သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းကို စစ်ရေးအကူအညီ ဒေါ်လာသန်း ၆၅၀ ကနေဒါ ပေးမည်


Ukrainian President Volodymyr Zelenskyy and Canadian Prime Minister Justin Trudeau shake hands during a press conference following their talks in Kyiv, June 10, 2023.
Ukrainian President Volodymyr Zelenskyy and Canadian Prime Minister Justin Trudeau shake hands during a press conference following their talks in Kyiv, June 10, 2023.

ကနေဒါလွှတ်တော်မှာ သောကြာနေ့က ယူကရိန်းသမ္မတ Volodymyr Zelenskyy တက်ရောက် မိန့်ခွန်းပြောကြားခဲ့ပြီးတဲ့ နောက်မှာ ကနေဒါက ယူကရိန်းအတွက် နောက်ထပ် စစ်ရေးအကူအညီအဖြစ် ၃ နှစ် အတွင်း ဒေါ်လာ သန်း ၆၅၀ ပေးအပ်မှာ ဖြစ်ကြောင်း ကနေဒါဝန်ကြီးချုပ် Justin Trudeau က ကတိပြုခဲ့ပါတယ်။ ဒါ့အပြင် ယူကရိန်းကို ကျူးကျော်တိုက်ခိုက်နေတဲ့ ရုရှားအပေါ် ဒဏ်ခတ်အရေးယူမှုတွေ တိုးမြှင့်ချထားမှာ ဖြစ်ကြောင်း ပြောပါတယ်။

ကနေဒါဝန်ကြီးချုပ် Trudeau ဟာ ယူကရိန်းသမ္မတ Zelenskyy နဲ့ လွတ်လပ်တဲ့ကုန်သွယ်မှု သဘောတူစာချုပ်ကို ချုပ်ဆိုခဲ့ပါတယ်။ Otawa မှာ ပြုလုပ်တဲ့ ခေါင်းဆောင် ၂ ဦးရဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာတော့ ကနေဒါဝန်ကြီးချုပ်က ဒီမိုကရေစီကို ခုခံကာကွယ်ရာမှာ စည်းစည်းလုံးလုံး ရပ်တည်မှာ ဖြစ်ပြီး ရုရှားသမ္မတ Vladimir Putin ရဲ့ ယူကရိန်းကို ကျူးကျော်မှု အတွက် ရှုတ်ချကြောင်းလည်း ပြောပါတယ်။

ယူကရိန်းအတွက် ကနေဒါက ပေးတဲ့ အထောက်အပံ့ငွေဟာ ဆေးဘက်သုံး ကျည်ကာ ကားတွေ အပါအဝင် ကျည်ကာ ယဉ် အစီး ၅၀ နဲ့ တင့်ကားပြုပြင်ထိန်းသိမ်းရေး၊ လေ့ကျင့်ရေး ဆိုင်ရာတွေအတွက် သုံးမှာ ဖြစ်ကြောင်း ပြောပါတယ်။

ကနေဒါအစိုးရက ရုရှားအပေါ် ဒဏ်ခတ်အရေးယူတဲ့ စာရင်းမှာ နောက်ထပ် ရုရှား အယောက် ၆၀ ကျော် ကို ထည့်သွင်းလိုက်ကြောင်းလည်း ကြေညာ ပါတယ်။ ဒါ့အပြင် ကနေဒါနဲ့ ယူကရိန်းတို့ဟာ ရုရှားရဲ့ ဗဟိုဘဏ် ပါအဝင် ရုရှားရဲ့ ပိုင်ဆိုင်မှုတွေ ထိန်းချုပ်ရေး အတွက် G 7 မိတ်ဆွေတွေနဲ့ ဆွေးနွေးဖို့ လုပ်မှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

ဒါဟာ ယူကရိန်းကို ရုရှားကျူးကျော်တဲ့ ၂၀၂၂ ဖေဖေါ်ဝါရီကစပြီး ယူကရိန်းသမ္မတ Zelenskyy ပထမဆုံး ကနေဒါကို လာရောက်တာ ဖြစ်ပါတယ်။ သောကြာနေ့ ညနေပိုင်းမှာတော့ ခေါင်းဆောင် ၂ ဦးဟာ Ottawa ကနေ တိုရွန်တိုကို သွားရောက်ဖို့ ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG