒီယာတွေကို ပြောဆိုခဲ့တာပါ။ ဖမ်းဆီးမိသူတွေထဲမှာ မြန်မာ ၂၇ ဦးနဲ့ ထိုင်းနိုင်ငံသား ၄ ဦး ကို ဖမ်းဆီးခဲ့ကြောင်းနဲ့ စစ်ဆေးမှုအတွင်း အကြမ်းဖက်မှုတွေနဲ့ ဆက်နွယ်တဲ့ ပစ္စည်းတွေကို တွေ့ရှိကြောင်းလည်း ပြောပေမဲ့ ဘာပစ္စည်းတွေ ဆိုတာကိုတော့ တိတိကျကျ မပြောခဲ့ပါဘူးရှင်။

Forum

XS
SM
MD
LG