သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဧရာဝတီတိုင်းအတွင်း ခရီးသွားရင် သတိထားဖို့ ဗြိတိန် နိုင်ငံခြားရေးရုံး သတိပေး


ငွေဆောင်ကမ်းခြေ ပုသိမ်မြို့နယ် (AP Photo မေ ၂၀၁၅)
ငွေဆောင်ကမ်းခြေ ပုသိမ်မြို့နယ် (AP Photo မေ ၂၀၁၅)

ဧရာဝတီတိုင်းထဲက မြို့နယ်တွေကို ဗြိတိန်နိုင်ငံသားတွေအနေနဲ့ မလိုအပ်ရင် ခရီးမသွားကြဖို့ ဗြိတိန် နိုင်ငံခြားရေးရုံးက ဒီနေ့ သတိပေးချက် ထုတ်ပြန်ပါတယ်။

ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ဧရာတီတိုင်းထဲက ကြံခင်း၊ မြန်အောင်၊ အင်္ဂပူ၊ လေးမျက်နှာ၊ ရေကြည်၊ သာပေါင်း၊ ပုသိမ် စတဲ့မြို့နယ်တွေကို မလိုအပ်ရင် ခရီးမသွားကြဖို့ ဗြိတိန် နိုင်ငံခြားရေးရုံးက ခရီးသွားအကြံပြုချက် ထုတ်ပြန်တာဖြစ်ပါတယ်။ အာရက္ခတပ်တော် AA နဲ့ စစ်ကောင်စီတပ်တွေအကြား ရခိုင်ပြည်နယ်ထဲက တိုက်ပွဲတွေဟာ ဧရာဝတီတိုင်းထဲအထိ ကူးစက် ပျံ့နှံ့လာနေချိန်မှာ ဧရာဝတီတိုင်းထဲက မြို့နယ်တွေကို မဖြစ်မနေ လိုအပ်လို့ သွားရတဲ့ခရီးမဟုတ်ရင် မသွားဖို့ ဗြိတိန် နိုင်ငံခြားရေးရုံးက သတိပေးလိုက်တာပါ။ ချင်း၊ ကချင်၊ ကယား၊ ကရင်၊ မွန်၊ ရခိုင်ပြည်နယ်တွေသာမက ရှမ်းပြည်မြောက်ပိုင်းဒေသ၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းမြောက်ပိုင်း စတဲ့ နေရာတွေကို မသွားဖို့ အရင်ထဲက ဗြိတိန်အစိုးရက သတိပေးထားတာပါ။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း မြန်မာနိုင်ငံကို ခရီးမသွားသင့်တဲ့ အနီရောင်အဆင့် ၄ ထဲမှာ အစထဲက ထည့်သွင်းထားပါတယ်။ လက်နက်ကိုင်ပဋိပက္ခတွေကြား အတင်းအကြပ်ပြဌာန်းတဲ့ ဒေသန္တရဥပဒေတွေနဲ့ အရေးယူမှုတွေ၊ အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှု မလုံလောက်မှုတွေနဲ့ တချို့ဒေသတွေမှာ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတဲ့ ပစ္စည်းတွေရဲ့ အန္တရာယ်နဲ့၊ လူတွေကို မှားယွင်း ဖမ်းဆီးထိန်းသိမ်းတာတွေ ရှိနေတဲ့အတွက် ခရီးသွားမယ်ဆိုရင် သတိထားဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက သတိပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG