သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာအပစ်ရပ်သဘောတူညီချက် စတင်နိုင်မယ်လို့ ကန်နိုင်ငံခြားရေးယုံကြည်

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken

အစ္စရေးနဲ့ ဟားမတ်စ်တို့ကြား ရရှိထားတဲ့ ဂါဇာ အပစ်ရပ်ရေးနဲ့ အဖမ်းခံနေရတဲ့ ဓါးစာခံတွေ ပြန်လွတ်မြာက်ရေး သဘောတူညီချက် တည်မြဲရေး အတွက် အငြင်းပွါးမှုတွေ ရှိနေတဲ့ ကြားကပဲ အခု တနင်္ဂနွေနေ့ ဇန်နဝါရီ ၁၉ မှာ ဒီသဘောတူညီမှု စတင်တော့မှာ ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ကြာသပတေးနေ့မှာ ပြောပါတယ်။

ဒီသဘောတူညီချက်ကို တနင်္ဂနွေနေ့မှာ စတင် အကောင်ထည်ဖေါ် မယ်လို့ အပြည့်အဝ ယုံကြည်ကြောင်း ဝန်ကြီး Blinken က ဝါရှင်တန်မှာ ပြုလုပ်တဲ့ သူ့ရဲ့ နှုတ်ဆက်ပွဲ - သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောပါတယ်။ ကြာသပတေးနေ့မှာပဲ အပစ်ရပ်ရေးနဲ့ ဓါးစားခံလွှတ်ပေးရေး စတင်မှုနဲ့ ပတ်သက်ပြီး မေးခွန်းတွေ မေးမြန်းရာမှာ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က ဟားမတ်စ်တွေဟာ သဘောတူညီမှုစာချုပ် ထဲက တချို့အပိုင်းတွေအတွက် နောက်ပြန်သွားနေတဲ့ ပုံစံရှိနေတယ်လို့ စွပ်စွဲခဲ့တာပါ။

ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာတော့ ဟားမတ်စ်တွေဟာ - နောက်ဆုံး လိုက်လျောမှု အတွက် အကြပ်ကိုင်ဖို့ - ကြိုးစားတယ် လို့ ဖေါ်ပြထားပါတယ်။ ဟားမတ်စ်တွေ ဖမ်းထားတဲ့ အစ္စရေး ဓါးစာခံတွေနဲ့ လူသတ်မှုကျူးလွန်တဲ့ ပါလက်စတိုင်း အကျဉ်းသားတွေ လဲလှယ်ရေးကို အစ္စရေးက ဗီတိုအာဏာသုံး ပယ်ချနိုင်တယ်လို့ ပြောဆိုချက် ဟာ အရင်ပုံစံအတိုင်း ပြန်သွားတာမျိုးလို့ အစ္စရေးဝန်ကြီးချုပ်ရုံးက စွပ်စွဲခဲ့တာပါ။

ဒါပေမယ့် နာရီပိုင်း အတွင်းမှာပဲ ဟားမတ်စ် အကြီးတန်း အရာရှိတဦး ဖြစ်တဲ့ Izzat al-Rishq က သူတို့ အဖွဲ့ဟာ ကြားဝင်စေစပ်ပေးသူတွေ ကြေညာထားတဲ့ အပစ်ရပ် သဘောတူညီချက် အတိုင်းလိုက်နာမှာ ဖြစ်ကြောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဝန်ကြီး Blinken ကတော့ ညှိနှိုင်းမှုတွေ လုပ်ဆောင်နေရာမှာ အခုလို အခြေနေတွေ ကြုံရတာဟာ အံ့သြစရာ မဟုတ်ကြောင်းနဲ့ ပြောထားတဲ့ အတိုင်း ဖြစ်အောင် ဆက်လက် ကြိုးစားမှာ ဖြစ်ကြောင်းပြောပါတယ်။

ဂါဇာအပစ်ရပ်သဘောတူညီချက် စတင်နိုင်မယ်လို့ ကန်နိုင်ငံခြားရေးယုံကြည်
please wait

No media source currently available

0:00 0:01:02 0:00
တိုက်ရိုက် လင့်ခ်

This item is part of

Forum

XS
SM
MD
LG