သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းလုပ်ငန်းခွင်မှာ သေဆုံးသူမြန်မာလုပ်သား ၆ ဦးအတွက် နစ်နာကြေးရရှိ 


ထိုင်းနိုင်ငံ စမွတ်စခွန်ပြည်နယ်က မိုးပျံတံတားပြိုကျတဲ့မြင်ကွင်း။ (ဒီဇင်ဘာ ၂၉၊ ၂၀၂၄/Samut Sakhon Provincial Public Relations Office)
ထိုင်းနိုင်ငံ စမွတ်စခွန်ပြည်နယ်က မိုးပျံတံတားပြိုကျတဲ့မြင်ကွင်း။ (ဒီဇင်ဘာ ၂၉၊ ၂၀၂၄/Samut Sakhon Provincial Public Relations Office)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့နဲ့ ကီလို သုံးဆယ်ကျော် ကွာဝေးတဲ့ဆမွတ်ဆာခွန်း ခရိုင် ဖလန်ဆောင် လမ်းမကြီးပေါ် ဆောက်လုပ်နေတဲ့ မိုးပျံ လမ်းမကြီး ကွန်ကရစ်တိုင်ပြိုကျမှုကြောင့် တံတားဆောက်လုပ်ရေးမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာတွေအပါအဝင်အလုပ်သမား ၆ဦးဟာနိုဝင်ဘာလ ၂၉ရက်နေ့မှာ သေဆုံးခဲ့ပါတယ်။ ဒီသေဆုံးမှုအတွက် အလုပ်ရှင်ဘက်က နစ်နာကြေး ဘတ်ငွေ ၈သိန်း၆သောင်းကျော်ကနေ ဘတ်ငွေ တသန်းထိပေးအပ်ခဲ့တယ်လို့ဆိုပါတယ်။ ဒီသတင်းကိုဗွီအိုအေသတင်းထောက်မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့နဲ့ ကီလိုသုံးဆယ်ကျော် ကွာဝေးတဲ့ ဆမွတ်ဆာခွန်း ခရိုင် ဖလန်ဆောင် လမ်းမကြီးပေါ် ဆောက်လုပ်နေတဲ့ မိုးပျံ လမ်းမကြီး ကွန်ကရစ် တိုင်ပြိုကျခဲ့တာကြောင့် တံတားဆောက်လုပ်ရေးမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာ ၄ ဦးအပါအဝင်အလုပ်သမား ၆ ဦးသေဆုံးခဲ့ပါတယ်။ ဒီအတွက် အလုပ်ရှင်ဘက်က နစ်နာကြေး နားရေးစရိတ် ဆေးကုသစရိတ်တွေကို ပေးအပ်တာတာဝန်ယူတာလုပ်ပေးခဲ့တယ်လို့မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီရဲ့ဥက္ကဋ္ဌ ဦးမိုးကြိုးကအခုလိုပြောပါတယ်။

"ထိုင်းနိုင်ငံအလယ်ပိုင်းဆာမွတ်ဆာခွန်းခရိုင် မဟာချိုင်မြို့နယ်ထဲမှာ ဖလမ်းဆောင်လမ်းမကြီးပေါ်က မိုးပျံတံတားဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ မကြာသေးခင် ရက်ပိုင်းက သေဆုံးခဲ့ရတဲ့ ဖြိုးကိုကို၊ ချစ်ကိုကို၊ ဧရာနဲ့အောင်သိန်းထွေးဆိုတဲ့မြန်မာလုပ်သား ၄ဦးနဲ့ ထိုင်းလုပ်သား ၂ဦးရှိပါတယ်၊ တဦးကိုနာရေးစရိတ်အနေနဲ့ ဘတ်ငွေ ၅သောင်းအပါအဝင် နစ်နာကြေး အနည်းဆုံးဘတ်ငွေ ၈သိန်း ၆သောင်းကျော်ကနေဘတ် ၁သန်းထိပေးမယ်လို့ သက်ဆိုင်ရာကနေ သဘောတူထားပါတယ်။ ပြီးတော့ ဆေးရုံတက်ကုသနေရတဲ့ သူတွေအတွက်ကတော့ ကုသစရိတ် က ဘတ်တသန်းထက်မကျော်တဲ့ငွေကြေးနဲ့ ဆေးရုံတက်ကုသမှုခံယူနေစဉ်အတွင်းမှာ နေ့စဉ်လုပ်အားခတွေကို အပြည့်အ၀ပေးမယ်လို့ ကတိကဝတ်ပေးပါတယ်။"

နိုဝင်ဘာလ ၂၉ရက်နေ့ မနက်(၄) နာရီ ကျော် မိုးပျံလမ်း တံတားက ဆောက်လက်စ ကွန်ကရစ်တိုင် ပြိုကျချိန်မှာ ညဆိုင်းအလုပ်ဆင်းနေတဲ့ ဆောက်လုပ်ရေးအလုပ်သမား ၃၉ ဦး အလုပ်လုပ်ကိုင်နေကြတဲ့အချိန်လည်းဖြစ်ပါတယ်။ ဆောက်လုပ်ရေးလုပ်ရင်းလို မိုးပျံလမ်းမကြီးပြိုကျပြီးသေဆုံးဒဏ်ရာရခဲ့တာဟာအခုတကြိမ်ဟာ ပထဆုံးအကြိမ်မဟုတ်ပဲ ဖလမ်းဆောင် မိုပျံလမ်းမကြီးဆောက်လုပ်နေတဲ့ ငါးနှစ်တာကာလအတွင်းမှာ အခုလိုမျိုးဖြစ်ရပ်တွေကြောင့် သေဆုံးသူ ၁၃၀လောက်ရှိခဲ့ပြီး ဒဏ်ရာရသူ ၁၃၀၀ ကျော်လောက်ရှိခဲ့ပြီဖြစ်ပါတယ်။ ဖြစ်ရပ်တိုင်းမှာမြန်မာနိုင်ငံသား အလုပ်သမားတွေ ထိခိုက်ဒဏ်ရာရတာ သေဆုံးတာတွေလည်းရှိခဲ့ပါတယ်ရှင်။

Forum

XS
SM
MD
LG