သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေးနဲ့လူ့အခွင့်အရေး သမ္မတကာတာဆောင်ရွက်ခဲ့မှု ကုလအတွင်းရေးမှူးချုပ်ဂုဏ်ပြု


သမ္မတဟောင်း ဂျင်မီကာတာ
သမ္မတဟောင်း ဂျင်မီကာတာ

နိုင်ငံတကာ ငြိမ်းချမ်းရေး နဲ့ လူအခွင့်အရေး အတွက် အမေရိကန် သမ္မတ ကာတာရဲ့ ဆောင်ရွက်မှုတွေကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ချီးမွမ်းဂုဏ်ပြု လိုက်ပါတယ်။ ကွယ်လွန်သူ အမေရိကန် သမ္မတ ဂျင်မီ ကာတာရဲ့ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေး နဲ့ လူသားချင်း စာနာထောက်ထားမှု ဆောင်ရွက်ချက်တွေက အမွေအဖြစ် တည်တံ့ ခိုင်မြဲပါလိမ့်မယ်လို့ အင်တော်နီယို ဂူသရက်စ်က ထုတ်ပြန်ချက်မှာ ပြောပါတယ်။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် နဲ့ သမ္မတ ကတော် Jill Biden တို့ရဲ့ သမ္မတ ဂျင်မီကာတာ အပေါ် ဂုဏ်ပြု စကားကိုလည်း အိမ်ဖြူတော်က တနင်္ဂနွေနေ့မှာ ထုတ်ပြန်ပါတယ်။ ဂျင်မီကာတာကို မတွေ့ကြဖူးပေမဲ့ အမေရိကန် နဲ့ ကမ္ဘာပေါ်က ပြည်သူ သန်းပေါင်းများစွာကလည်း သမ္မတ ကာတာအပေါ် ခင်မင်စရာကောင်းတဲ့ မိတ်ဆွေအဖြစ် သဘောထား ကြတာကတော့ သမ္မတ ကာတာရဲ့ ပြောစမှတ်ပြုလောက်တဲ့ အတိုင်းထက်အလွန် ပုဂ္ဂိုလ်ရေး အရည်အသွေး ဖြစ်ပါတယ်လို့ သမ္မတ ဂျိုးဘိုင်ဒန်နဲ့ သမ္မတ ကတော်တို့က ထုတ်ပြန်ချက်မှာ ပြောပါတယ်။

အမေရိကန် နိုင်ငံရဲ့ အရေးကြီးလှတဲ့ အချိန်မှာ သမ္မတ ကာတာ ဟာ စိန်ခေါ်ချက်တွေကို ရင်ဆိုင်ခဲ့ရပြီး၊ သူလုပ်နိုင်သမျှ အရာရာ လုပ်ခဲ့ခြင်းအားဖြင့် အမေရိကန် ပြည်သူတွေရဲ့ ဘဝကို တိုးတက်အောင် လုပ်ခဲ့ပါတယ် လို့ အရွေးကောက်ခံ သမ္မတ ထရမ့်ကလည်း သူ့ရဲ့ Truth Social လူမှု စာမျက်နှာမှာ ရေးပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG