လာမယ့်ရက်တွေမှာ အမေရိကန်နဲ့ ပြန်လည်ဆက်ဆံဖို့ သူ့အစိုးရက ရည်ရွယ်ထားပေမဲ့ ထရမ့် အစိုးရနဲ့ အဆက်အသွယ် မရသေးကြောင်း ဆီးရီးယား ကြားဖြတ်သမ္မတ Ahmed al-Sharaa က ပြောပါတယ်။
အစိုးရရဲ့ ထောက်ခံချက်မရှိဘဲ အမေရိကန်တပ်တွေက ဆီးရီးယားမှာ ရှိနေကြပြီး အဲဒီလိုရှိနေဖို့ ဆီးရီးယားနိုင်ငံနဲ့ သဘောတူညီချက် ရှိသင့်တယ်လို့ တနင်္လာနေ့က ထုတ်လိုက်တဲ့ အီကောနောမစ် မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ al-Sharaa က ပြောပါတယ်။
ဆီးရီးယားအပေါ် ချထားတဲ့ အမေရိကန်ရဲ့ ပိတ်ဆို့အရေးမှုဟာ တိုင်းပြည်အတွက် အကြီးမားဆုံး အန္တရာယ် ဖြစ်တယ်လို့လည်း သူကဆိုပါတယ်။ ဒါပေမဲ့ ယခင် သမ္မတဘိုင်ဒန်အစိုးရက ဆီးရီးယား အဖွဲ့အစည်းတွေပေါ် ချထားတဲ့ ပိတ်ဆို့ အရေးယူမှုကို ဇန်နဝါရီလမှာ ၆ လတာ ရပ်ဆိုင်းပေးတားပါတယ်။
ဆီးရီးယား ကြားဖြတ်သမ္မတ al-Sharaa ဟာ ဆီးရီးယား လွတ်မြောက်ရေးအဖွဲ့လို့ အဓိပ္ပါယ်ရတဲ့ HTS အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်ပြီး ၂၀၁၆ ခုနှစ်မှာ HTS က အယ်ကိုင်းဒါးနဲ့ အဆက်ဖြတ်လိုက်ပေမဲ့ အမေရိကန်ရဲ့ အကြမ်းဖက်အဖွဲ့စာရင်းမှာ ဆက်လက် ရှိနေပါသေးတယ်။
အာဆတ်ကို တိုက်ခဲ့ကြတဲ့ ဆီးရီးယား လက်နက်ကိုင်အဖွဲ့အားလုံးကို ဖျက်သိမ်းလိုက်ပြီမို့ HTS ကို အကြမ်းဖက်အဖွဲ့အဖြစ် ဆက်သတ်မှတ်ထားတာ အဓိပ္ပါယ်မရှိလှဘူးလို့ သမ္မတ al-Sharaa က ပြောပါတယ်။
Forum