သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကနေဒါ မက္ကစီကို တရုတ် ကုန်စည်များအပေါ် ကန် အခွန်တိုးကောက်တော့မည်


ကာလီဖိုးနီးယားနဲ့ မက္ကဆီကို နယ်စပ်တလျောက်က အဝေးပြေးကုန်စည်လမ်းမကြီ။ (January 22, 2025)
ကာလီဖိုးနီးယားနဲ့ မက္ကဆီကို နယ်စပ်တလျောက်က အဝေးပြေးကုန်စည်လမ်းမကြီ။ (January 22, 2025)

သမ္မတ ဒေါ်နယ်ထရမ့်ဟာ ကနေဒါနဲ့ မက္ကဆီကိုက တင်ပို့တဲ့ ကုန်ပစ္စည်းတွေကို အခွန် ၂၅ % ကောက်ခံမှာ ဖြစ်သလို တရုတ်ကလာတဲ့ ကုန်ပစ္စည်းတွေအတွက် အခွန် ၁၀% ကောက်ခံမှာဖြစ်ပြီး ဒါဟာ စနေနေ့မှာ စတင် အကျိုးသက်ရောက်မှာ ဖြစ်ကြောင်း သမ္မတအိမ်ဖြူတော်က သောကြာနေ့မှာ ပြောပါတယ်။

အမေရိကန် စားသုံးသူတွေအတွက် ကုန်ဈေးနှုန်းတွေ ထိုးတက်လာနိုင်တဲ့ အခုလို အခွန်ကောက်ခံမှုအတွက် ဖြေလျှော့မှု တစုံတရာ ချထားပေးဖို့ ရှိမရှိတော့ ထုတ်မပြောပါဘူး။

အမေရိကန်နိုင်ငံထဲ တရားမဝင် လာရောက်မှုတွေ၊ fentanyl မူးယစ်ဆေးထုတ်နိုင်တဲ့ ဓါတုပစ္စည်း ခိုးသွင်းမှုတွေ ရပ်ဆိုင်းဖို့ ပူးပေါင်းဆောင်ရွက်မှု မရှိတဲ့ နိုင်ငံတွေအပေါ် အခွန်အခ တိုးမြှုင့်ကောက်ခံမှာ ဖြစ်ကြောင်း သမ္မတ Trump က ခြိမ်းခြောက်ခဲ့သလို ဒီလို အခွန်တိုးကောက်ပြီး ပြည်တွင်းကုန်ထုတ်လုပ်မှု တိုးလာအောင် လုပ်မှာ ဖြစ်ကြောင်းလည်း ပြောကြားထားတာ ဖြစ်ပါတယ်။


စနေနေ့မှာ စတင်မယ့် ဒီ အခွန်ကောက်ခံမှုဟာ သမ္မတထရမ့် မဲဆွယ် ကတိအတိုင်း လုပ်ဆောင်တာ ဖြစ်ကြောင်း အိမ်ဖြူတော်ပြောခွင့်ရက ဆိုပါတယ်။

ကနေဒါနဲ့ မက္ကဆီကိုက ရေနံတင်ပို့မှုတွေအတွက် ကင်းလွတ်ခွင့်ပေးဖို့ စဉ်းစားမယ်လို့ သမ္မတထရမ့်က ပြောခဲ့တာ ဖြစ်ပေမယ့် ဒီလို ကင်းလွတ်ခွင့် တစုံတရာပေးဖို့ ရှိမရှိ သမ္မတက မပြောသေးဘူးလို့လည်း ပြောပါတယ်။

စွမ်းအင် အချက်လက် စီမံခန့်ခွဲရေးဌာန EIA မှတ်တမ်းအရ အမေရိကန်နိုင်ငံဟာ ကနေဒါဆီကနေ နေ့စဉ် ရေနံစည် ၅ သန်းခွဲလောက်နဲ့ မက္ကဆီကိုဆီက ရေနံစည် ၅ သိန်းခွဲကျော် တင်သွင်းနေတယ်လို့ ဖေါ်ပြပါတယ်။

Forum

XS
SM
MD
LG