သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အငြိမ်းစား ဗိုလ်ချုပ်ကြီး Mark Milley လုံခြုံရေးခံစားခွင့် အရုပ်သိမ်းခံရ


ဗိုလ်ချုပ်ကြီးဟောင်း Mark Milley
ဗိုလ်ချုပ်ကြီးဟောင်း Mark Milley

အမေရိကန် အငြိမ်းစား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဌ ဗိုလ်ချုပ်ကြီးဟောင်း Mark Milley မတ်ခ် မီလီကို ရာထူးချလို့ ရမရ ကြည့်ဖို့အတွက် သူ့လုပ်ရပ်တွေကို ပြန်စစ်ဆေးဖို့ ကာကွယ်ရေးဝန်ကြီး Pete Hegseth က ဌာန လုပ်ငန်း စစ်ဆေးရေးမှူးချုပ်ကို အမိန့်ပေးလိုက်ပါတယ်။

မတ်ခ် မီလီအတွက် ပေးထားတဲ့ လုံခြုံရေးကို ရုပ်သိမ်းလိုက်တာနဲ့အတူ ခုလို အမိန့်ထုတ်လိုက်တာလို့ ကာကွယ်ရေး ဝန်ကြီးဌာန အရာရှိကြီး ၂ ဦးက အင်္ဂါနေ့ နှောင်းပိုင်းမှာ အတည်ပြု ပြောကြားပါတယ်။

ဗိုလ်ချုပ်ကြီး မီလီ ပြုမူလုပ်ဆောင်ခဲ့ပုံတွေနဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေနဲ့ အခြေအနေတွေကို စုံစမ်းစစ်ဆေးတာလည်း လုပ်ငန်းစစ်ချုပ်ရဲ့ သုံးသပ်ချက်မှာ ပါဝင်လိမ့်မယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ John Ullyot က ပြောပါတယ်။

ဒါမှသာ သူ့ရဲ့ စစ်ရာထူးအဆင့်ကို ပြန်လည်သုံးသပ်ဖို့ သင့်မသင့် ဆုံးဖြတ်ကောင်း ဆုံးဖြတ်နိုင်မှာ ဖြစ်တယ်လို့ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။ ထရမ့်ရဲ့ ပထမ သမ္မတသက်တမ်း အစောပိုင်းမှာ သမ္မတနဲ့ ပြဿနာ မရှိခဲ့ပေမဲ့၊ နောက်ပိုင်းမှာ သဘောကွဲတာတွေ ရှိခဲ့ပါတယ်။

ရဲတွေ George Floyd သေဆုံးလို့ ကန့်ကွက်ပွဲတွေ နှိမ်နင်းရာမှာ သမ္မတက စစ်တပ် အသုံးပြုလိုတာကို မိုက်မီလီက သဘောမတူခဲ့ပါဘူး။ ဘုရင် ဒါမှမဟုတ် ဘုရင်မ ဒါမှမဟုတ် မင်းဆိုးမင်းညစ် ဒါမှမဟုတ် အာဏာရှင်ကို ကျွန်တော်တို့က ကျမ်းသစ္စာ ကျိန်ဆိုတာ မဟုတ်သလို၊ အာဏာရှင် ဖြစ်လာမယ့်သူကိုလည်း ကျမ်းသစ္စာကျိန်ဆိုတာ မဟုတ်ပါဘူး။ ကျွန်တော်တို့က ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ အမေရိကားဆိုတဲ့ စိတ်ကူးအယူအဆကို ကျမ်းသစ္စာ ကျိန်ဆိုထားတာပဲ ဖြစ်ပါတယ်လို့ ထရမ့် သမ္မတသက်တမ်း ကုန်ပြီးတဲ့နောက်၊ သူ့ အနားယူတဲ့ အခမ်းအနားမှာ ဗိုလ်ချုပ်ကြီး မတ်ခ်မီလီက ပြောကြားခဲ့ပါတယ်။

Forum

XS
SM
MD
LG