သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗျူဟာမြောက်ကျေးရွာ ယူကရိန်းတို့ ပြန်လည်သိမ်းပိုက်


လနဲ့ချီ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပြီးနောက် Klishchiivka ရွာကို ရုရှားတပ်တွေဆီကနေ ပြန်သိမ်းယူလိုက်ပြီလို့ ယူကရိန်းစစ်တပ်က ပြောပါတယ်။ ဒီ ကျေးရွာဟာ ရုရှားသိမ်းပိုက်ခံ Bakhmut ရဲ့ တောင်ပိုင်းမှာ တည်ရှိပါတယ်။

ဒီမတိုင်ခင်ရက်ကလည်း အနီးအနားက Andriivka ကျေးရွာကို သိမ်းယူခဲ့တယ်လို့ ယူကရိန်းတပ်က ပြောပါတယ်။ ယူကရိန်းအရှေ့ခြမ်းမှာ အခုလို နယ်မြေတချို့ ပြန်သိမ်းယူနိုင်တဲ့တပ်ဖွဲ့တွေကို ယူကရိန်းသမ္မတ ချီးမွမ်းစကားပြောပါတယ်။ Bakhmut ဒေသက ယူကရိန်းပိုင်နက်တွေကို တဖြေးဖြေးချင်းသိမ်းယူနေတဲ့ စစ်သည်တွေကို အသိအမှတ်ပြုချီးကျူးစကား ယူကရိန်းသမ္မတ Zelenskyy က သူ့နေ့စဉ် ဗွီဒီယိုမိန်းခွန်းမှာ ပြောဆိုသွားတာပါ။

ယူကရိန်းတပ်ဖွဲ့တွေရဲ့ အရှေ့ခြမ်းတပ်ဖွဲ့ ပြောခွင့်ရသူ Ilya Yevlash က အခုလို သိမ်းယူမှုကို အတည်ပြုပြောဆိုခဲ့ပါတယ်။ Klischiivka ကို သိမ်းယူလိုက်နိုင်တာဟာ ယူကရိန်းတပ်ဖွဲ့တွေအတွက် အရေးကြီးတဲ့ နည်းဗျူဟာအောင်ပွဲတရပ်လည်းဖြစ်ပါတယ်။ အခု သိမ်းယူလိုက်တဲ့နေရာရဲ့အမြင့်ကနေ ရုရှားသိမ်းထားတဲ့ Bakhmut ကို လှမ်းမြင်ရပါတယ်။ ဒါကြောင့် ယူကရိန်းတပ်တွေဟာ Bakhmut မြို့ကို ဝိုင်းပတ်ထားနိုင်မယ့် အခွင့်အရေးသစ်ဖြစ်လာပါတယ်။

ဒါ့အပြင် ရုရှားတို့ရဲ့ ထောက်ပို့လိုင်းတွေကို ပိုပြီး မြင်သာလာမယ်လို့ ယူဆကြပါတယ်။ ယူကရိန်း ဒုတိယကာကွယ်ရေးဝန်ကြီး Hanna Maliar ကတော့ Klischiivka ကို သိမ်းယူလိုက်နိုင်ပေမယ့် ရန်သူဖက်က ဆုံးရှုံးသွားတဲ့ ဒီနေရာတွေကို ပြန်ရဖို့ ကြိုးစားနေတုန်းပါပဲ။ ဒါကြောင့် အခုအထိ တနေ့လုံးလိုလို ရန်သူနဲ့ နပန်းလုံးနေရတုန်းပဲလို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG