သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်မှုမထမ်း မနေရ အသက်ကန့်သတ်ချက် ရုရှားတိုးမြှင့်


Russia Ukraine War
Russia Ukraine War

ရုရှားမှာ ဒီနှစ် ဆောင်းဦးရာသီအတွင်း မဖြစ်မနေ စစ်မှုထမ်းရမယ့် စစ်သားသစ် ၁၃၀,၀၀၀ ကို စုဆောင်းနေပြီး စစ်မှုထမ်းဖို့ အသက် ကန့်သတ်ချက်ကိုလည်း ၂၇ ကနေ ၃၀ အထိ တိုးမြှင့်လိုက်ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက သောကြာနေ့က ထုတ်ပြန်ပါတယ်။ မဖြစ်မနေ စစ်မှုထမ်းရမယ့် အသက် ကန့်သတ်ချက် တိုးဖို့ကို ရုရှားအောက်လွှတ်တော်က ဇူလိုင်လကတည်းက မဲခွဲဆုံးဖြတ်ခဲ့ပြီး ဒီဥပဒေဟာ ဇန်နဝါရီ ၁ ရက်၊ ၂၀၂၄ မှာ စတင် အသက်ဝင်မှာ ဖြစ်ပါတယ်။

စစ်မှုထမ်း စုဆောင်းတာက အောက်တိုဘာ ၁ ရက်ကနေ စတင်မှာဖြစ်ပြီး ယူကရိန်းဆီကနေ တရားမဝင် သိမ်းပိုက်ထားတဲ့ ဒေသတွေအပါအဝင် ရုရှားဖက်ဒရေးရှင်းရဲ့ ဒေသအားလုံးမှာ အကျုံးဝင်မယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ ရုရှားမှာ အသက် ၁၈ နှစ် ပြည့်ပြီးတဲ့ အရွယ်ရောက်သူ အမျိုးသားတိုင်းဟာ အနည်းဆုံး(၁)နှစ် စစ်မှုထမ်းဖို့ ပြဌာန်းထားတာပါ။

ရုရှားဟာ သူ့ရဲ့ ပရော်ဖက်ရှင်နယ် အမြဲတမ်းစစ်တပ်နဲ့ နိုင်ငံသားတွေကို ဆင့်ခေါ်တဲ့ စစ်မှုထမ်းတပ်ဖွဲ့ နှစ်ခုလုံးရဲ့ အင်အားကို ၁.၅ သန်းအထိ ၃၀ ရာခိုင်နှုန်း တိုးမြှင့်မယ့်အစီအစဉ်ကို မနှစ်က ကြေညာထားပါတယ်။ ဒီအရေအတွက် အတိုင်း တိုးမြှင့်နိုင်ဖို့ကလည်း ယူကရိန်းမှာ ရုရှားတပ်ဖွဲ့တွေ အသေအပျောက် များနေလို့ အခက်အခဲတွေ ကြုံနေရတာလည်း ဖြစ်ပါတယ်။

တဖက်မှာတော့ ယူကရိန်းကို အနောက်နိုင်ငံတွေက စစ်လက်နက်ပစ္စည်းတွေ ဆက်လက် ထောက်ပံ့ပေးနေချိန်မှာ လေကြောင်းရန် ကာကွယ်ရေး အပါအဝင် စစ်လက်နက် ခဲယမ်းမီးကျောက်တွေ ကိုယ်ပိုင်ထုတ်လုပ်ဖို့ စီစဉ်နေပြီး ဒီအတွက် ကူညီဖို့ ကျွမ်းကျင်သူတွေ ရောက်လာဖို့ရှိတယ်လို့ ယူကရိန်းသမ္မတရဲ့ စစ်ဦးစီးချုပ် အင်ဒရေ ရာမာခ် (Andriy Yermak)က သောကြာနေ့က သတင်းထောက်တွေကို ပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG