သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီလက်ထက် စီးပွားရေးအခြေအနေ SAC-M အစီရင်ခံစာထုတ်ပြန် 


ရန်ကုန်မြို့ပေါ်က Yoma Central development ပရောက်ဂျက် ဆောက်လုပ်ရေးတခု (ဖေဖော်ဝါရီ ၇၊ ၂၀၂၅)
ရန်ကုန်မြို့ပေါ်က Yoma Central development ပရောက်ဂျက် ဆောက်လုပ်ရေးတခု (ဖေဖော်ဝါရီ ၇၊ ၂၀၂၅)

မြန်မာနိုင်ငံပိုင် စီးပွားရေးကို စစ်တပ်က လက်ဝါးကြီးအုပ် အသုံးချပြီး ပြည်သူတွေကို ဖိနှိပ်တဲ့ ယန္တယားအတွက် အသုံးချနေတဲ့အကြောင်း ဩစတေးလျ စီးပွားရေးပညာရှင် ပါမောက္ခ Sean Turnell ရဲ့ အစီရင်ခံစာကို မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ SAC-M က မနေ့က ထုတ်ပြန်ပါတယ်။

စစ်တပ်ပိုင် စီးပွားရေးကိုဖျက်သိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ်နဲ့ မြန်မာပြည်သူတွတွေကို ကူညီဖို့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ တာဝန်ယူလုပ်ဆောင်ခဲ့ဖူးတဲ့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်တွေနဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့ဝင်တွေ ပါဝင်တဲ့ SAC-M အဖွဲ့က ထုတ်ပြန်တာပါ။ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းတွေနဲ့ ဘဏ်လုပ်ငန်းတွေအပေါ် ပိုမိုထိရောက်တဲ့ အရေးယူမှုတွေ ပြဌာန်းဖို့လည်း တိုက်တွန်းထားပါတယ်။

တချိန်တည်းမှာ စစ်တပ်အာဏာသိမ်းပြီး အမေရိကန်ပြည်ထောင်စု Federal Reserve Bank of New York မှာ သိမ်းထားတဲ့ မြန်မာနိုင်ငံပိုင် ဒေါ်လာ ၁ ဘီလျံကျော်ကို NUG အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေကို လွှဲပြောင်းပေးအပ်ဖို့လည်း SAC-M အဖွဲ့က Chris Sidoti က တောင်းဆိုထားပါတယ်။

ပုံမှန် အတိုးရနေတဲ့ ဒီငွေတွေဟာ မြန်မာနိုင်ငံသူ နိုင်ငံသားတွေ ပိုင်တဲ့ ငွေတွေဖြစ်ပြီး၊ ပြည်သူလူထုကို ကိုယ်စားပြုတဲ့ စစ်မှတ်တဲ့ ကိုယ်စားလှယ်တွေကတဆင့် လွှဲပြေားဖို့လိုတဲ့အကြောင်း Chris Sidoti က ပြောဆိုပါတယ်။ မြန်မာနိုင်ငံအတွင်း သန်းပေါင်းများစွာသော ပြည်သူတွေလိုအပ်နေတဲ့ လူသားချင်းစာနာမှု အကူအညီပေးရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် အသုံးပြုနိုင်ဖို့ လိုတယ်လို့လည်း ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG