သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်မှုထမ်းအမိန့်အပေါ် မြန်မာနိုင်ငံဆိုင်ရာ ကုလအရာရှိဟောင်းတွေဝေဖန်


စစ်ကောင်စီတပ်ဖွဲ့ဝင်များ (ဖေဖော်ဝါရီ ၁၅၊ ၂၀၂၁)
စစ်ကောင်စီတပ်ဖွဲ့ဝင်များ (ဖေဖော်ဝါရီ ၁၅၊ ၂၀၂၁)

စစ်ကောင်စီက အတင်းအကျပ် စစ်မှုထမ်းခိုင်းတဲ့ လုပ်ရပ်ဟာ တိုင်းပြည်ရဲ့ အနာဂတ်ကို ဖျက်ဆီးတဲ့ လုပ်ရပ်အဖြစ် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အရာရှိဟောင်းတွေက ဝေဖန်လိုက်ပါတယ်။ အာဏာသိမ်းစစ်ကောင်စီဟာ ကျရှုံးမှုကို လက်မခံနိုင်တဲ့အတွက် နိုင်ငံရဲ့ မျိုးဆက်သစ်တခုလုံးကို ပျက်ဆီးအောင် ဖျက်ဆီးနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) အဖွဲ့ဝင် တယောက်ဖြစ်တဲ့ Yanghee Lee က ဒီနေ့ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြောဆိုလိုက်တာပါ။

စစ်တပ်ရဲ့ ကျရှုံးမှုကို ဒီဥပဒေနဲ့ အဖတ်ဆယ်နိုင်မှာ မဟုတ်ဘူးလို့လည်း မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ဟောင်းက ပြောပါတယ်။ အရွယ်ရောက်သူတွေ စစ်မှုထမ်းရမယ့် ဥပဒေကို ကျင့်သုံးမယ့်အကြောင်း စစ်ကောင်စီက ဒီလဆန်းမှာ ကြေညာလိုက်ပြီး ဧပြီလကနေစပြီး လူဦးရေ ၅,၀၀၀ စတင် ခေါ်ယူဖို့ သတင်းထုတ်ပြန်လိုက်ပြီးနောက် ပြည်တွင်းပြည်ပ ဝေဖန်မှုတွေ ထွက်ပေါ်နေတာပါ။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လွတ်လပ်သော နိုင်ငံတကာ အချက်အလက်ရှာဖွေရေးမစ်ရှင် (FFM) ဥက္ကဋ္ဌဟောင်းလည်းဖြစ် SAC-M ရဲ့ တည်ထောင်သူလည်းဖြစ်တဲ့ မစ္စတာ Marzuki Darusman ကလည်း အတင်းအကျပ်စစ်မှုထမ်းခိုင်းမယ့် အစီအစဉ်ကြောင့် မြန်မာ့အနာဂတ်ကို ထိခိုက်နိုင်တယ်လို့ သတိပေးခဲ့တာပါ။

စစ်ကောင်စီက တိုင်းပြည်ဖွံ့ဖြိုးရေး၊ တည်ငြိမ်အေးချမ်းရေးအတွက် ရည်ရွယ်ပြီး စစ်မှုထမ်းဥပဒေကို ကျင့်သုံးမှာဖြစ်ကြောင်း ပြောပေမဲ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင် ပဋိပက္ခတွေမှာ အထိအခိုက်အကျဆုံးတွေ များလာချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ SAC-M အဖွဲ့ဝင် နောက်တဦး ဖြစ်တဲ့ Chris Sidoti ကတော့ တိုက်ပွဲတွေမှာ အရှုံးနဲ့ရင်ဆိုင်နေရတဲ့ စစ်ကောင်စီဟာ ကြံမိကြံရာလုပ်တဲ့ အစီအစဉ်အဖြစ် ဝေဖန်ခဲ့ပါတယ်။

စစ်မှုထမ်းအမိန့်အပေါ် မြန်မာနိုင်ငံဆိုင်ရာ ကုလအရာရှိဟောင်းတွေဝေဖန်
please wait

No media source currently available

0:00 0:01:18 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG